Connect with us

China

အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တုံ့ပြန်

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို ဧပြီ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ လက်နက်များ ရောင်းချမှုနှင့် ပတ်သက်ပြီး အမေရိကန်၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်ရာရောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး အကျိုးစီးပွားနှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းမှုအပေါ် ကြီးမားသော အန္တရာယ်ရှိသောကြောင့် တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက ဇွန် ၉ ရက်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ထည့်သွင်းဖြေကြားခဲ့သည်။

သတင်းအချက်အလက်များအရ အမေရိကန်အစိုးရက ဇွန် ၈ ရက်တွင် ထိုင်ဝမ်သို့ ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိ စစ်သင်္ဘော အပိုပစ္စည်းနှင့် သက်ဆိုင်ရာနည်းပညာ အထောက်အပံ့များ ပါဝင်သည့် လက်နက်ရောင်းချမှု အစီအစဉ်သစ်တစ်ရပ်ကို ကြေညာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်သို့မှတ်ချက်ပြုပါသနည်းဟု သတင်းထောက်တစ်ဦး မေးမြန်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်က ထိုင်ဝမ်ဒေသသို့ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာအထောက်အပံ့များ ရောင်ချခြင်းက တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်၊ အထူးသဖြင့် ဩဂုတ် ၁၇ ရက်က လက်မှတ်ရေးထိုးထားသော ကြေညာချက်ပါ စည်းမျဉ်းများကို ပြင်းပြင်းထန်ထန် ချိုး‌ဖောက်ကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး အကျိုးစီးပွားနှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းမှုအပေါ် ကြီးမားသော အန္တရာယ်ရှိသောကြောင့် တရုတ်နိုင်ငံက ယင်းအပေါ် မကျေနပ်ကြောင်းနှင့် အခိုင်အမာ ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထန်ခက်ဖေးက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပြန်လည်ပေါင်းစည်းရမည်ဖြစ်သလို၊ ပြန်လည်ပေါင်းစည်းသွားမည်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံ၊ စစ်တပ်နှစ်ခုကြား ဆက်ဆံရေး ထိခိုက်မှု မဖြစ်စေရန် အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုအစီအစဉ်နှင့် အမေရိကန်-ထိုင်ဝမ် စစ်ရေးအရဆက်သွယ်မှုများကို ရပ်တန့်ရန် ၊ “ထိုင်ဝမ်လွတ်လပ်ရေး” ထံ မှားယွင်းသော အချက်ပြမှုများကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

“လွတ်လပ်ရေးရရှိရန် ပြည်ပကို အားကိုးခြင်း” က ထွက်လမ်းမရှိကြောင်း၊ “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်ခြင်း” က မုချကျရှုံးမည်ဖြစ်ကြောင်း DPP အာဏာပိုင်များနှင့် အခြားပြင်ပအင်အားစုအချို့ကို သတိပေးထားကြောင်း ထန်ခက်ဖေးက ဆိုသည်။ ပြင်ပအင်အားစုက ဝင်ရောက်စွက်ဖက်မှုနှင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရန် ကြံစည်မှုအားလုံးကို ပြတ်ပြတ်သားသား တားဆီးပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိရောက်သော အစီအမံများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
国防部回应美对台军售:强烈不满 坚决反对
新华社北京6月10日电(记者张汨汨)国防部新闻发言人谭克非9日就美对台军售答记者问。他表示,美国此举粗暴干涉中国内政,严重损害中国主权和安全利益,严重危害台海地区和平稳定,中方对此强烈不满和坚决反对。
有记者问,据报道,美国政府6月8日宣布批准了一项新的对台军售计划,拟向台提供价值1.2亿美元的军舰零附件及相关技术支持。请问对此有何评论?
谭克非说,美国向中国台湾地区出售武器及提供军事技术支持,严重违反一个中国原则和中美三个联合公报特别是“八•一七”公报规定,粗暴干涉中国内政,严重损害中国主权和安全利益,严重危害台海地区和平稳定,中方对此强烈不满和坚决反对。
谭克非强调,台湾是中国领土不可分割的一部分。中国必须统一,也必然统一。中方敦促美方立即撤销上述对台军售计划,停止售台武器和美台军事联系,停止向“台独”分裂势力发出错误信号,以免给中美两国两军关系造成进一步破坏。
“我们正告民进党当局和某些外部势力,‘挟洋谋独’没有出路,‘以台制华’注定失败。”谭克非说,中国人民解放军将采取有力措施,坚决挫败任何形式的外部势力干涉和“台独”分裂图谋,坚定捍卫国家主权和领土完整。(完)