Connect with us

Europe

ရုရှားသမ္မတ ပူတင် စသည့် လူပုဂ္ဂိုလ်များအား ပိတ်ဆို့အရေးယူမည်ဟု ယူကရိန်းကြေညာ

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မေ ၂၉ ရက်တွင် ခွာကစ်ဗ်ပြည်နယ်သို့ သွားရောက်စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ-Ukrainian Presidential Office/Handout via Xinhua)

ကိဗ်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီက ရုရှားနိုင်ငံ သမ္မတ ပူတင် အပါအဝင် ရုရှားအစိုးရအဓိကလူပုဂ္ဂိုလ်များအား ပိတ်ဆို့အရေးယူမှု ပြုလုပ်သွားမည့် အမိန့်ကြေညာချက်တစ်စောင်ကို ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဇွန် ၉ ရက်တွင် လက်မှတ်ရေးထိုး ကြေညာခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတရုံး ဝက်ဘ်ဆိုက်၏ ယင်းနေ့တွင်ထုတ်ပြန်သော သတင်းများအရ ပိတ်ဆို့အရေးယူသော အမည်စာရင်း၌ လူ ၃၅ ဦး ပါဝင်ကြောင်း သိရသည်။ ရုရှားနိုင်ငံ သမ္မတပူတင် အပြင် ရုရှားသမ္မတရုံး သတင်းနှင့်ပြန်ကြားရေးအတွင်းရေးမှူး Dmitry Peskov ၊ ဝန်ကြီးချုပ်Mikhail Mishustin ၊ ကာကွယ်ရေးဝန်ကြီး Sergei Shoigu ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov စသည်တို့ကိုလည်း အမည်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ ပိတ်ဆို့အရေးယူသည့်နည်းလမ်းများတွင် ပိတ်ဆို့ခံရသူများ၏ ယူကရိန်းရှိ ပိုင်ဆိုင်မှုကို စီမံအသုံးပြုခြင်းအား ကာလအပိုင်းအခြားမရှိ ကန့်သတ်ခြင်း၊ ယူကရိန်းနှင့် ကုန်သွယ်ရေးလုပ်ဆောင်ခွင့်က တားမြစ်ခြင်းတို့ ပါဝင်သည်။

ထိုနေ့တွင်ပင် ရုရှား တက္ကသိုလ် ၂၆၁ ကျောင်းရှိ ပါမောက္ခချုပ်များကို ပိတ်ဆို့အရေးယူကြောင်း၊ ရုရှားတက္ကသိုလ် ၂၃၆ ခုနှင့် သိပ္ပံ၊ ယဉ်ကျေးမှု၊ ပညာရေး၊ အားကစား စသည့်ကဏ္ဍများဆိုင်ရာ ဖလှယ်မှုကိုလည်း ယာယီရပ်ဆိုင်းကြောင်း သမ္မတအမိန့်တစ်ရပ်ကို ဇယ်လန်းစကီးက လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)
乌克兰宣布对俄总统普京等人实施制裁
2022-06-10 03:18:19
新华社基辅6月9日电乌克兰总统泽连斯基9日签署总统令,宣布实施乌国家安全和国防委员会针对俄罗斯总统普京等俄政要的制裁措施。
根据乌总统府网站当天发布的消息,制裁名单共包括35人。除普京外,俄总统新闻秘书佩斯科夫、总理米舒斯京、国防部长绍伊古、外交部长拉夫罗夫等也被列入制裁名单。制裁措施包括对制裁对象在乌资产无限期限制使用或予以处置、禁止受制裁者从事对乌贸易等。
泽连斯基同日还签署总统令,宣布对俄罗斯261所大学校长实施制裁,并暂停与俄罗斯236所大学在科学合作、文化、教育和体育等领域的交流活动。(参与记者:李铭、李东旭)(完)