Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Jolyနှင့် ဧပြီ ၅ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။

တရုတ်နှင့် ကနေဒါနှစ်နိုင်ငံပြည်သူများက စဉ်ဆက်မပြတ်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေကြပြီး ကနေဒါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပထမဆုံး သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် အနောက်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ သို့သော် မကြာသေးမီနှစ်များတွင် တရုတ်-ကနေဒါ ဆက်ဆံရေးသည် Meng Wanzhou ဖြစ်ရပ်ကြောင့် ဆိုးဝါးစွာ ဆုတ်ယုတ်ခဲ့ရာ ၎င်းမှာတရုတ်နိုင်ငံမြင်တွေ့လိုသည့် အရာမဟုတ်ပေ။ ၎င်းက အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကုမ္ပဏီများအပေါ် ဖိနှိပ်ချုပ်ချယ်သော အကျပ်ကိုင်နည်းလမ်းပင်ဖြစ်ကြောင်းနှင့် ယင်းမှာလူအများရှင်းရှင်းလင်းလင်းသိကြသည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ဆောင်ချက်ပင်ဖြစ်သည်။ မည်သည့်နိုင်ငံမှ ထိုကဲ့သို့သော တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင့်နှင့် နိုင်ငံအားလုံးအနေဖြင့် ၎င်းအပေါ် လိုအပ်သောတုန့်ပြန်ချက် လုပ်ပိုင်ခွင့်ရှိကြောင်း ဝမ်ရိကဆိုသည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက်ရေရှည်ရှုထောင့်ဖြင့် တရုတ်-ကနေဒါ ဆက်ဆံရေးအား အစဉ်အမြဲရှုမြင်ပြီး ကိုင်တွယ် လုပ်ဆောင်ကြောင်း ဝမ်ရိကပြောကြားခဲ့သည်။ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးအနေအထားက နှစ်ဖက်အကျိုးစီးပွားနှင့် မကိုက်ညီကြောင်း ကနေဒါအနေဖြင့် ပြဿနာကို တည့်မတ်စွာရှုမြင်သင့်ပြီး တရုတ်နိုင်ငံနှင့် မျက်နှာချင်းဆိုင် လျှောက်လမ်းသင့်ကြောင်း ဝမ်ရိက ယင်းနှင့်ပတ်သက်၍ အကြံပြုချက် ၃ ရပ် အဆိုပြုခဲ့သည်။

ပထမအနေဖြင့် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်သော အမြင်ထားရှိကာ တရုတ်နိုင်ငံအပေါ် တည်ငြိမ်ပြီးလက်တွေ့ကျသော မူဝါဒကို ဆောင်ရွက်စေလိုကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် တရုတ်နိုင်ငံပြည်သူများ၏ ရွေးချယ်မှုဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ အမျိုးသားရေးအခြေအနေများနှင့် ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် သမိုင်းယုတ္တိရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ ၁.၄ ဘီလီယံ၏ တရားဝင်အခွင့်အရေးဖြစ်သည်သာမက လူသားမျိုးနွယ်၏ ခေတ်မီတိုးတက်မှုဆီသို့ လျှောက်လှမ်းခြင်းအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ တရုတ်နှင့် ကနေဒါတို့ကြား သမိုင်းဝင် ပဋိပက္ခမရှိသလို လက်တွေ့အကျိုးစီးပွား ပဋိပက္ခလည်း မရှိပေ။ ထို့ကြောင့် ကနေဒါအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် အထောက်အကူဖြစ်စေမည့် လုပ်ဆောင်ချက်များကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ တရုတ်-ကနေဒါ ဆက်ဆံရေးတွင် အတားအဆီးအသစ်များ ထားရှိခြင်းမပြုဘဲ အချင်းချင်း၏ အဓိက အကျိုးစီးပွားကို လေးစားရန် ဖြစ်သည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် တရုတ်-ကနေဒါ ဆက်ဆံရေး၏ အခြေခံဖြစ်သည်။ ထိုင်ဝမ်အရေးကို ကောင်းစွာ မကိုင်တွယ်ပါက တရုတ်-ကနေဒါ ဆက်ဆံရေးမှာ အခြေခံကျသော ပျက်စီးမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကနေဒါအနေဖြင့် တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် ပတ်သက်သော ကိစ္စရပ်များတွင် မှန်ကန်သော သဘောထားနှင့် ရပ်တည်ချက် ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တတိယအချက်မှာ မလိုလားသော ပြင်ပဝင်ရောက်စွပ်ဖက်မှုကို ဖယ်ရှားပြီး လွတ်လပ်၍သီးခြားရပ်တည်မှုကို ခိုင်မာစွာလက်ကိုင်ခြင်းဖြစ်သည်။ တရုတ်နှင့် ကနေဒါ ယခင်ခေါင်းဆောင်ဟောင်းများက အတားအဆီးများကို ကျော်ဖြတ်ကာ သံတမန်ဆက်ဆံရေး ထူထောင်ရန်ဆုံးဖြတ်ခဲ့သည်။ တရုတ်-ကနေဒါ ဆက်ဆံရေးတွင် အပြုသဘောဆောင်သော အကြောင်းအရာနှင့် ဓလေ့များစွာရှိကာ မြတ်နိုးထိုက်ပြီး ထွန်းကားအောင်လုပ်ဆောင်သင့်သည်။ ကနေဒါအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပြင်ပဝင်ရောက်စွက်ဖက်မှုများကို ဖယ်ရှားပြီး အခက်အခဲများကို ကျော်လွှားကာ ကျန်းမားတည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော နှစ်နိုင်ငံဆက်ဆံရေးအား အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကနေဒါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ကနေဒါ-တရုတ်ဆက်ဆံရေးသည် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်ကြောင်း Joly က ပြောကြားခဲ့သည်။ ကနေဒါသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ စနစ်နှင့် တရုတ်လူမျိုးများ၏ လွတ်လပ်၍သီးခြားရပ်တည်သော ရွေးချယ်မှုကို လေးစားပြီး တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ရရှိခဲ့သော ကြီးမားသည့် အောင်မြင်မှုရလဒ်ကို အပြုသဘောဆောင်သော မှတ်ချက်ပြုခဲ့သည်။ ယခု ကနေဒါ-တရုတ် ဆက်ဆံရေးသည် ခက်ခဲသောအနေအထားတွင် ရောက်ရှိနေရာ ကနေဒါအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပွင့်လင်းမြင်သာပြီး အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံလိုကြောင်း၊ ကနေဒါ-တရုတ် ဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် တွန်းအားပေးလုပ်ဆောင်ကာ ပိုမိုခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေး ထူထောင်သွားမည်ဖြစ်ကြောင်း၊ ကနေဒါက တရုတ်နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်မှုအတွက် လုပ်ဆောင်သော အကျိုးဆောင်မှုများကို ချီးကျူးကြောင်း၊ ကနေဒါက တရုတ်နိုင်င့နှင့်အတူ ဥတုရာသီပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကပ်ရောဂါတိုက်ဖျက်ရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နှစ်ဖက်စလုံးမှ ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။ ဝမ်ရိက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ဘက်စုံရှင်းလင်းတင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး အခြေအနေ ဖန်တီးရန်နှင့် ဆွေးနွေးညှိနှိုင်းမှုအတွက် ဘက်ပေါင်းစုံအနေဖြင့် တည်ငြိမ်ပြီး စဉ်းစားချင့်ချိန်ရန် တရုတ်နိုင်ငံက တိုက်တွန်းထားကြောင်း၊ လက်ရှိ ညှိနှိုင်းမှုသည် အလှည့်အပြောင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း စေ့စပ်ညှိနှိုင်းမှု ဆက်လုပ်နေသမျှ ကာလပတ်လုံး အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက် ရှိလာမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် တရားမျှတသော ရပ်တည်ချက်ကို အခြေခံ၍ ဤကိစ္စရပ်အပေါ် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ဝမ်ရိပြောကြားခဲ့သည်။ ကနေဒါအနေဖြင့် တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှု ဆက်လက်ထားရှိရန်ဆန္ဒရှိကြောင်း Joly က ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
王毅同加拿大外长乔利通电话
新华社北京4月5日电 4月5日,国务委员兼外长王毅应约同加拿大外长乔利女士通电话。
王毅说,中加两国人民有着长期友好交往,加拿大是最早同中华人民共和国建交的西方国家之一。但近年来,中加关系因孟晚舟事件严重受挫,这是我们不愿看到的。这一事件的实质是,美国以胁迫方式打压中国的高科技企业,这种行为令人不齿,世人对此都看得一清二楚。任何国家都不应为虎作伥,助长这种单边霸凌行径,任何国家也都有对此作出必要反应的权利。
王毅表示,中方始终从战略和长远角度看待和处理中加关系。两国关系的现状不符合双方利益,加方应正视问题,同中方相向而行。王毅就此提出三点意见:
一是积极客观看待中国,奉行稳健务实的对华政策。中国的政治制度和发展道路是中国人民自己的选择,有着必然的历史逻辑,既符合中国国情,也契合人民需要。中国的发展与进步,不仅是14亿人民的正当权利,也是全人类迈向现代化的重要组成部分。中加没有历史纠葛,也没有现实利害冲突,希望加方本着互利共赢的目标,多做有利于增进相互信任、促进双边关系的实事。
二是尊重彼此核心利益,不给中加关系设置新的障碍。一个中国原则是中加关系的政治基础。如果台湾问题处理不好,中加关系就会遭受根本性损害。希望加方在涉及中国核心利益的问题上,采取正确的态度和立场。
三是坚持独立自主,排除不必要的外部干扰。中加老一辈领导人冲破阻力,作出建交决断。中加交往有很多好的故事和传统,值得珍惜和弘扬。希望加方同中方一道,排除外部干扰、克服困难,实现双边关系健康稳定可持续发展。
乔利表示,加拿大是最早承认中华人民共和国的国家之一,加中关系有着坚实基础。加方尊重中国主权、制度和中国人民独立自主作出的选择,积极评价中国发展特别是脱贫取得的巨大成就。这一段加中关系处于困难阶段,加方愿同中方坦诚相待、相互尊重,本着向前看的精神,推动加中关系逐步重回正轨,建设更具韧性的双边关系。加方赞赏中方为全球抗疫所作重要贡献,愿同中方加强气变、环保、抗疫合作。
双方还就乌克兰问题交换了意见。王毅说,习近平主席已就中方立场作出全面和权威阐述。中方呼吁各方冷静理性思考,为和平创造机会,为谈判开辟前景。当前谈判面临曲折和困难,但只要谈下去,就有停火的可能,就有和平的希望。中方将继续本着客观公正立场,为此发挥建设性作用。乔利表示,加方愿同中方保持沟通。