Connect with us

Europe

ကိဗ်မြို့သည် ယူကရိန်းထိန်းချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းအရာရှိပြော

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ကျင်းပသော စစ်ရေးပြ အခမ်းအနားမြင်ကွင်းကို ၂၀၀၉ ခုနှစ် မတ် ၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ကိဗ်မြို့အနီးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း ရုရှားတပ်ဖွဲ့ဝင်များက မြို့တွင်းသို့ဝင်ရောက်နိုင်ခြင်းမရှိကြောင်း၊ ကိဗ်မြို့သည် ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း Podolyak က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်က အမြန်ဆုံး သိမ်းပိုက်လိုသော နယ်မြေနောက်တစ်ခုမှာ ယူကရိန်းတောင်ပိုင်းဖြစ်ကြောင်းနှင့် Kherson၊ ပင်လယ်နက်ဆိပ်ကမ်းမြို့ Nikolayev၊ Odessa နှင့် Mariupol ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ယူကရိန်းစစ်တပ်က အစွမ်းကုန် ခုခံခဲ့ကြပြီး ရုရှားစစ်တပ်များအနေဖြင့် ယင်းဒေသများကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှား၏ပင်မတပ်ဖွဲ့ဝင်များသည် ကိဗ်မြို့သို့ဝင်ရောက်ခြင်းမရှိကြောင်းနှင့်အချို့သော“အဖျက်သမားအဖွဲ့”များသာ လုံခြုံရေး ပျက်ပြားအောင်ပြုလုပ်နေကြောင်းကိဗ်မြို့တော်ဝန် Vitali Klitschko ကပြောကြားခဲ့သည်။Klitschko ကဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ညမတွက်ရ အမိန့်ထုတ်ပြန်ထားပြီး ယခင်က ၂၂း၀၀ နာရီမှ နောက်တစ်နေ့ ၇း၀၀ နာရီ ထိ သတ်မှတ်ချက်ကို ၁၇း၀၀ နာရီ မှ နောက်တစ်နေ့ ၈း၀၀ အထိတိုးမြှင့်ထားကြောင်း ကြေညာခဲ့သည်။

ကိဗ်မြို့ အရာရှိများက လမ်းပေါ်ထွက် တိုက်ပွဲများဖြစ်ပွားနေပြီး ဓာတ်အားပေးစက်ရုံအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများကို သတိပေးထားသည်။ မြို့ပေါ်အနောက်ဘက်ရှိ စစ်စခန်းတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှားစစ်တပ်၏ အဓိကတပ်ဖွဲ့သည် ကိဗ်မြို့ကီလိုမီတာ ၃၀ အကွာတွင် ရှိကြောင်း ဗြိတိန်ထောက်လှမ်းရေးသတင်းအရ ဗြိတိန်လက်ထောက်ကာကွယ်ရေးဝန်ကြီးJames Heappey က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားအထူးတပ်ဖွဲ့နှင့် လေကြောင်းတိုက်ခိုက်မှုတပ်သား အနည်းစုက ကိဗ်သို့ ရောက်ရှိပြီး တင့်ကားများနှင့် သံချပ်ကာယာဉ်တန်းများသည် ကိဗ်နှင့် အကွာအဝေး အနည်းငယ် ရှိသေးကြောင်း Heappey က တွစ်တာတွင် ရေးသားခဲ့သည်။

ရုရှားစစ်တပ်သည် ယူကရိန်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်းနှင့် ရုရှားစစ်တပ်၏ ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း Heappey က ဆိုသည်။

ရုရှားစစ်တပ်သည် အရှေ့ဘက်နှင့် မြောက်ဘက်မှ ကိဗ်မြို့သို့ ချဉ်းကပ်နေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။ ရုရှား၏ ရှေ့ပြေးတပ်များက အဓိကတပ်မကြီးအတွက် လမ်းကြောင်းရှင်းပေးရန် ကိဗ်မြို့အနီးတွင် တိုက်ခိုက်လျက်ရှိကြောင်း AP က သတင်းဖော်ပြထားသည်။

