Connect with us

Eastern Europe

မာရီယူပိုးလ်မြို့ Azovstal စက်ရုံ စစ်ဆင်ရေး တစ်ဖက်သတ်ရပ်ဆိုင်းရန် ရုရှားကြေညာ၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်တိုးရန် ဇယ်လန်းစကီးက တိုက်တွန်း

မာရီယူပိုးလ်မြို့ရှိ ပျက်စီးနေသည့်အဆောက်အအုံများရှေ့တွင် သံချပ်ကာယာဉ်တစ်စီး ဖြတ်သန်းသွားသည်ကို ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အရပ်သားများ ထွက်ခွာနိုင်ရေးအတွက် မာရီယူပိုးလ်မြို့ Azovstal စက်ရုံ စစ်ဆင်ရေးကို ရုရှားဘက်က မော်စကို စံတော်ချိန် ဧပြီ ၂၅ ရက် ၁၄ နာရီမှစပြီး တစ်ဖက်သတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှားအပေါ် ထပ်တိုးပိတ်ဆို့မှုများ လုပ်ဆောင်ရန် ကိဗ်မြို့သို့လာရောက်လည်ပတ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ကာကွယ်ရေးဝန်ကြီး Lloyd Austinတို့နှင့် ဧပြီ ၂၄ ရက်က တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။

မာရီယူပိုးလ်မြို့ Azovstal စက်ရုံအား ဧပြီ ၂၁ ရက်က အဝေးတစ်နေရာမှ တွေ့ရစဉ်(ဆင်ဟွာ)

___ မာရီယူပိုးလ်မြို့ Azovstal စက်ရုံအတွင်း အလုပ်သမား၊ အမျိုးသမီးနှင့်ကလေးသူငယ် အရပ်သားများ ပိတ်မိနေကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည့်အပေါ် ရုရှားက ထိုမတိုင်မီ Azovstal စက်ရုံတွင် ထားရှိသည့် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းကို ဆက်လက် ဖွင့်ထားဆဲဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ရုရှားစစ်တပ်နှင့် ဒွန်းနက်စ်တပ်ဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာရာ အရပ်သားများ ထွက်ခွာနိုင်ရေး မော်စကိုစံတော်ချိန် ဧပြီ ၂၅ ရက် ၁၄ နာရီမှစ၍ ယင်းဒေသစစ်ဆင်ရေးအားလုံးကို တစ်ဖက်သတ် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဆိုသည်။

မာရီယူပိုးလ်မြို့ရှိ ပျက်စီးနေသည့်အဆောက်အအုံများရှေ့တွင် ဖြတ်သန်းသွားသော ဒေသခံများအား ဧပြီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ Azovstal စက်ရုံ လူသားချင်စာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ရန် ဧပြီ ၂၅ ရက်က ယူကရိန်းနှင့်ရုရှားအကြား သဘောတူညီမှုမရရှိခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchukက ယင်းနေ့လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

___ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ကိဗ်မြို့သို့လာရောက်လည်ပတ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ကာကွယ်ရေးဝန်ကြီး Lloyd Austinတို့နှင့် ဧပြီ ၂၄ ရက်က တွေ့ဆုံစဉ် ရုရှားအပေါ် ထပ်တိုးပိတ်ဆို့မှုများ လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ယူကရိန်းသမ္မတရုံးဝက်ဘ်ဆိုက် ၏ဧပြီ ၂၅ ရက် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအတွက် စစ်ရေးနှင့်စီးပွားရေးအကူအညီ၊ ယူကရိန်းလုံခြုံရေးအာမခံချက်စသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ရုရှားအပေါ် တစ်ဆင့်ထပ်တိုးပိတ်ဆို့ရေးအစီအစဉ်ရေးဆွဲထားမှုအား ဇယ်လန်းစကီးက အမေရိကန်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

