Connect with us

Europe

ရုရှား-ယူကရိန်းပဋိပက္ခက အမေရိကန်လက်နက်ရောင်းဝယ်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်ဟုဆို

ယူကရိန်း အနောက်ပိုင်း Lviv Oblast ပြည်နယ်၌ ကျင်းပသော “Rapid Trident 2021” အမည်ရှိ နိုင်ငံပေါင်းစုံ ပူးတွဲတပ်ဖွဲ့စစ်ရေးလေ့ကျင့်မှုတွင် ယူကရိန်းတပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်နေသည်ကို၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရုရှားက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးစတင်ပြီးနောက် အမေရိကန်စသော အနောက်နိုင်ငံများသည် ယူကရိန်းအပေါ် လက်နက်မျိုးစုံ ထောက်ပံ့ပေးခဲ့သည်။ အမေရိကန် လက်နက်ရောင်းဝယ်သူများ၏ လက်တလော ဘဏ္ဍာရေး အစီရင်ခံစာတွင် ယင်းအကျိုးအမြတ်များရရှိမှု အခြေအနေ သိသိသာသာ ပေါ်လွင်ခြင်းမရှိသော်လည်း ရေရှည်တွင် နိုင်ငံ့ကာကွယ်ရေးအင်အား တိုးမြှင့်လိုသော နိုင်ငံများထံမှ အမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းမီဒီယာများက ဝေဖန်သုံးသပ်ကြသည်။

အမေရိကန်သည် ယူကရိန်းအား ထောက်ပံ့သည့် “Stinger” ပခုံးထမ်းမြေပြင်မှဝေဟင်ပစ်ဒုံးကျည်၊ Javelin တင့်ဖျက်ဒုံးကျည်များသည် အမေရိကန် Lockheed Martin Corp နှင့် Raytheon Technologies Corp တို့မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ယခင်ကတည်းကငွေပေးချေပြီးဖြစ်သောကြောင့် ယင်းစစ်ဘက်ဆိုင်ရာကုမ္ပဏီနှစ်ခု၏ ပထမရာသီ ဘဏ္ဍာရေး အစီရင်ခံစာ၌ ကိန်းကဏန်းသည် သိသိသာသာ တိုးမြင့်မှုရှိမည်မဟုတ်ကြောင်း AFP သတင်းဌာနက ဧပြီ ၃ ရက်တွင် ဖော်ပြထားသည်။

“နောက်နှစ်မှာ အရှေ့ဥရောပကို Stingers ၁,၀၀၀ လက် နဲ့ Javelins ၁,၀၀၀ လက်လောက် လတိုင်းပေးပို့ပါက အဲဒီကုမ္ပဏီ ၂ ခုဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကနေ ၂ ဘီလီယံအထိ စားရင်ဝင်နိုင်ပါလိမ့်မယ်” ဟု အမေရိကန်ငွေကြေးဆိုင်ရာ သုတေသနနှင့် သုံးသပ်မှု ကော်ပိုရေးရှင်းမှ သုံးသပ်သူ Colin Scarola က ပြောကြားခဲ့သည်။

ယူကရိန်းသို့ လက်နက်များ ရောင်းချမှုကြောင့် အမေရိကန်တွင် လက်နက်များဖြည့်တင်းရန်လိုအပ်လာပြီး ၎င်းက လက်နက်ရောင်းချသူများအတွက် စီးပွားရေးအခွင့်အလမ်းဖြစ်လာခဲ့သည်။ ပင်တဂွန်သည် မတ်လလယ်တွင် အတည်ပြုခဲ့သည့် ရန်ပုံငွေ ၃.၅ ဘီလီယံကို လက်နက်ဖြည့်တင်းမှုတွင် အသုံးပြုရန်စီစဉ်ထားကြောင်းနှင့် “အမေရိကန်နဲ့ မဟာမိတ်၊ မိတ်ဖက်နိုင်ငံတွေရဲ့ လက်နက်တိုက်ကို အမြန်ဆုံးဖြည့်တင်းနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေပါတယ်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

အမေရိကန် Morningstar မှ သုံးသပ်သူ Burket Huey က ရုရှား-ယူကရိန်း ပဋိပက္ခသည် “လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း မရှိဖူးတဲ့ ပထဝီဝင်နိုင်ငံရေးကို ပြန်လည်အသက်သွင်းနေတယ်” ဟုပြောကြားခဲ့ပြီး “လူတွေက ကမ္ဘာကြီး ပိုပြီးမလုံခြုံတာကို သိလာကြပြီး ကာကွယ်ရေးထုတ်ကုန်တွေကို တိုးမြှင့်ရင်းနှီးမြှုပ်နှံလာကြတယ်၊ အဲဒါက (ကာကွယ်ရေး) ကန်ထရိုက်တာတွေအတွက် အကျိုးအမြတ်ဖြစ်စေတယ်”ဟု ပြောကြားခဲ့သည်။

