Connect with us

Europe

ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း၊ ယူကရိန်း-ရုရှား တံခါးပိတ်စေ့စပ်ဆွေးနွေးမှု မတ် ၂၉ ရက်တွင် တူရကီ၌ ကျင်းပမည်ဟု ဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေရုံးချုပ်၌ မတ် ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ မတ် ၂၉ ရက်(ဆင်ဟွာ)

သက်ဆိုင်ရာဘက်ပေါင်းစုံက ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၂၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် တူရကီနိုင်ငံ အကြီးဆုံးမြို့ ဖြစ်သော အစ္စတန်ဘူလ်မြို့သို့ မတ် ၂၈ ရက်က ရောက်ရှိခဲ့ရာ နှစ်ဖက် တံခါးပိတ်စေ့စပ်ဆွေးနွေးမှုကို မတ် ၂၉ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။___ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့သလို လူပေါင်း ၁၀ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး အရေးကြီးသည့်အခြေခံအဆောက်အအုံများ စနစ်တကျဖျက်ဆီးခံရကြောင်း ၊ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာနှင့်စွမ်းအင်ဈေးနှုန်းတစ်ဟုန်တိုး မြင့်တက်ခဲ့ကြောင်း ဂူတာရက်စ်က နယူးယောက် ကုလသမဂ္ဂအထွေထွေရုံးချုပ်၌ မတ် ၂၈ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နိုင်ငံရေးစေ့စပ်ဆွေးနွေးခြင်း တိုးတက်မှုရှိပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါအခြေခံမူများကို အခြေပြုသော ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိအောင် ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်စဲရေး ချက်ချင်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths အား ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဖြစ်နိုင်ချေနှင့်သက်ဆိုင်ရာ အစီအစဉ်များကို သက်ဆိုင်ရာဘက်ပေါင်းစုံနှင့် ချက်ချင်းဆွေးနွေးအဖြေရှာရန်အတွက် ဂူတာရက်စ်က ညွှန်ကြားထားကြောင်း သိရသည်။

ရုရှားကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် လေယာဉ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အာဌာထူအယ်ခ်လေဆိပ်တွင် ဆင်းသက်လာသည်ကို မတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် မတ် ၂၈ ရက်တွင် အစ္စတန်ဘူလ်သို့ ရောက်ရှိလာခဲ့ပြီး Beşiktaşဒေသရှိ ဟိုတယ်နှစ်ခုတွင် အသီးသီး နေထိုင်ကြကြောင်းသိရသည်။ ယူကရိန်းနိုင်ငံပိုင်သတင်းအေဂျင်စီ Ukrinform၏ ဖော်ပြချက်များအရ ယူကရိန်း-ရုရှား နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မတ် ၂၉ ရက် ၁၀ နာရီ ၃၀ မိနစ်တွင် Dolmabahçe Palace၌ တံခါးပိတ် ဆွေးနွေးပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ လိုက်ပါသည့် မော်တော်ယာဉ်တန်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အာဌာထူအယ်ခ်လေဆိပ်မှ ထွက်ခွာသွားသည်ကို မတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ တူရကီနိုင်ငံသမ္မတ အာဒိုဂန်က ရုရှား-ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် မတ် ၂၉ ရက် ဆွေးနွေးမှုမစတင်မီ ၎င်းသည် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့နှင့် ခေတ္တတွေ့ဆုံသွားမည်ဖြစ်ကြောင်း မတ် ၂၈ ရက် အစိုးရအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တူရကီသည် ငြိမ်းချမ်းရေးအတွက် ကြီးမားစွာကြိုးပမ်းခဲ့ရာ ရုရှား-ယူကရိန်း နှစ်ဖက်၏ယုံကြည်မှုကို ရရှိခဲ့ကြောင်း ဆိုသည်။

___ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaက မတ် ၂၈ ရက်တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးMevlüt Çavuşoğluနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်း-ရုရှား ဆွေးနွေးမှုတွင် ယူကရိန်း၏ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အကျိုးဖြစ်စေမည် ရလဒ်ရရှိရန်အတွက် မျှော်လင့်ကြောင်း Dmytro Kulebaက ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

___ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၂၈ ရက်တွင် အဇာဘိုင်ဂျန် သမ္မတ Ilham Aliyevနှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ အဇာဘိုင်ဂျန်က ယူကရိန်းသို့ နွေဦးရာသီ စိုက်ပျိုးရေးတွင် အရေးပေါ်အသုံးပြုမည့် လောင်စာဆီ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဇယ်လန်စကီးက ဆက်သွယ်ဆွေးနွေးမှုအပြီး လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

___ ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ Rivneပြည်နယ်သို့ မတ် ၂၈ ရက်တွင် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ လောင်စာဆီသိုလှောင်ရုံတစ်ခု ထိမှန်ခဲ့ကြောင်း ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Vitaliy Kovalက အချင်းဖြစ်ပွားသည့်နေ့ ၌ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

___ ရုရှားစစ်တပ်က မတ် ၂၈ ရက်တွင် ပင်လယ်ပြင်အခြေစိုက် “Caliber” ပစ်မှတ်တိကျမှုမြင့်မားသည့် ခရုဇ်ဒုံးကျည်များဖြင့် Zhytomyrပြည်နယ် လူနေထိုင်ရာနေရာနှစ်ခု၌ ထားရှိသည့် အကြီးစား လက်နက်ခဲယမ်းသိုလှောင်စခန်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားဘက်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်း တိုက်လေယာဉ် ၁၂၃ စီး၊ ရဟတ်ယာဉ် ၇၄ စီး၊ မောင်းသူမဲ့လေယာည် ၃၀၉ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၁,၇၂၁ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၁၇၂ လက်၊ အမြောက်နှင့်စိန်ပြောင်း ၇၂၁ လက်၊ စစ်ဘက်သုံးအထူးယာဉ် ၁,၅၆၈ စီး ရှိကြောင်း ဆိုသည်။

