Connect with us

China

ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး အဆိုပြုချက်(၄)ရပ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံခြားရေးမူဝါဒနှင့်ပြည်ပဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို မတ် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ)

လက်ရှိ ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး တရုတ်နိုင်ငံ၏ရပ်တည်မှုအဆိုပြုချက် (၄)ရပ်ကို တရုတ်နိုင်ငံ နိုင်ငံတောက်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် တွင်ပြုလုပ်သည့် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ (၁၃)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပဥ္စအကြိမ်မြောက် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ဝမ်ရိက ယူကရိန်းအရေးအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်အား ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတမှန်ကန်မှုကို အခြေပြုပြီး ကိစ္စရပ်၏ အမှားအမှန်ဖြစ်ပျက်ပုံအရ လွတ်လပ်စွာရပ်တည်ကာ ကိုယ်ပိုင်ဆုံးဖြတ်မည်ဖြစ်သလို ထင်မြင်ချက်အား ရှင်းလင်းစွာ အဆိုပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြဿနာတစ်ရပ်သည် တစ်ရက်တည်း ဖြစ်တည်လာခြင်းမဟုတ်သည်ကို တွေ့မြင်ကြမည်ဖြစ်ရာ ယူကရိန်းအရေး ယနေ့အခြေအနေ ဖြစ်ပွားလာရသည့် အကြောင်းအရင်းသည် ယှက်နွယ်ရှုပ်ထွေးမှုများ ရှိကြောင်း၊ ရှုပ်ထွေးပွေလီသည့်ပြဿနာရပ်ကို ဖြေရှင်းရာတွင် လိုအပ်သည်က တည်ငြိမ်မှုနှင့်စဉ်းစားချင့်ချိန်ရန်ဖြစ်ပြီး မီးလောင်ရာလေပင့်၊ ပဋိပက္ခပြင်းထန်အောင် နိုးဆွရမည် မဟုတ်ကြောင်း ဆိုသည်။

လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာတွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့်အခြေခံမူကို ခိုင်မာစွာလက်ကိုင်ထားကာ နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားအာမခံရန်၊ လုံခြုံရေးခွဲခြား၍မရဟူသည့်မူကို ခိုင်မာစွာ လက်ကိုင်ထားပြီး အချင်းဖြစ်ပွားမှုဆက်စပ်သူတို့၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်များကို စဉ်းစားရန်၊ တွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းစွာ ပဋိပက္ခများကို ဖြေရှင်းရန်၊ ဒေသတွင်းရေရှည်လုံခြုံတည်ငြိမ်ရေးကို ကြည့်ပြီး မျှတမှု၊ ထိရောက်မှု၊ ရေရှည်ရှိသည့် ဥရောပတိုက် လုံခြုံရေးယန္တရားကို တည်ဆောက်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံအနေဖြင့် ယူဆကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို တွန်းအားပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများ ကြီးမားစွာ မဖြစ်ပေါ်အောင် ကာကွယ်တားဆီးရေး ကိစ္စရပ်ကြီး နှစ်ခုကို အာရုံစိုက်လုပ်ဆောင်သင့်ပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံအနေဖြင့် လုပ်ဆောင်လျက်ရှိရာ ဘက်ပေါင်းစုံဖြင့် နီးကပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ အမြဲထိန်းသိမ်းထားကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသည့် ဒုတိယနေ့တွင်ပင် သမ္မတ ရှီကျင့်ဖိန်က သမ္မတ ပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ရုရှား-ယူကရိန် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအား အမြန်ဆုံးတွေ့မြင်လိုသည့် သဘောဆန္ဒအား ပြောကြားခဲ့ရာ ထို့အပေါ် သမ္မတ ပူတင်အနေဖြင့်လည်း အပြုသဘောတုန့်ပြန်ခဲ့ကြောင်း ဆိုသည်။

ရုရှား-ယူကရိန်း နှစ်ဖက်ဆွေးနွေးမှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ မကြာမီ တွေ့ဆုံမည့် တတိယအကြိမ်ဆွေးနွေးပွဲတွင် တိုးတက်မှုအသစ်များ ရရှိမည်ဟု မျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အခြေအနေပို၍တင်းမာမှုရှိလေ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ရပ်တန့်၍ မရလေ ယူဆရာ ကွဲလွဲမှုကြီးမားသည်နှင့်အလျှောက် စေ့စပ်ဆွေးနွေးရန် ပို၍လိုအပ်သည်ဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေး‌နွေးမှုတွင် တရုတ်နိုင်ငံက ဆက်လက်၍ အပြုသဘောအခန်းကဏ္ဍမှပါဝင်သွားလိုပြီး နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လိုအပ်သည့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(Chinese Version)
(两会·外长记者会)王毅谈化解乌克兰危机的四点主张
2022-03-07 15:25:04 分类: 社会
新华社北京3月7日电 国务委员兼外交部长王毅在7日举行的两会记者会上阐述中方对化解当前乌克兰危机的立场主张。
十三届全国人大五次会议举行记者会,王毅在回答记者提问时说,中方已多次阐明在乌克兰问题上的立场。我们始终本着客观公正态度,根据事情本身的是非曲直,独立自主地作出判断、表明主张。应该看到,冰冻三尺非一日之寒。乌克兰局势发展到今天,原因错综复杂。解决复杂问题,需要的是冷静和理性,而不是火上浇油、激化矛盾。中方认为,要化解当前危机,必须坚持联合国宪章宗旨和原则,尊重和保障各国的主权和领土完整;必须坚持安全不可分割原则,照顾当事方的合理安全关切;必须坚持通过对话谈判,以和平方式解决争端;必须着眼地区长治久安,构建均衡、有效、可持续的欧洲安全机制。
王毅说,当前,国际社会应聚焦劝和促谈和防止出现大规模人道主义危机两大问题继续努力。中方在劝和促谈方面已做了一些工作,一直同各方保持密切沟通。冲突发生第二天,习近平主席应约同普京总统通话时,就提出愿看到俄乌双方尽早和谈。普京总统也作出积极回应。俄乌双方已经谈了两轮,希望即将开启的第三轮谈判能取得新的进展。中方认为,形势越紧,和谈越不能停止;分歧越大,越需要坐下来谈判。中方愿继续为劝和促谈发挥建设性作用,也愿在需要时与国际社会一道开展必要的斡旋。(完)
新华社照片,北京,2022年3月7日, 国务委员兼外交部长王毅就中国外交政策和对外关系回答中外记者提问