Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်၊ ဂျာမနီ နိုင်ငံခေါင်းဆောင်များ ဗွီဒီယို ထိပ်သီးဆွေးနွေးပွဲ ကျင်းပ

တရုတ်နိုင်ငံသမ္မတ ရှီကျင်ဖိန်သည် မတ် ၈ ရက် ညနေပိုင်းက ပေကျင်းမြို့ မှနေ၍ ပြစ်သစ် သမ္မတ မိုက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် ဗွီဒီယို ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင်ဖိန်သည် မတ် ၈ ရက် ညနေပိုင်းက ပေကျင်းမြို့တွင် ပြစ်သစ် သမ္မတ မိုက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် ဗွီဒီယို ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။သမ္မတရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာတွင် နှစ် ၁၀၀ အပြောင်းအလဲနှင့်ရာစုနှစ်ကပ်ရောဂါ ရောယှက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များစွာ ဖြစ်ပေါ်နေရာ တစ်ကမ္ဘာလုံး၏ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင်ဖိန်သည် မတ် ၈ ရက် ညနေပိုင်းက ပေကျင်းမြို့ မှနေ၍ ပြစ်သစ် သမ္မတ မိုက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် ဗွီဒီယို ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ငြိမ်းချမ်းရေးကို ရှာဖွေကြံဆောင်ရာ၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းရာ ၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် တရုတ်နှင့်ဥရောပတွင် တူညီသည့်စကား များစွာ ရှိကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ယူမှုရှိစွာဖြင့် မငြိမ်မသက်လှုပ်ခတ်ပြောင်းလဲနေသည့် ကမ္ဘာအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ အားဖြည့်ပေးရမည် ဖြစ်ကြောင်း ၊ နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုများ အားကောင်းအောင် ဆောင်ရွက်ခြင်း၊ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်-ဥရောပဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းနိုင်အောင် တွန်းအားပြုရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏တိုးတက်မှုသည် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုအတွက် ပို၍ကြီးမားကျယ်ပြန့်သည့်ကဏ္ဍများကို ဆောင်ကြဉ်းပေးမည်ဖြစ်ရာ နှစ်ဖက်အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် အခြေခံမူကို ဆက်လက် အရင်းခံပြီး အစိမ်းရောင်ကဏ္ဍ၊ ဒစ်ဂျစ်တယ် မိတ်ဖက်ဆက်ဆံရေးနှင့်ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ ဆက်လက်ကိုင်စွဲကာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီး အစီအစဉ်များကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပြစ်သစ် သမ္မတ မိုက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholzတို့က ပေကျင်းဆောင်းရာသီအိုလံပစ်အောင်မြင်စွာ ကျင်းပခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာ၌ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရရာ တစ်ကိုယ်တည်းတိုက်ပွဲဝင်မည်ဆိုပါက အခြေအနေများ ပို၍ ဆိုးဝါးလာမည်သာ ရှိကြောင်း ၊ ဥရောပသည် တရုတ်နိုင်ငံ၏ကမ္ဘာ့ရေးရာ၌ အရေးကြီးမှုနှင့်အပြုသဘောဆောင်သည့်အခန်းကဏ္ဍကို အလေးထားရာ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လိုရာ ဥတုရာသီပြောင်းလဲမှု၊ ပြည်သူ့ကျန်းမာရေး စသည့် အရေးကြီးသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူကြိုးပမ်းဖြေရှင်းသွားလိုကြောင်း