Connect with us

Environment, Disasters & Accidents

CNPC သည် ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ်ရောက်ရန် ကြိုးပမ်းမည်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ်သို့ ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ် ဇီဝရုပ်ကြွင်းလောင်စာထက်ပိုသော အစိမ်းရောင်၊ ကာဗွန်ကင်းစင်သောစွမ်းအင်ကို ပြင်ပသို့ ထောက်ပံ့ရန်၊ ၂၀၅၀ ခုနှစ်ဝန်းကျင်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု “သုညနီးပါး” ရောက်ရှိရေး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (CNPC) ၏ အထွေထွေမန်နေဂျာ Hou Qijun က နိုဝင်ဘာ ၅ ရက်နေ့ ရှန်ဟိုင်းတွင် ကျင်းပသည့် စတုတ္ထကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ ၊ တရုတ်ရေနံဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ပြောကြားခဲ့ပါသည်။

နိုင်ငံတကာဘက်စုံစွမ်းအင်ကုမ္ပဏီတစ်ခုအနေဖြင့် CNPC ၏ ၂၀၂၀ ပြည့်နှစ် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း၊ ဓာတ်ဆီဆိုင်များတွင် မြေအောက်ရေညစ်ညမ်းမှုမရှိစေရန် ဓာတ်ဆီစိမ့်ထွက်မှု ကာကွယ်ခြင်းကို အပြည့်အဝပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းများမှ VOCs ထုတ်လွှတ်မှုသည် စုစုပေါင်း ၄၅ ရာခိုင်နှုန်းလျှော့ချခဲ့ကြောင်း၊ ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့တန်ချိန်သန်း ၂၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့သည် ပထမအကြိမ်အဖြစ် ၅၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

စတုတ္ထကြိမ်မြောက်တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ တရုတ်ရေနံဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် CNPC နှင့်နိုင်ငံရပ်ခြားမိတ်ဖက်များ အွန်လိုင်းမှ စာချုပ်ချုပ်ဆို နေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ယခုနှစ်တွင်စတင်ခဲ့သည့် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း CNPC သည် ဘူမိအပူစွမ်းအင်၊ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် (photovoltaic) ဓာတ်အားထုတ်လုပ်ခြင်း၊ လေနှင့် သဘာဝဓာတ်ငွေ့လျှပ်စစ်စွမ်းအင် ပေါင်းစည်းမှု စသောလုပ်ငန်းများကို အတိုင်းအတာဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဟိုက်ဒရိုဂျင်စွမ်းအင်အားကောင်းစေခြင်း နှင့် စွမ်းအင်ဝန်ဆောင်မှုအသစ်များ ၊ သန့်ရှင်းပြီး ကာဗွန်လျော့နည်းသော အဓိကနည်းပညာများကို ကြိုတင်စုဆောင်းကာ CNPC ကို “ရေနံ၊ ဓာတ်ငွေ့၊ သာမိုလျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်” ဘက်စုံစွမ်းအင်ကုမ္ပဏီအဖြစ်သို့ မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်ပါသည်။

စွမ်းအင်အသွင်ကူးပြောင်းခြင်းသည် နေ့ချင်းညချင်း ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း၊ ဇီဝရုပ်ကြွင်းလောင်စာအပေါ် ကမ္ဘာ့စီးပွားရေး၏ မှီခိုမှုကို ပယ်ဖျက်ရန် ခက်ခဲကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေးသည် ယာယီစိတ်ကူးမဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ စွမ်းအင်အကူးအပြောင်းနှင့် စွမ်းအင်လုံခြုံရေးကြား ဆက်နွယ်မှုကို ကောင်းမွန်စွာကိုင်တွယ်ရာ၌ ဆန်းသစ်မှုရှိပြီး တည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်သော နည်းလမ်းကို ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း Hou Qijun က ပြောကြားခဲ့သည်။

တရုတ် ရေနံဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် CNPC နှင့် Saudi Aramco, Messenis Asia Pacific Co., Ltd., Schlumberger, Siemens Energy, Baker Hughes နှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ စုစုပေါင်း စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံနီးပါးရှိသည့် ဝယ်ယူရေး သဘောတူစာချုပ် ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ CNPC ၏ စွမ်းအင်အသွင်ပြောင်းမှုတွင် တက်ကြွသော အင်အားသစ်ဖြည့်တင်းရန် နိုင်ငံတကာမိတ်ဖက်များနှင့် အစိမ်းရောင်၊ ကာဗွန်လျှော့ချရေးစီမံကိန်းများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရပ်ဝန်းနှင့်ပိုးလမ်း တစ်လျေှာက်ရှိ နိုင်ငံများနှင့် အစိမ်းရောင် ကာဗွန်လျှော့ချရေး စက်မှုလုပ်ငန်းဆိုင်ရာကွင်းဆက် တည်ဆောက်ခြင်း၊ အစိမ်းရောင် ကာဗွန်လျှော့ချရေး နယ်ပယ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)

中国石油力争在2025年左右实现碳达峰

新华社上海11月6日电(记者吴宇、高春霄)在5日上海举行的第四届中国国际进口博览会中国石油国际合作论坛上,中国石油天然气集团有限公司总经理侯启军宣布,中国石油将力争在2025年左右实现碳达峰,2035年外供绿色零碳能源超过自身消耗的化石能源,2050年左右实现“近零”排放。
据介绍,作为综合性国际能源公司,2020年中国石油甲烷排放强度较2019年下降6%;全面完成加油站防渗改造,炼化企业挥发性有机物排放总量削减45%;国内油气产量当量突破2亿吨,其中天然气占比首次超50%。

从今年起步的“十四五”规划期间,中国石油将规模化发展地热、分布式风电和光伏发电、集中式风光气电融合等业务;加强氢能、新材料、新能源服务支持战略布局;超前储备一批清洁低碳关键核心技术,努力推动中国石油向“油气热电氢”综合性能源公司转型。

侯启军表示,能源转型不可能一蹴而就。世界经济对传统化石能源的依赖在很长一段时间内难以消除。低碳发展并非一时之念,而是持久之功,要处理好能源转型和能源安全的关系,既要安全,又要创新;既要稳定,又要发展,在多重目标中寻找动态平衡。

在中国石油国际合作论坛上,中国石油与沙特阿美、梅赛尼斯亚太有限公司、斯伦贝谢、西门子能源、贝克休斯等全球合作伙伴签署了33份采购协议,合同总金额近155亿美元。与国际同行开展绿色低碳项目合作、与“一带一路”沿线重点国家合作打造绿色低碳产业链、与战略供应商深化绿色低碳服务领域合作,为中国石油能源转型持续注入活力。

图为在第四届中国国际进口博览会中国石油国际合作论坛上,中国石油与海外合作伙伴现场签约。 受访者供图
图为在第四届中国国际进口博览会中国石油国际合作论坛上,中国石油与海外合作伙伴“云签约”。 受访者供图