Connect with us

International Organizations

G7ထိပ်သီးအစည်းအဝေးပြီးဆုံး ကာကွယ်ဆေး လှူဒါန်းမည့် ကတိပြုချက်မှာ နှေးကွေးနောက်ကျနေ

G7 ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ကြသည့် ခေါင်းဆောင်များ ဗြိတိန်နိုင်ငံ Carbis Bay တွင် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ဖဲလ်မောက် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အချိန် ၃ ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးသည် ဇွန် ၁၃ ရက်၌ ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း Cornwall ခရိုင်တွင် ကျင်းပပြီးစီးခဲ့သည်။ G7 အစည်းအဝေးအပြီးတွင် COVID-19 ရောဂါကာကွယ်ဆေး လှူဒါန်းပေးရေး ၊ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေး စသည့်ကဏ္ဍများ၌ ကတိပြုချက်များ ပြုလုပ်ခဲ့သော်လည်း အချို့သော နိုင်ငံတကာမှ အရေးကြီးပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများက G7 ၏ ကတိပြုချက်မှာ နှေးကွေးနောက်ကျနေပြီး များစွာ မလုံလောက်ကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

G7 အစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း မတိုင်မီ ကမ္ဘာ့နိုင်ငံများအတွက် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ တစ်ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကပ်ရောဂါကို အမြန်ဆုံးပြီးဆုံးအောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်စနစ်ကို ပိုမိုအားကောင်းအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သိပ္ပံနည်းကျ ကာကွယ်ဆေး တီထွင်ထုတ်လုပ်သည့် ရက်သတ္တပတ်အား ရက်ပေါင်း ၁၀၀ အထိ လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးကဏ္ဍ နှင့် ပတ်သက်၍ ကြေညာချက်တွင် G7 အနေဖြင့် ရေရှည်စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်ကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး အမြန်ဆုံးစီးပွားရေးပြန်လည်ကောင်းမွန်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတု ကဏ္ဍနှင့် ပတ်သက်၍ G7 က ၂၀၅၀ ပြည့်နှစ်မတိုင်မီ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတော့ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပါဝင်သည်။

G7 ၏ ကာကွယ်ဆေးဆိုင်ရာ ကတိပြုချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က အဆိုပါကတိပြုချက်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်၍ ကြိုဆိုသင့်သော်လည်း အနောက်နိုင်ငံများမှ ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေး ကဏ္ဍတွင် ဆောင်ရွက်ခဲ့သည့်ကြိုးပမ်းအားထုတ်မှုများသည် များစွာ လုံလောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Gordon Brown က G7 ၏ ကာကွယ်ဆေးဆိုင်ရာ ကတိပြုချက်သည် နှေးကွေးနောက်ကျနေပြီး အင်အားမလုံလောက်သဖြင့် မှန်ကန်သည့် ဖြေရှင်းမှုနည်းလမ်းမဟုတ်ကြောင်း ၊ ၎င်းတို့အနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေး ပထမအဆင့် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Oxfam မှ ကျန်းမာရေးမူဝါဒတာဝန်ခံ Anna Marriott က အကယ်၍ G7 အနေဖြင့် အများဆုံး COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ရေ တစ်ဘီလီယံသာ လှူဒါန်းပေးနိုင်မည်ဆိုပါက ယခုအကြိမ်ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးသည် မအောင်မြင်သည့် အစည်းအဝေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က ဇွန်လ ၇ ရက်၌ လက်ရှိချိန်ထိ ကမ္ဘာပေါ်ရှိ COVID-19 ရောဂါကာကွယ်ဆေးအားလုံး၏ ၄၄ ရာခိုင်နှုန်းသည် ချမ်းသာသည့် နိုင်ငံများတွင် အသုံးပြုခဲ့ကြပြီး ဆင်းရဲသည့်နိုင်ငံများတွင် အသုံးပြုခဲ့သည့်ကာကွယ်ဆေးအရေအတွက်မှာ ဝ.၄ ရာခိုင်နှုန်းသာ ရှိကြောင်း ပြောကြားခဲ့သည်။