အနောက်တိုင်းနိုင်ငံများက စစ်ရေးအသုံးစရိတ်လျှော့ချရန် “စိတ်ဝင်စားမှု သိသိသာသာ လျော့နည်းသွား”ကြောင်း အမေရိကန် မက်ဆာချူးဆက်နည်းပညာသိပ္ပံ (Massachusetts Institute of Technology) နိုင်ငံတကာသုတေသနစင်တာမှ သုတေသီ Eric Hegginbotham က ပြောကြားခဲ့သည်။

နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုမြင့်မားနေသော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၂၀၂၃ ဘဏ္ဍာနှစ် ကာကွယ်ရေးအသုံးစရိတ်သည် ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းတိုးမြင့်ရန် အဆိုပြုထားသည်။

ဂျာမနီအစိုးရသည်နိုင်ငံတော်ကာကွယ်ရေးစရိတ်အပေါ် ရေရှည်သတိအနေအထားတွင်ရှိသော်လည်း ဖေဖော်ဝါရီလကုန်တွင် ကာကွယ်ရေးအင်အားမြှင့်တင်ရန် အထူးရန်ပုံငွေ ယူရို ၁၀၀ ဘီလီယံ ရှိ ဖောင်ဒေးရှင်းထူထောင်ရန် ကြေညာခဲ့ပြီး မတ်လလယ်တွင် Lockheed MartinမှF-35ကိုယ်ပျောက်တိုက်လေယာဉ်၃၅စင်းဝယ်ယူရန်စီစဉ်ထားကြောင်းထုတ်ပြန်ခဲ့သည်။

ဥရောပစစ်တပ်၏ “F-35တပ်ဆင်ခြင်း”သည် အမေရိကန် လက်နက်ရောင်းဝယ်သူများအတွက် စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်းအမေရိကန်ပြည်ထောင်စုရှိCato Instituteမှကာကွယ်ရေးမူဝါဒကျွမ်းကျင်သူ Eric Gomez ကပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
俄乌冲突将长期利好美国军火商

新华社北京4月4日电 俄罗斯对乌克兰发起特别军事行动后,美国等西方国家向乌克兰提供多种武器。媒体分析,美国军火商近期财报虽然不会明显体现其从中所获的收益,长远看,却可以从意欲加强防务的国家那里“大捞一笔”。
据法新社3日报道,美国向乌克兰提供的“毒刺”肩扛式地对空导弹和“标枪”反坦克导弹产自美国洛克希德-马丁公司和雷神技术公司,费用早已支付。因此,两家军工企业定于几周内公布的第一季度财报数字不会显著攀升。
美国金融研究与分析公司分析师科林•斯卡罗拉说:“假使明年每月向东欧输送1000枚‘毒刺’和1000枚‘标枪’……两家制造商可能进账10亿至20亿美元。”
由于武器流向乌克兰,美军武器库需要补足,可能为军火商带来商机。美国国防部一名发言人说,五角大楼打算把3月中旬获批的35亿美元拨款用于这一目的,“我们正在探索方法,更快地补充美国以及盟友与伙伴的(武器)库存”。
美国晨星公司分析师伯克特•休伊说,俄乌冲突“以过去30年未见的方式重塑地缘政治秩序”,“人们开始意识到世界变得不安全得多,有必要增加对防务产品的投资,这将利好(防务)承包商”。
美国麻省理工学院国际研究中心研究员埃里克•赫金博瑟姆说,西方国家对削减军费“兴趣大减”。
尽管美国国内通胀高企,总统约瑟夫•拜登先前却提议,2023财年国防预算较上一年增加4%。
德国政府长期以来对国防开支持谨慎态度,但2月底宣布设立1000亿欧元专项资金用于提升防务能力,3月中旬宣布打算从洛克希德-马丁购买35架F-35隐形战机。
美国凯托学会防务政策专家埃里克•戈麦斯说,欧洲军队“F-35化”对美国军火商而言是一桩好生意。(陈丹)
图说- 2020年9月17日,乌克兰士兵参加在乌克兰西部利沃夫州举行的代号为“快速三叉戟-2020”的多国联合军事演习。新华社发