Connect with us

Europe

အမေရိကန်-ဂျာမနီ နှစ်နိုင်ငံခေါင်းဆောင်များ ယူကရိန်းအရေးတွင် ညီညွတ်ရမည်ဟု ပြောကြား

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Andrewsပူးတွဲစစ်အခြေစိုက်စခန်းသို့ သမ္မတဘိုင်ဒန် ဇန်နဝါရီ ၂၈ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘိုင်ဒန်သည် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်သည့် ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် ဖေဖော်ဝါရီ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းအရေးတွင် နှစ်နိုင်ငံ ညီညွတ်ရမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့သော်လည်း “Nord Stream 2” သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းစသည့် အရေးကြီးအရေးကိစ္စများတွင် အသေးစိတ်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန်သည် ဂျာမနီစသည့် မဟာမိတ်၊မိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး သံတမန်ရေးနည်းလမ်းဖြင့် ရုရှား-ယူကရိန်းနယ်စပ်ဒေသ တင်းမာမှုအခြေအနေကို ဖြေလျော့ရန် ကြိုးပမ်းလျက်ရှိကြောင်း ဘိုင်ဒန်က ယင်းနေ့တွင် ကျင်းပသည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်မည်ဆိုလျှင် အမေရိကန်-ဂျာမနီ နှစ်နိုင်ငံနှင့် နေတိုးအဖွဲ့တို့က ဟန်ချက်ညီစွာ တုန့်ပြန်သွားမည်ဖြစ်သည့်အပြင် ရုရှား၏ဘောလ်တစ်ပင်လယ်ကို ဖြတ်သန်းပြီး ဂျာမနီသို့ တင်ပို့မည့် “Nord Stream 2” စီမံကိန်းသည်လည်း ရှေ့တိုး၍ရမည် မဟုတ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။ သို့သော်လည်း ဂျာမနီ-ရုရှား ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကို မည်သို့ အဆုံးသတ်မည်နည်းဆိုသော သတင်းထောက်၏မေးခွန်းအပေါ် ဖြေကြားခဲ့ခြင်း မရှိပေ။

Olaf Scholzက ဂျာမနီ-အမေရိကန် နှစ်နိုင်ငံနှင့်အခြားနေတိုးမဟာမိတ်များက စည်းလုံးညီညွတ်စွာ လက်ရှိအခြေအနကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘက်ပေါင်းစုံက ဖြစ်နိုင်သမျှ သံတမန်ရေးနည်းလမ်းများသုံးပြီး ယူကရိန်းအရေးကို ဖြေရှင်းသင့်ကြောင်း၊ နေတိုးနှင့်ရုရှား၏တွေ့ဆုံဆွေးနွေးမှုယန္တရားနှင့် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မူဘောင်အောက်က ဥရောပတိုက်လုံခြုံရေးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ထပ်ခါတလဲလဲမေးမြန်းမှုအပေါ် Olaf Scholက “Nord Stream 2”သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရပ်တန့်ရေးအတွက် တိကျသည့်ကတိကဝတ်မပြုဘဲ အမေရိကန်နှင့်အတူ လှုပ်ရှားဆောင်ရွက်သွားမည်ဟုသာ ဖြေကြားခဲ့သည်။ သန့်စင်စွမ်းအင်သို့ အရှိန်မြှင့်တင် ပြောင်းလဲရန်အတွက် သက်ဆိုင်ရာအစီအစဉ်များကို ဂျာမနီအစိုးရက ရေးဆွဲနေကြာင်း ၎င်းက ပြောကြားခဲ့သည်။

ယခုကာလများတွင် ရုရှား-ယူကရိန်းနယ်စပ်အခြေအနေ ဆက်တိုက် တင်းမာလျက်ရှိသည်။ အမေရိကန်က ရုရှား ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မည့် အန္တရာယ်ရှိကြောင်း အဆက်မပြတ် ပြင်ပသို့ သတင်းလွှင့်လျက်ရှိသလို တင်းမာသည့်နည်းလမ်းဖြင့် ရုရှားကို ရင်ဆိုင်ရန် ဥရောပမဟာမိတ်များကို စည်းရုံးလျက်ရှိသည်။ ထို့အပေါ် ရုရှားက ငြင်းဆိုထားပြီး နေတိုး၏လှုပ်ရှားမှုများက ရုရှားနယ်စပ်လုံခြုံရေးကို အန္တရာယ်ဖြစ်စေရာ နယ်စပ်အချုပ်အခြာပိုင်နက်အတွင်း တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းထားပြီး မိမိ နယ်မြေပိုင်နက်ကို ရုရှားက အပြည့်အဝ ကာကွယ်ခွင့်ရှိကြောင်း ရုရှားဖက်က အလေးအနက်ပြောကြားထားသည်။ ဂျာမနီဘက်က ယူကရိန်းသို့ အသက်ဆုံးရှုံးစေနိုင်သည့် လက်နက်ပစ္စည်း ပံ့ပိုးပေးရန် ငြင်းဆိုထားသလို တစ်ဖက်တွင်လည်း “Nord Stream 2”စီမံကိန်း အဆုံးသတ်မလားဆိုသည့်အပေါ် တိကျသည့် သဘောထား မထုတ်ပြန်ခဲ့ခြင်းကြောင့် အမေရိကန် အချို့သောလွှတ်တော်အမတ်နှင့်မီဒီယာများက ကျေနပ်မှုမရှိဖြစ်နေကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version
(国际)美德领导人强调在乌克兰问题上保持团结
2022-02-08 09:56:53 分类: 政治法律
新华社华盛顿2月7日电(记者邓仙来)美国总统拜登7日在白宫会晤到访的德国总理朔尔茨。双方强调两国将在乌克兰问题上保持团结,但未就“北溪-2”天然气管道项目等关键问题作详细说明。
拜登在当天举行的联合新闻发布会上表示,美国正与德国等盟友及伙伴密切合作,寻求通过外交途径缓解俄罗斯与乌克兰边境地区紧张局势。拜登称,如果俄罗斯“入侵”乌克兰,美德两国及北约将协调一致作出应对,此外由俄罗斯经波罗的海向德国输送天然气的“北溪-2”项目将不再推进。但他未就美国将如何终止这项德俄之间的合作项目回答记者的提问。
朔尔茨在发布会上表示,德美两国及其北约盟友必须团结一致应对当前局势。与此同时,各方应利用一切可能的外交手段解决乌克兰问题,继续通过北约与俄罗斯的对话机制并在欧洲安全与合作组织框架下讨论欧洲安全问题。
面对在场记者的反复提问,朔尔茨未明确承诺终止“北溪-2”天然气管道项目,仅表示将与美国“共同采取行动”。他说,德国政府正在制定并实施相关计划,加速向清洁能源转型。
近期,俄乌边境局势持续紧张。美国不断向外界公布情报,炒作俄罗斯“入侵”乌克兰的风险,同时拉拢欧洲盟友对俄采取强硬措施。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。德国一方面拒绝向乌克兰援助致命性武器,另一方面在是否终止“北溪-2”项目上未作明确表态,引发一些美国国会议员及媒体不满。(完)

图说1: 1月28日,美国总统拜登抵达美国马里兰州安德鲁斯联合基地。 新华社/法新