Connect with us

Eastern Europe

ဂျာမနီနှင့် ပြင်သစ်တို့က ရုရှားသံတမန်များကို နှင်ထုတ်ရန် ဆုံးဖြတ်၊ ရုရှားက တန်ပြန်လုပ်ဆောင်သွားမည်ဟုပြော

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့က ဒီဇင်ဘာ ၁၀ ရက်တွင် ပါရီမြို့ရှိ သမ္မတအိမ်တော် အယ်လီဇေးနန်းတော်၌တွေ့ဆုံစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဂျာမနီနှင့်ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဧပြီ၄ရက်တွင်ရုရှားသံတမန်များကိုနှင်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကယင်းနှင့်ပတ်သက်၍တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထိုနေ့တွင်ပြောကြားခဲ့သည်။ဂျာမနီဆိုင်ရာရုရှားသံရုံးမှသံတမန်အများအပြားအား“မကြိုဆိုထိုက်သူများ”အဖြစ်စာရင်းသွင်းထားပြီး၎င်းတို့အား သတိပေးအကြောင်းကြားထားကြောင်း ဂျာမနီနိုင်ငံက ယင်းနေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။ ဂျာမနီသည် ရုရှားအပေါ် လက်ရှိချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များကို ပိုမိုထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဂျာမန်မီဒီယာများ၏ ဖော်ပြချက်အရ ဂျာမန်ဘက်မှ ကြေညာထားသည့် “မကြိုဆိုထိုက်သည့်”ရုရှားသံတမန် အယောက် ၄၀ ရှိပြီး ၎င်းတို့အား ငါးရက်အတွင်း နိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုထားကြောင်း သိရသည်။

ဂျာမနီသည်ရုရှားသံတမန် ၄၀အား“မကြိုဆိုထိုက်သူများ”အဖြစ်သတ်မှတ်ခဲ့ကြောင်း ဂျာမနီဆိုင်ရာ ရုရှားသံရုံးကဧပြီ၄ရက်တွင်အတည်ပြုထုတ်ပြန်ခဲ့သည်။ရုရှားသံတမန်များအားအကြောင်းပြချက်မရှိဘဲလျှော့ချလိုက်ခြင်းကရုရှားနှင့်ဂျာမနီအကြားတွေ့ဆုံဆွေးနွေးမှုအခွင့်အလမ်းများ လျော့နည်းစေကာနှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံသည် ပြင်သစ်လုံခြုံရေး အကျိုးစီးပွားကို ချိုးဖောက်သည့် လှုပ်ရှားမှုများ လုပ်ဆောင်နေသော ရုရှားသံတမန်အချို့ကို နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ ပြင်သစ်သည် ရုရှားသံတမန် ၃၅ ဦးကို နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဂျာမနီနှင့် ပြင်သစ်၏ အထက်ပါ ဆုံးဖြတ်ချက်များအပေါ် ရုရှားက တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ရုရှားမီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများက ရုရှားသံတမန်များအား နှင်ထုတ်ခြင်းအပေါ် ရုရှားက တန်ပြန်ဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Dmitry Medvedev က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ရုရှားသံတမန်များအား နှင်ထုတ်ခြင်းသည် ရုရှားအပေါ်ဆက်လက်ဖိအားပေးနေသည့် လက္ခဏာဖြစ်ပြီး “ဘာကိုမှ ပြောင်းလဲသွားနိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းကအလေးထားပြောကြားခဲ့သည်။ (Xinhua)

—————————-

(Chinese Version)

(乌克兰局势)德国和法国决定驱逐俄外交人员 俄方表示将做出回应

新华社纽约4月4日电德国和法国外交部4日分别决定驱逐俄罗斯外交人员。俄外交部同日表示,俄方将做出回应。

德国外长贝尔伯克4日发表声明说,德方当天宣布俄驻德使馆“大量”外交人员为“不受欢迎的人”,并已通报俄驻德大使。贝尔伯克说,德国将进一步收紧现有对俄制裁措施,加大对乌克兰武装部队的支持力度。据德国媒体报道,德方宣布40名俄外交人员为“不受欢迎的人”,并要求他们5天内离境。

俄罗斯驻德国大使馆4日发表声明,证实德方宣布40名俄外交人员为“不受欢迎的人”。声明说,俄方外交人员被无故减少,此举正在缩小俄德之间对话的空间,进一步恶化两国关系。
法国外交部4日发表声明说,法方决定驱逐一些俄罗斯外交人员,这些人员的活动“违反了法国安全利益”。据法国媒体报道,法方决定驱逐35名俄外交人员。

俄罗斯外交部发言人扎哈罗娃当天在接受俄罗斯媒体采访时说,俄方将对德国和法国的上述决定做出回应。俄联邦安全会议副主席梅德韦杰夫在社交媒体上发文称,俄罗斯将对等回应系列欧洲国家对俄外交人员的驱逐。他强调说,驱逐俄外交人员的行为是持续对俄施压的表现,“什么也改变不了”。(参与记者:李超、唐霁、华迪)(完)

12月10日,法国总统马克龙(左)在巴黎的总统府爱丽舍宫迎接来访的德国总理朔尔茨。(新华社记者高静摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.