___ အမေရိကန်က ယူကရိန်းနှင့် အလယ်ပိုင်း၊အရှေ့ပိုင်း ဥရောပဒေသနှင့်ဘောလ်ကန်ဒေသ နေတိုးမဟာမိတ်နှင့် မိတ်ဖက်နိုင်ငံ ၁၅ နိုင်ငံအား စုစုပေါင်း ကန်ဒေါ်လာ ၇၁၃ သန်းရှိ စစ်ရေးအကူအညီများ ပေးအပ်မည် ဖြစ်သည်ဟု ဇယ်လန်းစကီးနှင့်တွေ့ဆုံစဉ် Antony Blinkenက ပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧပြီ ၂၅ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ယူကရိန်း၏ စစ်ဆင်ရေးစွမ်းရည်မြှင့်တင်ရန်အတွက် ကန်ဒေါ်လာ ၃၂၂ သန်းကျော် ရရှိမည် ဖြစ်ပြီး နေတိုးမဟာမိတ်များကို ပံ့ပိုးသည့် ငွေကြေးများကို ၎င်းတို့မှ ယူကရိန်းသို့ လက်နက်ပံ့ပိုးပြီးနောက် ယင်းနိုင်ငံများ၏လက်နက်သိုလှောင်မှုလိုအပ်ချက်ကို ဖြေရှင်းရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင်ပင် အမေရိကန်က ယူကရိန်းသို့ ကန်ဒေါ်လာ ၁၆၅ သန်း တန်ဖိုးရှိ စစ်လက်နက်ခဲယမ်းများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

___ အမေရိကန်က ယူကရိန်းသို့ လက်နက်ပံ့ပိုးသည့်ကိစ္စရပ်အပေါ် သံတမန်စာလွှာပေးပို့ပြီး သက်ဆိုင်ရာလုပ်ဆောင်မှုများကို ရပ်တန့်ရန် တောင်းဆိုထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးAnatoly Antonov၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားမီဒီယာများက ဧပြီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။ ယူကရိန်းသို့ အမေရိကန်၏ လက်နက်ပံ့ပိုးမှု တန်ဖိုးပမာဏသည် ကန်ဒေါ်လာ သန်း ၈၀၀ ထိ ရှိကြောင်း ၊ အမေရိကန်၏ ယင်းလုပ်ဆောင်ချက်က သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အကျိုးမဖြစ်ထွန်းစေနိုင်ကြောင်း ၎င်းက ဆိုသည်။ အခြေအနေများ တင်းမာဆိုးဝါးစေရန် အမေရိကန်က ရည်ရွယ်ထားပြီး စာလွှာကို အကြောင်းမပြန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

___ ယူကရိန်းနိုင်ငံ Vinnytsiaပြည်နယ် အနောက်တောင်ပိုင်းမြို့ Zhmerynkaနှင့် အရှေ့မြောက်ပိုင်းမြို့ Koziatyn၏ လမ်းပန်းဆက်သွယ်ရေးအဆောက်အအုံများ ရုရှားတပ် ဒုံးကျည်၏ တိုက်ခိုက်မှုကို ခံရပြီး လူ ၅ သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ ယူကရိန်း တရားဥပဒေစိုးမိုးရေးဌာနက အချင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးလျက်ရှိကြောင်း Vinnytsiaပြည်နယ် စစ်ဆေးရေးရုံးက ဧပြီ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု Ukrinformသတင်းအေဂျင်စီက ဖော်ပြထားသည်။

___ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ဂျာမနီသံအမတ်ကြီးကို ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကဧပြီ ၂၅ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုမတိုင်မီ ဂျာမနီရှိ ရုရှား သံတမန်၄၀ အား နှင်ထုတ်မှုကို ဆတူတုန့်ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီ သံရုံးဝန်ထမ်း ၄၀ ကို “မကြိုဆိုထိုက်သူ”အဖြစ် ကြေညာခဲ့သည်။

___ ရုရှား လေကြောင်းကာကွယ်ရေး ပစ္စည်းများက Kharkivပြည်နယ်နှင့် Khersonပြည်နယ် အရပ်သားများနေထိုင်ရာနေရာများတွင် ယူကရိန်း၏ မောင်းသူမဲ့လေယာဉ် ၁၃ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူIgor Konashenkov က ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် ရုရှား၏ “Pantsir-S” လေကြောင်းရန်ကာ ဒုံးကျည်စနစ်က Khersonပြည်နယ် Chornobaivka လူနေရပ်ကွက်တွင် ယူကရိန်း ဒုံးကျည်တစ်လုံးနှင့် ဒုံးအမြောက်ကျည်ဆန် ၁၈ ခုအား တားဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ ရုရှားလေတပ်က ယူကရိန်း၏ စစ်ရေးပစ်မှတ် ၅၆ ခုကို တိုက်ခိုက်ခဲ့ရာ ၎င်းတို့တွင် ကွပ်ကဲရေးဌာန ၂ ခု၊ လူနှင့်ပစ္စည်းစုစည်းရေးနေရာ ၅၃ ခု၊ လောင်စာသိုလှောင်ရုံ ၁ ခု တို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————-
(Chinese Version)

