Connect with us

Europe

ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ပူတင် အမိန့်ပေး

ရုရှားသမ္မတ ပူတင် ရုပ်သံမိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၁ ရက် ဖန်သားပြင်မှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။“အဓိက နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ အဆင့်မြင့်အရာရှိတွေ ကျွန်ုပ်တို့နိုင်ငံကို ကျူးကျော်လိုတဲ့ပြောကြားမှုတွေကြောင့် ရုရှားစစ်တပ်ရှိဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားဖို့ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်ကို အမိန့်ပေးတာ ဖြစ်တယ်”ဟု ပူတင်က ယင်းနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၊ စစ်ဦးစီးချုပ် Valery Gerasimov တို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပူတင်က “အနောက်နိုင်ငံတွေဟာ စီးပွားရေးကဏ္ဍမှာ ရုရှားကို ချစ်ကြည်ရင်းနှီးမှုမရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်ခဲ့တယ် ၊ ကျွန်တော်ဆိုလိုတာက တရားမဝင် ပိတ်ဆို့မှုတွေဆိုတာ လူတိုင်းက ဒါကို ကောင်းကောင်း သိထားတယ်”ဟု အလေးထား ပြောကြားခဲ့သည်။

ရုရှား၏ မဟာဗျူဟာ ဟန့်တားရေးအင်အားရည်ရွယ်ချက်မှာ ရုရှားနှင့်၎င်း၏မဟာမိတ်များအပေါ် ပြင်ပမှ ကျူးကျော်လာမှုကို ဟန့်တားရန်ဖြစ်ပြီး စစ်ပွဲ၌ အသုံးပြုသည့်လက်နက်များတွင် နျူကလီးယားလက်အနက်အပါအဝင် ကျူးကျော်သူအား ဖြိုခွင်းနိုင်သည့် လက်နက်မျိုးစုံပါဝင်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြထားသည်။ (Xinhua)

—————————-
(Chinese Version)
(乌克兰局势)普京命令将俄军威慑力量调至特殊战备状态
2022-02-27 23:19:10 分类: 军事
新华社莫斯科2月27日电(记者耿鹏宇)据克里姆林宫网站消息,俄罗斯总统普京27日下令将俄军威慑力量调至特殊战备状态。
普京当天在会见俄国防部长绍伊古和俄军总参谋长格拉西莫夫时说:“由于主要北约国家的高级官员对我国发表侵略性言论,我命令国防部长和总参谋长将俄军的威慑力量调整至特殊战备状态。”
普京同时强调,西方国家在经济领域也对俄采取了不友好行动。“我的意思是非法制裁,每个人都清楚这一点。”
据塔斯社报道,俄战略威慑力量旨在遏制外界对俄联邦及其盟国的侵略,并在战争中使用包括核武器在内的各种武器击败侵略者。(完)
图说:这是2月21日在俄罗斯首都莫斯科拍摄的俄总统普京发表电视讲话的画面。(新华社记者白雪骐摄)