___ မတ် ၂၈ ရက်တွင် ကိဗ်၊ ချာနီးကော့ဖ်၊ ဆူးမီ၊ ခါကိဗ်နှင့်မရီဥပိုလ်သို့ ဦးတည်သည့် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ရုရှားဘက်ဆက်လက်ဖွင့်လှစ်ပေးထားကြောင်း ရုရှား အမျိုးသားကာကွယ်ရေး ကွပ်ကဲမှုဗဟိုဌာန အကြီးအကဲ Mizintsevက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ပင်လယ်နက်၊ အဇော့ပင်လယ်နှင့် မြေထဲပင်လယ် ရေပြင်တွင် အရပ်ဘက်သုံးရေယာဉ်သွားလာမှုကို အာမခံနိုင်ရန်အတွက် ရုရှားဘက်က ဘက်စုံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။ မတ် ၂ ရက်မှစပြီး ရုရှားမှ ယူကရိန်းသို့ ပို့ဆောင်ပေးသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းမှာ ၅,၇၀၈ တန် ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု ၆၇၆ ကြိမ် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ အထူးစစ်ဆင်ရေးလှုပ်ရှားပြီးနောက်ပိုင်း လူပေါင်း ၄၆၉,၆၈၃ ဦးကို အန္တရာယ်များဒေသများမှ ရုရှားသို့ ရွှေ့ပြောင်းပေးခဲ့ရာ ၎င်းတို့တွင် ကလေးသူငယ် ၉၇,၃၄၅ ဦး ပါဝင်ကြောင်း ဆိုသည်။ (Xinhua)

——————————-
(Chinese Version)

(乌克兰局势)最新动态:联合国秘书长呼吁在乌克兰立即实施人道主义停火 乌俄双方29日将在土耳其举行闭门谈判

2022-03-29 07:34:46
新华社纽约3月28日电综合新华社驻外记者报道:联合国秘书长古特雷斯28日呼吁有关方在乌克兰立即实施人道主义停火。俄罗斯和乌克兰代表团28日抵达土耳其最大城市伊斯坦布尔,双方29日将在该地举行闭门谈判。

——古特雷斯28日在纽约联合国总部举行的记者会上说,俄乌冲突已导致数千人死亡,1000万人流离失所,关键基础设施遭到系统性破坏,全球范围粮食和能源价格飙升。他呼吁在乌克兰立即实施人道主义停火,以便政治谈判取得进展,达成基于《联合国宪章》原则的和平协议。他已要求联合国负责人道主义事务的副秘书长格里菲思立即与有关方探讨在乌克兰达成人道主义停火协议的可能性和相关安排。
——俄罗斯和乌克兰代表团28日先后抵达伊斯坦布尔,分别入住贝希克塔什区的两家酒店。据乌克兰国家通讯社报道,乌俄双方代表团将于当地时间29日10时30分在多尔玛巴赫切宫以闭门形式举行新一轮谈判。

——土耳其总统埃尔多安28日在内阁会议后的记者会上说,俄乌代表团29日在开始谈判前,他将与双方代表团“简短会面”。土耳其为和平作出巨大努力,并受到俄乌双方信任。

——乌克兰外长库列巴28日在社交媒体上说,他当天与土耳其外长恰武什奥卢通电话,希望新一轮乌俄谈判能促成有利于乌克兰和平与安全的成果。

——泽连斯基28日与阿塞拜疆总统阿利耶夫通电话。泽连斯基随后在社交媒体上发文,感谢阿塞拜疆向乌克兰提供春季耕种急需的燃油。

——乌克兰罗夫诺州州长科瓦利28日在社交媒体上说,俄军当天向罗夫诺州发射一枚导弹,一座油库被击中。
——俄罗斯国防部发言人科纳申科夫28日说,俄军当天使用数枚“口径”高精度海基巡航导弹摧毁乌军位于日托米尔州两处居民点的大型武器弹药库。自俄方开展特别军事行动以来,俄军已摧毁乌方123架战机和74架直升机、309架无人机、1721辆坦克和其他装甲车辆、172台多管火箭炮、721门野战火炮和迫击炮、1568辆特种军用车辆。

——俄罗斯国家防御指挥中心负责人米津采夫28日说,俄方当天继续开放基辅、切尔尼戈夫、苏梅、哈尔科夫和马里乌波尔方向的人道主义通道。俄方正采取全面措施确保黑海、亚速海和地中海水域的民用航行。自3月2日以来,俄已向乌克兰运送5708吨人道主义物资,开展676次人道主义行动。自俄方开展特别军事行动以来,已有469683人从危险地区撤到俄罗斯,其中包括97345名儿童。(参与记者:尚绪谦、耿鹏宇、熊思浩、王峰、李东旭、李铭)(完)

图说1:3月28日,在位于纽约的联合国总部,联合国秘书长古特雷斯在记者见面会上讲话。新华社记者 谢锷 摄
图说2:3月28日,载有俄罗斯代表团的飞机在土耳其伊斯坦布尔阿塔图尔克机场降落。新华社发
图说3:3月28日,载有俄罗斯代表团的车队驶出土耳其伊斯坦布尔阿塔图尔克机场。新华社发