(乌克兰局势)最新动态:俄宣布单方面停止亚速钢铁厂作战行动 泽连斯基呼吁美方加强对俄制裁
2022-04-25 23:57:40
新华社北京4月25日电综合新华社驻外记者报道:俄罗斯国防部25日发表声明说,俄方自莫斯科时间25日14时起单方面停止在亚速钢铁厂的作战行动,以保障平民撤离。乌克兰总统泽连斯基24日在基辅会见来访的美国国务卿布林肯和国防部长奥斯汀时,呼吁进一步加强对俄罗斯的制裁。
——俄罗斯国防部25日发表声明说,乌克兰政府表示有包括工人、妇女和儿童在内的平民被困在马里乌波尔亚速钢铁厂,俄方就此回应,仍将持续开放此前已在亚速钢铁厂设立的人道主义通道。俄武装力量和顿涅茨克部队遵循人道主义原则,决定自莫斯科时间25日14时起单方面停止在该地的一切作战行动,以保障平民撤离。
——乌克兰副总理韦列修克25日在社交媒体发文说,当天乌俄未能就开通亚速钢铁厂人道主义通道问题达成一致。
——据乌克兰总统网站25日发布的消息,乌总统泽连斯基24日在基辅会见来访的美国国务卿布林肯和国防部长奥斯汀。双方会晤时主要讨论了对乌军事和经济援助、乌克兰的安全保障等议题。双方重点探讨了进一步加强对俄罗斯的制裁问题,泽连斯基向美方递交了一份加强对俄制裁的行动计划。双方还讨论了正在进行的乌俄谈判问题。
——美国国务院25日发表声明说,布林肯在会谈中告知泽连斯基,美国将向乌克兰和中东欧及巴尔干地区15个北约盟友和伙伴国家提供总额超过7.13亿美元的军事援助资金。其中,乌克兰将获得逾3.22亿美元,用于增强该国作战能力。提供给北约盟友的资金将用于解决它们向乌克兰提供武器后造成的本国武器库存短缺。同时,美国将向乌克兰出售价值1.65亿美元的军火。
——俄罗斯媒体25日援引俄驻美国大使安东诺夫的话报道说,俄方已就美方向乌克兰供应武器问题递交照会,要求美方停止相关举动。安东诺夫表示,美方向乌方供应武器价值达8亿美元,美方此举不利于通过外交途径解决问题。他说,美方意在激化局势,并且没有回应俄方照会。
——据乌克兰国家通讯社报道,文尼察州检察官办公室25日发布声明说,当地时间25日早上,文尼察州西南部城市日梅林卡和东北部城市卡扎京的交通设施遭到俄军导弹袭击,袭击导致5人死亡,18人受伤。目前乌执法机构已赶赴现场展开调查。
——俄罗斯外交部25日发表声明说,俄外交部当天召见德国驻俄大使冯盖尔。作为对德国此前驱逐40名俄罗斯外交人员的对等回应,俄方宣布德驻俄外交机构40名工作人员为“不受欢迎的人”。
——俄罗斯国防部发言人科纳申科夫25日通报,俄防空设备在哈尔科夫州和赫尔松州多个居民点区域内摧毁乌方13架无人机。此外,俄方使用“铠甲-S”弹炮合一防空系统在赫尔松州切尔诺巴耶夫卡居民点上空拦截乌方一枚导弹和18枚多管火箭炮炮弹。他说,俄空天军打击了乌方56处军事目标,其中包括2个指挥所、53个人员装备集中区域以及1个燃料库。(参与记者:李奥、李铭、李东旭、耿鹏宇、邓仙来)(完)
图说1:4月22日,在马里乌波尔,一辆装甲车停在受损建筑旁。新华社发(维克托摄)
图说2: 这是4月21日在马里乌波尔拍摄的亚速钢铁厂远景。。新华社发(维克托摄)
图说3:4月22日,在马里乌波尔,当地居民从受损建筑旁经过。新华社发(维克托摄)