လူထု၏ဖိအားပေးမှုကြောင့် အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံ တို့သည် G7 ထိပ်သီးအစည်းအဝေးတွင် ကာကွယ်ဆေး အတူတကွမျှဝေရန် ကတိပြုချက်အချို့ကို ပြုလုပ်ခဲ့သော်လည်း ယင်းကတိပြုချက်များကို နောက်ဆုံးတွင် လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်မည်လားဆိုသည်ကို လက်ရှိတွင် သိရှိနိုင်ခြင်းမရှိသေးပါ ။ ထိပ်သီးအစည်းအဝေး ကျင်းပစဉ်ကာလအတွင်း ပြည်သူအများအပြားက ဆန္ဒပြမှုများပြုလုပ်ခဲ့ကြပြီး G7 အနေဖြင့် လက်တွေ့မကျသော ၊ အနှစ်သာရမရှိသော ၊ လက်တွေ့ဆောင်ရွက်မှုမရှိသော ကတိပြုချက်များကိုသာ ပြုလုပ်နေခြင်း အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

စက်မှုနိုင်ငံကြီး (၇) နိုင်ငံအဖွဲ့အစည်း (Group of Seven , G7) အား ဗြိတိန် ၊ အမေရိကန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ ကနေဒါ နှင့် ဂျပန် နိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသည်။ ဗြိတိန်နိုင်ငံသည် ယခုနှစ် G7 အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သည်။

ယခုအကြိမ်ထိပ်သီးအစည်းအဝေးတွင် G7 အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအပြင် သြစတြေးလျ ၊ တောင်ကိုရီးယား ၊ အိန္ဒိယ နှင့် တောင်အာဖရိက နိုင်ငံတို့မှ ခေါင်းဆောင်များလည်း ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြပြီး အီးယူကိုယ်စားလှယ်ကလည်း အစည်အဝေးအား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)七国集团峰会闭幕 疫苗捐赠承诺姗姗来迟
2021-06-14 02:17:44 分类: 政治法律
新华社英国法尔茅斯6月13日电(记者张代蕾 许凤)为期三天的七国集团峰会13日在英国西南部康沃尔郡闭幕。尽管七国集团会后在新冠疫苗捐赠、经济复苏等领域做出承诺,但一些国际政要和机构指出,七国集团的承诺姗姗来迟,且远远不够。
七国集团在会后发表的联合公报中说,将在明年年底前为全球提供10亿剂新冠疫苗,以推动尽快结束新冠疫情大流行;将合作加强全球卫生应急体系,致力于把科学研发新疫苗的周期缩短至100天。
在经济领域,七国集团表示将维持长期经济刺激计划,尽快实现经济复苏。在环保和气候领域,七国集团承诺在2050年前实现温室气体“净零排放”。
针对七国集团的疫苗承诺,联合国秘书长古特雷斯认为,这虽然是值得欢迎的正确决定,但西方国家在全球抗疫领域做出的努力“远远不够”。
英国前首相布朗表示,七国集团的疫苗承诺姗姗来迟,且力度不够,不是真正的解决方案。“他们没能通过(抗疫)第一阶段的考验。”
国际救援组织乐施会的卫生政策负责人马里奥特说,如果七国集团最多只能捐赠10亿剂新冠疫苗,那么“这次峰会是失败的”。
世卫组织总干事谭德塞6月7日说,到目前为止,全部新冠疫苗的44%被用在富裕国家,而用在最贫困国家的只占0.4%。
迫于舆论压力,美国和英国在七国集团峰会上做出了一些疫苗共享承诺,但这些承诺最终能否兑现依然是未知数。在峰会举行期间,大批民众举行示威游行,抗议七国集团只做“空洞的承诺”,缺少实际行动。
七国集团由英国、美国、法国、德国、意大利、加拿大和日本组成。英国是今年七国集团轮值主席国。除七国领导人外,澳大利亚、韩国、印度和南非领导人应邀参加此次峰会,欧盟代表也出席会议。(完)

Photo
6月11日,参加七国集团峰会的领导人在英国康沃尔郡卡比斯贝合影。新华社发(英国首相府供图)