Connect with us

Europe

ရုရှားထံမှ ကျောက်မီးသွေး ဆတိုးတင်သွင်းရန် အိန္ဒိယ စီစဉ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြေအောက်ရထားစီးနေသူများအား ၂၀၂၁ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံက ရုရှာနိုင်ငံထံမှ မီးသင့်ကျောက်မီးသွေး(coking coal)တင်သွင်းမှုပမာဏကို တစ်ဆထပ်တိုး တင်သွင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယသံ ၊သံမဏိကဏ္ဍဝန်ကြီးဌာန ဝန်ကြီး Ramchandra Prasad Singh က မတ်၂၇ ရက်တွင် ပြောကြားခဲ့သည်။

Ramchandra Prasad Singh က မြို့တော်နယူးဒေလီရှိ အစည်းအဝေးတစ်ခုတွင် အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ဖော်ပြချက်များအရ သိရသည်။

အိန္ဒိယသည် ရုရှားကုန်စည်များ၏အဓိကဝယ်လက်ဖြစ်ရာ ယင်းတို့ထဲတွင် စစ်လက်နက်ပစ္စည်းများလည်း ပါဝင်သည်။ မီးသင့်ကျောက်မီးသွေးသည် သံ၊သံမဏိလုပ်ငန်း၏ အဓိက ကုန်ကြမ်းပစ္စည်းဖြစ်ပြီး ရုရုားသည် အိန္ဒိယလိုအပ်သည့် မီးသင့်ကျောက်မီးသွေးနှင့်လျှပ်စစ်ဓါတ်အားသုံး ကျောက်မီးသွေး တင်ပို့သည့် ဆဋ္ဌမမြောက်အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ယခုလတွင် ကြိုတင်မှာယူထားသော အိန္ဒိယဆိပ်ကမ်းအသီးသီးသို့ ပို့ဆောင်မည့် မီးသင့်ကျောက်မီးသွေးနှင့် လျှပ်စစ်ဓါတ်အားသုံး ကျောက်မီးသွေးပမာဏသည် အနည်းဆုံး တန်ချိန် ၁.၀၆ သန်း ရှိရာ ၎င်းမှာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ပြင်သစ်အတိုင်ပင်ခံကုမ္ပဏီ KEPLER၏ကိန်းဂဏန်းများကို ကိုးကား၍ ရိုက်တာက ဖော်ပြထားသည်။

အိန္ဒိယက ရုရှားမှ မီးသင့်ကျောက်မီးသွေး ထပ်တိုးတင်သွင်းခြင်းသည် အနောက်နိုင်ငံများ ယူကရိန်းအရေးအတွက် ရုရှားအား ယခင်မရှိခဲ့ဖူးသည့် ပိတ်ဆို့မှုများ ပြုလုပ်နေချိန်ဖြစ်သည်။ အိန္ဒိယအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယူကရိန်းအရေးဆုံးဖြတ်မှုများတွင် မဲမပေးဘဲနေခဲ့သည်။

မီးသင့်ကျောက်မီးသွေးအပြင် ရုရှားမှ ရေနံဆီနှင့်အခြားထုတ်ကုန်ပစ္စည်းများ ပိုမိုဝယ်ယူရန် အိန္ဒိယက စီစဉ်ထားကြောင်း သိရသည်။ အိန္ဒိယဘက်က ရုရှားထံမှ ဈေးနှုန်းသက်သာစွာဖြင့် ရေနံ၊ ဓါတ်မြေဩဇာစသည့် ထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို ကျေနပ်စွာလက်သင့်ခံကြောင်း၊ ပိတ်ဆို့မှုကန့်သတ်ချက်များကို ရှောင်ရှားနိုင်ရန် အိန္ဒိယရူပီနှင့်ရုရှားရူဘယ်တို့ဖြင့် ငွေပေးချေရန် စီစဉ်ထားကြောင်း အိန္ဒိယအရာရှိနှစ်ဦးက ယခုလ ၁၄ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………….
(Chinese Version)
印度拟加倍从俄罗斯进口焦煤
2022-03-28 10:23:33
新华社北京3月28日电 印度钢铁部长拉姆钱德拉·普拉萨德·辛格27日说,印度打算把从俄罗斯进口的焦煤数量增加一倍。
据路透社报道,辛格在首都新德里的一场会议上透露了上述消息。
印度是许多俄罗斯货品主要买家,包括武器装备。焦煤是钢铁产业重要原材料,俄罗斯是印度所需焦煤和发电用煤第六大供应国。路透社援引法国咨询企业克普勒公司数据报道,本月预定运抵印度各港口的焦煤和电煤数量为至少106万吨,将达2020年1月以来最高。
2021年6月7日,在印度新德里,乘客乘坐地铁。新华社发(帕塔·萨卡尔摄)
印度拟从俄罗斯增加焦煤进口正值西方阵营因乌克兰局势对俄罗斯施加空前制裁之时。印度多次在联合国安理会关于乌克兰局势的表决中投弃权票。
除了焦煤,印度还打算从俄罗斯购买更多石油和其他产品。两名印度官员本月14日告诉路透社,印方“很乐意”接受俄方以优惠价格提供的石油、化肥等产品,且打算用印度卢比和俄罗斯卢布结算以规避制裁。(惠晓霜)