Connect with us

Politics, Law & Military

တရုတ်နိုင်ငံသားများက အခက်အခဲနှင့် အတားအဆီးမှန်တမျှ ကျော်လွှားနိုင်သောရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် ခွန်အားရှိကြောင်း လီခဲ့ချန်က အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ထောက်ပြ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၊ ပဉ္စမအကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ လီခဲ့ချန်က အစိုးရလုပ်ငန်းအစီရင်ခံစာအား ဖတ်ကြားတင်ပြနေသည်ကို မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရင်း ရှေ့သို့ဆက်လက်တိုးတက်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံသားများသည် အခက်အခဲနှင့် အတားအဆီးမှန်သမျှ ကျော်လွှားနိုင်သောရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် ခွန်အားရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်း အစီရင်ခံစာတင်ပြရာ၌ ထောက်ပြခဲ့သည်။မိမိတို့သည် သမ္မတရှီကျင့်ဖိန်အား ဗဟိုပြုသည့် ပါတီဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ပိုမိုစည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း၊ တရုတ်သွင်ပြင်လက္ခဏာများဖြင့် ခေတ်သစ်ဆိုရှယ်လစ်ဝါဒ အောင်လံတံခွန်ကို မြင့်မြင့်ကိုင်စွဲကာ သမ္မတရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်နိုင်ငံ၏ တစ်မူထူးခြားလှသော ဆိုရှယ်လစ်ဝါဒ အတွေးအမြင် လမ်းပြမှုကို ခိုင်မာစွာလိုက်နာ၍ အခက်အခဲမျိုးစုံကိုကျော်ဖြတ်ပြီး တစ်နှစ်တာ ရည်မှန်းချက်လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ကြိုဆိုနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဒီမိုကရေစီယဉ်ကျေးမှုပြည့်ဝပြီး သာယာပျော်ရွှင်ဖွယ်ကောင်း၍ လှပသည့် ဆိုရှယ်လစ်ဝါဒ ခေတ်မီအင်အားကြီးနိုင်ငံနှင့် တရုတ်အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး မဟာရည်မှန်းချက်တို့အတွက် အင်တိုက်အားတိုက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(Chinese Version)

(两会·要闻)李克强在政府工作报告中指出,中国人民有战胜任何艰难险阻的勇气、智慧和力量
2022-03-05 10:02:54 分类: 政治法律
新华社北京3月5日电国务院总理李克强5日在政府工作报告中指出,中国的发展从来都是在应对挑战中前进的,中国人民有战胜任何艰难险阻的勇气、智慧和力量。我们要更加紧密地团结在以习近平同志为核心的党中央周围,高举中国特色社会主义伟大旗帜,以习近平新时代中国特色社会主义思想为指导,攻坚克难,砥砺奋进,努力完成全年目标任务,以实际行动迎接党的二十大胜利召开,为把我国建设成为富强民主文明和谐美丽的社会主义现代化强国、实现中华民族伟大复兴的中国梦不懈奋斗!(完)
图说- 3月5日,第十三届全国人民代表大会第五次会议在北京人民大会堂开幕。国务院总理李克强作政府工作报告。 新华社记者 姚大伟 摄