ပြောကြားခဲ့သည်။ ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဥရောပ-တရုတ် ခေါင်းဆောင်များ အစည်းအဝေးကို ကောင်းမွန်စွာ ဆောင်ရွက်သွားကာ ပြင်သစ်-တရုတ်၊ ဂျာမနီ-တရုတ်နှင့် ဥရောပ-တရုတ် ဆက်ဆံရေးကို မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက လက်ရှိ ယူကရိန်းအခြေအနေအပေါ် အဓိကထားပြီး အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။မိုက်ခရွန်၊ Olaf Scholzတို့က လက်ရှိ ယူကရိန်းအခြေအနေအပေါ် အမြင်သဘောထားနှင့်ရပ်တည်ချက်ကို ပြောကြားခဲ့သည်။
ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်အပြီး အဆိုးဝါးဆုံး အကျပ်အတည်းနှင့်ရင်ဆိုင်နေရရာ ပြင်သစ်၊ ဂျာမနီက ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာရပ်များ ဖြေရှင်းပြီး ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုပေးမှုကို ထောက်ခံကြောင်း ၊ တရုတ်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေအတွက် အဆိုပြုမှုအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်ကာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို တွန်းအားပေးပြီး အခြေအနေ တစ်ဆင့်တိုး မြင့်တက်လာမှုများ၊ ပိုမိုဆိုးဝါးသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ ဖြစ်ပွားလာမှုကို ရှောင်ရှားလိုကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က လက်ရှိ ယူကရိန်းအခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဥရောပကုန်းမြေတွင် စစ်မီးတစ်ဖန်ပြန်လောင်ကျွမ်းလာသည့်အတွက် ဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက် ပြည့်စုံမှုအားလုံးသည် လေးစားမှုရှိသင့်သလို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့်အခြေခံမူ အားလုံးသည် လေးစားလိုက်နာသင့်ပြီး နိုင်ငံအသီးသီး၏ သင့်လျော်မှုရှိသည့်လုံခြုံရေးဂရုပြုမှုအားလုံးသည် အလေးထားသင့်သည်ဟု ယူဆရာ ငြိမ်းချမ်းစွာ အကျပ်အတည်းဖြေရှင်းရေး အကျိုးရှိစေသည့် ကြိုးပမ်းမှုအားလုံးကို ထောက်ခံအားပေးသင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အရေးအကြီးဆုံးက တင်းမာသည့်အခြေအနေ ဆက်လက် မြင့်တက်လာခြင်းမှ ထိန်းချုပ်မှုမရှိဖြစ်မည့် အခြေအနေကို ရှောင်ရှားရန် ဖြစ်ကြောင်း၊ ယူကရိန်းအခြေအနေ ညှိနှိုင်းရေးအတွက် ပြင်သစ်၊ဂျာမနီ၏ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက လက်ခံချီးကျူးပါကြောင်း ပြင်သစ်၊ ဂျာမနီနှင့်တကွ ဥရောပနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားလိုကြောင်း၊ အချင်းဖြစ်ပွားသည့်ဘက်ပေါင်းစုံ၏လိုအပ်ချက်အရ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အတူ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထောက်ခံပြီး နှစ်ဘက်ဆွေးနွေးမှုများ ထိန်းသိမ်းထားရန်၊ အခက်အခဲများ ကျော်လွှား၍ ဆက်လက်ဆွေးနွေးရန်၊ ရလဒ်ရှိအောင် ဆွေးနွေးရန် ၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်အောင် ဆွေးနွေးရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်းရန် နိုင်ရန် နှိုးဆော်ရမည်ဖြစ်သလို လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း ကြီးမားစွာ ဖြစ်ပေါ်လာမှုကို မိမိတို့အနေဖြင့် ကာကွယ်တားဆီးရမည်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံက ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်စပ်လျဉ်း၍ အဆိုပြု ၆ ခု ပြောကြားခဲ့ရာ ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထပ်တိုး ပံ့ပိုးသွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