ရုရှား လေကြောင်းတိုက်ခိုက်ရေးတပ်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကိဗ်မြို့တောင်ပိုင်း ၄၀ ကီလိုမီတာအကွာရှိ စစ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ပြီး အခြေစိုက်စခန်းကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ရာ ယူကရိန်းစစ်တပ်က ၎င်းတို့အား ခုခံနိုင်ခဲ့ကြောင်း ယူကရိန်းအရာရှိက ဆိုသည်။ ယင်းတိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း သို့သော် ရုရှား၊ယူကရိန်း နှစ်ဖက်စလုံးမှ အချက်အလက်တစ်စုံတစ်ရာ ဖော်ထုတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ရုရှားစစ်တပ်တွင် စစ်သည်ထောင်ပေါင်းများစွာ ကျဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိက ဆိုသည်။ ယူကရိန်းတွင် လူ ၁၉၈ ဦးသေဆုံးပြီး ၁,၁၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီး Viktor Lyashko က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်သည် လေဆိပ် ၁၄ အပါအဝင် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၈၂၁ ခုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ၎င်းက နှစ်ဖက်ထိခိုက်ကျဆုံးမှုများကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

ရုရှား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းက ကိဗ်မြို့ တောင်ဘက် ၈၅ ကီလိုမီတာ အကွာတွင် ပစ်ချခံခဲ့ရကြောင်း အမည်မဖော်လိုသူ အမေရိကန် တာဝန်ရှိတစ်ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ကိဗ်မြို့တောင်ဘက် ကီလိုမီတာ ၄၀ အကွာတွင် လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ရုရှားသယ်ယူပို့ဆောင်ရေး လေယာဉ်ကို ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကိဗ်မြို့၌ ရုပ်သံဖိုင်ရိုက်ကူးပြသကာ လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး ၎င်းအနေဖြင့် ကိဗ်မြို့မှ ထွက်ပြေးသွားသည်ဟူသော ကောလာဟလများကိုဖြေရှင်းခဲ့သည်။အမေရိကန်အစိုးရက ဇယ်လန်းစကီးကို ယူကရိန်းမှ ထွက်ခွာရန် ကူညီမည့် ဆန္ဒရှိကြောင်း သို့သော် ၎င်းကငြင်းဆိုခဲ့ပြီး “ဒီမှာ တိုက်ပွဲဖြစ်နေပါတယ်၊ ကျွန်တော်တို့လိုအပ်တာက လက်နက်တွေပါ၊ ထွက်ခွာဖို့လေယာဉ်မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အရာရှိတစ်ဦးက ဆိုသည်။

ရုရှားစစ်တပ်သည် အခြားစစ်ရေးကဏ္ဍတွင်လည်း တိုးတက်မှုရှိခဲ့သည်။ ရုရှားက ယူကရိန်းအရှေ့တောင်ပိုင်း မြို့တော် Melitopol မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အကယ်၍ ယင်းသတင်းမှန်ကန်ပါက Melitopol သည် ရုရှားစစ်တပ်က သိမ်းပိုက်ခဲ့သော ပထမဆုံးမြို့ဖြစ်သည်။

ရုရှားစစ်သည် ရဟတ်ယာဉ် ၃ စင်းဖြင့် Lviv ပြည်နယ် သို့ဝင်ရောက်ရှိခဲ့ပြီး ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့ တပ်ဆုတ်ခဲ့ကြောင်း မီဒီယာများက သတင်းဖော်ပြထားသည်။ ဤဖော်ပြချက်မှန်ကန်ပါက ရုရှားသည် မြောက်ဘက်၊ အရှေ့ဘက်နှင့်တောင်ဘက် သို့ပြိုင်တူဝင်ရောက် နေသည်သာမက အနောက်ဘက်တွင်လည်း စစ်မျက်နှာသစ်ဖွင့်ထားခြင်း ဖြစ်သည်။

