Connect with us

Europe

ယူကရိန်းနှင့်သံတမန်ရေးနည်းလမ်းဖြင့် သဘောတူညီချက်ရရှိရန် မျှော်လင့်ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ရုရှားသမ္မတ ပူတင်တို့ ဧပြီ ၂၆ ရက်က မော်စကိုတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ရုရှားဘက်က ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးရန် ငြင်းပယ်မည်မဟုတ်ကြောင်းနှင့် သံတမန်ရေးနည်းလမ်းဖြင့် သဘောတူညီချက်ရရှိရေးအတွက် မျှော်လင့်ကြောင်း ရုရှားသမ္မတ ပူတင်က ဧပြီ ၂၆ ရက်တွင် မော်စကိုသို့ လာရောက်လည်ပတ်သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ည်။ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ သတင်းများအရ ပူတင်နှင့်ဂူတာရက်စ်သည် ရုရှားဆောင်ရွက်နေသည့် အထူး စစ်ရေးလှုပ်ရှားမှုနှင့် ယူကရိန်းအခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ပူတင်က ရုရှားအနေဖြင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂအား အစဉ်အမြဲထောက်ခံအားပေးကြောင်း၊ ကုလသမဂ္ဂအခြေပြုသည့်မူဝါဒများကို အစွမ်းကုန်ထောက်ခံရာ အနာဂတ်တွင်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှား-ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ စေ့စပ်ဆွေးနွေးမှုသည် အတော်ကြီးမားသည့် ပြောင်းလဲမှုရရှိခဲ့ကြောင်း ပူတင်က ဆိုသည်။ သို့သော် နှစ်ဖက်သဘောတူညီမှုရရှိပြီးနောက် “ဘူချာ ဖြစ်ရပ်”တွင် ရုရှားစွဲသွင်းခံရရာ ၎င်းမှာ ရုရှားတပ်နှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း၊ ထို့နောက် ယူကရိန်းကိုယ်စားလှယ်များ၏ ရပ်တည်ချက်က အခြေခံပြောင်းလဲခဲ့ပြီး မူလထားရှိပြီးသော လုံခြုံရေးအာမခံချက်ဆိုင်ရာ ရပ်တည်ချက်ကို ချိုးဖောက်ခဲ့ကြောင်း ၊ အထူးစစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နေသော်လည်း ရုရှားအနေဖြင့် သံတမန်ရေးနည်းလမ်းဖြင့် သဘောတူညီချက်ရရှိရန် မျှော်လင့်ထားကြောင်း၊ စေ့စပ်ဆွေးနွေးမှုကို ရုရှားက ငြင်းပယ်မည်မဟုတ်သလို အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့၏အခြေအနေက ရှုပ်ထွေးကြောင်း ၊ သို့သော်လည်း ထိုနေရာတွင် စစ်ဆင်ရေးလှုပ်ရှားမှုကို ရပ်တန့်ထားပြီး လူသားချင်းစာနာထောက်ထားမှုစင်္ကြံလည်း ပုံမှန် ဖွင့်လှစ်ထားကြောင်း ပူတင်က ဆိုသည်။ တစ်ချိန်တည်းမှာပင် Azovstal သံ၊သံမဏိစက်ရုံကို ဘက်ပေါင်းစုံ ပိတ်ဆို့ထားပြီဖြစ်သလို ထိုးစစ်ဆင်လှုပ်ရှားမှုကို ဖျက်သိမ်းရန် အမိန့်ချထားကြောင်း၊ အကယ်၍ ယူကရိန်းဘက်က ပြောကြားသလိုပင် Azovstal စက်ရုံအတွင်း အရပ်သားများ ပိတ်မိနေသည်ဆိုပါက ယူကရိန်းစစ်တပ်က အရပ်သားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ဂူတာရက်စ်နှင့်ပူတင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဂူတာရက်စ်နှင့်အတူ မော်စကိုသို့လာရောက်သည့် ၎င်း၏ပြောရေးဆိုခွင့်ရှိသူ Djarricက တွေ့ဆုံဆွေးနွေးမှုတစ်ခုတွင် ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ယူကရိန်းအရေးရပ်တည်ချက်ကို ဂူတာရက်စ်က ထပ်မံအလေးထားပြောကြားခဲ့ပြီး မာရီယူပိုးလ်မြို့ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးနှင့်အရပ်သားများထွက်ခွာရေးအကြံပြုချက်ကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း၊ ပူတင်အနေဖြင့် မူအရ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) က Azovstal စက်ရုံမှ အရပ်သားများထွက်ခွာရေးတွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————–
(Chinese Version)

(乌克兰局势)普京:俄罗斯希望与乌克兰通过外交途径达成协议
2022-04-27 06:37:23
新华社莫斯科4月26日电(记者耿鹏宇)俄罗斯总统普京26日在莫斯科与到访的联合国秘书长古特雷斯举行会谈时表示,俄方不会拒绝与乌克兰进行谈判,并希望通过外交途径达成协议。
据克里姆林宫网站消息,普京与古特雷斯讨论了俄正在进行的特别军事行动及乌克兰局势等问题。普京说,俄罗斯始终支持联合国这一世界性组织,全力支持联合国所依据的原则,未来依然如此。
普京说,俄乌代表团在土耳其伊斯坦布尔谈判中取得相当大的突破。但双方在达成一致后,俄被卷入“布恰事件”中,而俄军与此完全无关。此后乌方谈判代表的立场发生根本性改变,背离了原先关于安全保障问题的立场。虽然特别军事行动仍在进行,俄方仍希望通过外交途径达成协议。俄方不会拒绝谈判,在线谈判正在进行。
普京说,乌克兰马里乌波尔市内情况复杂,但那里的作战行动已经停止,俄军开设的人道主义走廊也正常运行。与此同时,亚速钢铁厂已被全面封锁,他已下令取消进攻行动。如果真的如乌方所言,在亚速钢铁厂内有平民,那么乌军有义务释放他们。
随同古特雷斯访问的其发言人迪雅里克在一份会谈纪要中说,古特雷斯和普京进行了一对一会谈。古特雷斯重申联合国在乌克兰问题上的立场,双方讨论了关于马里乌波尔人道救援和平民撤离的建议,普京原则上同意联合国和红十字国际委员会参与亚速钢铁厂平民撤离,后续讨论将在联合国人道主义事务协调办公室和俄罗斯国防部之间进行。(参与记者:尚绪谦)(完)