မိမိတို့အတူ အကျပ်အတည်းကြောင့် ဖြစ်ပွားသည့် အပျက်သဘောဆောင် သက်ရောက်မှုများကို ကြိုးပမ်းလျှော့ချရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပိတ်ဆို့မှုများက ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်ပစ္စည်းထောက်ပို့မှုကွင်းဆက် တည်ငြိမ်ရေးများကို ရိုက်ခတ်မည်ဖြစ်ပြီး ကပ်ရောဂါအခြေအနေ လေးလံစွာ ရှေ့သို့ လျှောက်လှမ်းနေရသည့် ကမ္ဘာ့စီးပွားရေးကို ဒုက္ခပေးမည်ဖြစ်ရာ ဘက်ပေါင်းစုံအတွက် အကျိုးရှိမည် မဟုတ်ကြောင်း ၊ မိမိတို့အနေဖြင့် ဘုံ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှု ၊ ရေရှည်တည်တံ့သည့်လုံခြုံရေးအမြင်ကို တက်ကြွစွာ အဆိုပြုရမည် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံက ပြင်သစ်၊ ဂျာမနီ နှစ်နိုင်ငံ၏ ဥရောပတိုက် ကိုယ်ပိုင်အကျိုးစီးပွား၊ ဥရောပတိုက် ရေရှည်တည်တံ့သည့် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားပြီး မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို လက်ကိုင်ထားကာ မျှတ၊ ထိရောက်၍ ရေရှည်တည်တံ့သော ဥရောပတိုက်လုံခြုံရေးမူဘောင်တည်ဆောက်ရေး တွန်းအားပေးမှုကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဥရောပ-ရုရှား-အမေရိကန်နှင့် နေတိုးအဖွဲ့၏ တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးမှုကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။ထို့အပြင် နှစ်ဖက်စလုံးက အီရန်နျူကလီးယားအရေးအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။အဆိုပါအဆွေးနွေးပွဲကို တင်းရွှဲရှန်၊ ယန်ကျဲချီ၊ ဝမ်ရိနှင့် ဟဲလိဖုန်းတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)
(国际)习近平同法国德国领导人举行视频峰会
2022-03-08 19:53:40 分类: 政治法律
新华社北京3月8日电国家主席习近平3月8日下午在北京同法国总统马克龙、德国总理朔尔茨举行视频峰会。
习近平指出,当今世界,百年变局和世纪疫情交织,带来很多全球性挑战,需要全球性合作。中欧在谋和平、求发展、促合作方面有很多共同语言。我们要拿出担当,为动荡变化的世界注入更多稳定性和确定性。双方要加强对话,坚持合作,推动中欧关系行稳致远。中国的发展将为中欧合作带来更大空间。双方要继续本着互利共赢原则,持续深化绿色、数字伙伴关系和各领域务实合作。双方要继续坚持多边主义,推进重大全球性议程。
马克龙、朔尔茨表示,祝贺中方成功举办北京冬奥会。当今世界面临诸多挑战,单打独斗,只会使形势恶化。欧方重视中国在世界事务中发挥的重要和积极作用,愿同中方紧密合作,共同努力解决气候变化、公共卫生等重大全球性挑战。欧方愿同中方一道,办好欧中领导人会晤,推动法中、德中以及欧中关系不断向前发展。
双方重点就当前乌克兰局势交换意见。
马克龙、朔尔茨介绍了对当前乌克兰局势的看法和立场,表示欧洲正面临二战以来最严重危机,法德支持通过谈判解决问题,给和平一个机会。感谢中方提出人道主义局势倡议,愿同中方加强沟通协调,劝和促谈,避免局势进一步升级,产生更严重人道主义危机。
习近平强调,当前,乌克兰局势令人担忧,中方对欧洲大陆重燃战火深感痛惜。中方主张,各国主权、领土完整都应该得到尊重,联合国宪章宗旨和原则都应该得到遵守,各国合理安全关切都应该得到重视,一切有利于和平解决危机的努力都应该得到支持。当务之急是避免紧张局势升级,甚至失控。中方赞赏法德为斡旋乌克兰局势所作努力,愿同法方、德方和欧方保持沟通和协调,根据当事各方需要,同国际社会一道发挥积极作用。
习近平强调,我们要共同支持俄乌和谈,推动双方维护谈判势头,克服困难谈下去,谈出结果、谈出和平。我们要呼吁保持最大限度克制,防止出现大规模人道主义危机。中方提出了关于乌克兰人道主义局势的六点倡议,愿向乌克兰进一步提供人道主义物资援助。我们要一起努力减少危机造成的负面影响。有关制裁对全球金融、能源、交通、供应链稳定都会造成冲击,拖累疫情下负重前行的世界经济,对各方都不利。我们要积极倡导共同、综合、合作、可持续的安全观。中方支持法德两国从欧洲自身利益出发,为欧洲持久安全着想,坚持战略自主,推动构建均衡、有效、可持续的欧洲安全框架。中方也乐见欧俄美及北约开展平等对话。
双方还就伊朗核问题交换了意见。
丁薛祥、杨洁篪、王毅、何立峰等参加会议。(完)
图说:3月8日下午,国家主席习近平在北京同法国总统马克龙、德国总理朔尔茨举行视频峰会。新华社记者 黄敬文 摄