သို့သော် ယူကရိန်း အမျိုးသား လုံခြုံရေး အေဂျင်စီက သက်ဆိုင်ရာ အစီရင်ခံစာများ မမှန်ကန်ကြောင်း၊ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ရဟတ်ယာဉ် ဗီဒီယိုဖိုင်များက ကင်းလှည့်နေသည့် ယူကရိန်းတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

……………………………………
(Chinese Version)

乌官员:基辅仍在乌军控制下
图片轮播
新华社北京2月27日电 俄罗斯军队在乌克兰的军事行动26日进入第三天,乌首都基辅的局势最受关注。乌克兰总统办公室顾问米哈伊洛•波多利亚克当天说,少数俄军试图进入基辅,但基辅市区和郊区目前仍然在乌军控制下。

波多利亚克说,少数俄军正在基辅附近与乌军战斗,俄军没有破城,基辅还在乌军控制下。

他说,俄军想要尽快攻克的另一个地区是乌克兰南部,赫尔松、黑海港口城市尼古拉耶夫、敖德萨和马里乌波尔的战事激烈,乌军正在奋力抵抗,俄军没有占领。

基辅市长维塔利•克利奇科说,俄军主要部队没有进入基辅市内,只有一些“破坏团伙”在捣乱。克利奇科26日晚些时候宣布延长宵禁时间,把起止时间从晚10时至早7时改为晚5时至早8时。

基辅官员警告居民,市内正在巷战,一座发电厂附近发生爆炸。乌军说,市中心西部一座军营爆发战斗。

英国武装部队国务大臣詹姆斯•希佩26日称,据英方掌握的情报,俄军的主力部队目前距离基辅市中心30公里。希佩在社交媒体推特上说,俄军少数特种部队和空降兵进入基辅,坦克和装甲车队离基辅还有一段距离。

希佩称,俄军并未完全掌控乌克兰的制空权,俄军伤亡恐怕不小。

乌总统弗拉基米尔•泽连斯基25日晚说,俄军正从东面和北面逼近基辅。据美联社报道,俄军的先遣部队正在基辅周边作战,试图为大部队开道。

乌官员说,俄军空降兵25日晚降落到基辅以南40公里的一座空军基地,试图夺取基地,但被乌军击退。这场战斗造成惨重伤亡,俄乌双方均未公开数字。

乌官员称,24日以来,俄军共损失上千人。乌卫生部长维克托•利亚什科说,乌方198人死亡、1115人受伤。

俄国防部发言人伊戈尔•科纳申科夫26日说,俄军已经摧毁821个乌军目标,包括14座机场。但他未公布双方伤亡情况。

不愿公开姓名的美国官员告诉美联社,俄军一架运输机在基辅以南85公里处被击落。乌军25日称,在基辅以南40公里处击落另一架运送空降兵的俄军运输机。

泽连斯基26日在最新发布的一段视频中现身基辅街头,驳斥他已经逃离乌克兰的传言。一名美国情报官员透露,美国政府愿意帮助泽连斯基离开基辅,但他没有接受。这名官员称,泽连斯基的原话是:“这里在打仗,我需要的是军火,而不是搭乘(飞机离开)”。

俄军在其他战线也有进展。俄国防部26日发布消息说,俄军已经完全控制乌克兰东南部城市梅利托波尔。按照路透社说法,如果这一消息属实,梅利托波尔将成为俄军攻占的首个主要城市。

媒体先前报道,俄军从空中进入乌西部城市利沃夫。当地官员称,俄军3架直升机降落到利沃夫,后被乌军击退。如果这一报道属实,意味着俄军不仅在北线、东线和南线多头并进,还在西线开辟新战线。

不过,乌国家安全局随后否认相关报道,称社交媒体上流传的直升机视频是乌军在当地执行侦察巡逻任务。(王宏彬)

图说 – 2009年5月9日,在俄罗斯首都莫斯科举行的阅兵式上,俄罗斯空军飞机编队飞过红场上空。新华社记者赵嘉麟摄