Connect with us

China

အမေရိကန်နှင့် နေတိုးအဖွဲ့အဖြင့် ဆောင်ရွက်ခဲ့သည့် စစ်ရာဇဝတ်မှုများအပေါ် လေးနက်စွာ ပြန်လည်ဆန်းစစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် နေတိုးအဖွဲ့တို့သည် ပြီးခဲ့သည့် ၂၃ နှစ်က ယူဂိုဆလားဗီးယားသို့ ဗုံးကြဲတိုက်ခိုက်စဉ် ယူရေနီယံဗုံး အများအပြားကြဲချမှုနှင့် ပက်သက်၍ အမေရိကန်နှင့်နေတိုးအဖွဲ့တို့က ၎င်းတို့ဆောင်ရွက်ခဲ့သည့် စစ်ရာဇဝတ်မှုများ အပေါ်လေးနက်စွာပြန်လည်ဆန်းစစ်သင့်ပြီး ယူရေနီယံဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သူများအား ဆောလျင်စွာ ကျိုးကြောင်းဆီလျော်မှုရှိသော ဖြေရှင်းချက်နှင့် လျော်ကြေးများပေးသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “ဇွန်လ ၁၀ ရက်နေ့ဟာ ယူဂိုဆလားဗီးယားကို နေတိုးအဖွဲ့ ဗုံးကြဲခဲ့တဲ့ ၂၃ နှစ်မြောက် အထိမ်းအမှတ်နှစ်ပတ်လည်ဖြစ်တယ်။ ထိုအချိန် နေတိုးအဖွဲ့က ကြဲချခဲ့တဲ့ ယူရေနီယံဗုံး ၁၅ တန်ရဲ့ သက်ရောက်မှုနဲ့ ပက်သက်ပြီး ယူရေနီယံဗုံးဒဏ်ခံရသူ ၃,၀၀၀ က နိုင်ငံတကာရှေ့နေအဖွဲ့မှတစ်ဆင့်နေတိုးအဖွဲ့ကို တရားစွဲခဲ့သော်လည်း နေတိုးအဖွဲ့က ၎င်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရှိကြောင်း‌ ပြောခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်ကဘယ်လိုမှတ်ချက်ပြုပါသလဲ” ဟု မေးမြန်းခဲ့သည်။
လွန်ခဲ့သည့် ၂၃ နှစ်က အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ယူဂိုဆလားဗီးယားကို ၇၈ ရက်ကြာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လိကျန်း က ပြောကြားခဲ့သည်။ ထိုကာလအတွင်း နေတိုးတပ်ဖွဲ့က ယူရေနီယံဗုံး ၁၅ တန်ပါဝင်သည့် တန်ချိန် ၂၂,၀၀၀ နီးပါးရှိသော ဗုံး ၄၇ လုံး ကြဲချခဲ့ရာ ကလေးငယ် ၇၉ ဦးအပါအဝင် လူပေါင်း ၂,၅၀၀ ကျော် သေဆုံးမှုနှင့် လူပေါင်း ၁ သန်းကျော်ကို ဒုက္ခသည်ဖြစ်စေခဲ့သည်။

ကျောက်လိကျန်းက ယင်းတိုက်ပွဲအတွင်း စိတ်နာဖွယ်ကောင်းသည်မှာ တိုက်ပွဲကြောင့်ဖြစ်ပေါ်လာသည့် သေဆုံးမှုနှင့် ဆင်းရဲဒုက္ခများက ယနေ့အထိတိုင်သက်ရောက်မှုရှိနေသည့်အပြင် ခေတ်အဆက်ဆက်မျိုးဆက်များအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ ယူရေနီယံဗုံး၏ လူ့ခန္တာကိုယ်အပေါ် ထိခိုက်မှုကအန္တရာယ်အစပျိုးချိန် ကြာရှည်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူသားစားနပ်ရိက္ခာကွင်းဆက်အပေါ် ရေရှည်သက်ရောက်မှုရှိခြင်းတို့ ဖြစ်ကြောင်းကျွမ်းကျင်ပညာရှင်များက ထောက်ပြထားသည်။ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၁၀ နှစ်ကာလအတွင်း ဆားဘီးယားတွင် လူပေါင်း ၃၀,၀၀၀ ခန့် ကင်ဆာရောဂါဖြစ်ပွားခဲ့ပြီး ၁၀,၀၀၀ ကျော်သေဆုံးခဲ့သည်။ Belgrade ပြည်သူ့ကျန်းမာရေး အင်စတီကျု၏ အချက်အလက်များအရ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆားဘီးယားတွင် မှတ်တမ်းတင်ပြုစုထားသည့် ကင်ဆာလူနာအရေအတွက်သည် ၉၇,၀၀၀ အထိရှိကြောင်း သိရသည်။ ဆားဘီးယားအရေးပေါ်ဌာန၏ သုတေသနပြုချက်အရ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံအတွင်းမွေးဖွားသော အသက် ၁ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များတွင် ectodermal အကျိတ်များ၊ အသက် ၅ နှစ်မှ ၉ နှစ်ကြားကလေးများတွင် ပြင်းထန်သော သွေးကင်ဆာများနှင့် အသက် ၉ နှစ်မှ ၁၈ နှစ် ကလေးများတွင် ဦးနှောက်တွင်းအကျိတ်များ ဖြစ်ပွားမှုသည် သိသိသာသာ တိုးလာခဲ့သည်။ ထိုပြင် ၂၀၁၉ ခုနှစ် မေလအထိ နေတိုးအဖွဲ့ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အီတလီ စစ်သားပေါင်း ၃၆၆ ဦးသည် ကင်ဆာရောဂါကြောင့် သေဆုံးခဲ့ပြီး ၇,၅၀၀ ကျော်မှာ ရောဂါဒဏ်ခံနေရကြောင်း သိရသည်။

ထိုစဉ်က ယူရေနီယံဗုံးကြဲရန် စစ်လေယာဉ်များစေလွှတ်ခဲ့သည့် အမေရိကန်သည် ယူရေနီယံဗုံး၏ တီထွင်သူနှင့် တစ်ဦးတည်းသော သုံးစွဲသူဖြစ်ကြောင်း ၎င်းက ဆိုသည်။သို့သော် အမေရိကန်က ယူရေနီယံဗုံးများသည် “ဘော့စနီးယားစစ်ပွဲဆိုင်ရာ ရောဂါလက္ခဏာ” နှင့် “Kosovo စစ်ပွဲဆိုင်ရာ ရောဂါလက္ခဏာ” ဖြစ်ပွားခြင်း၏တိုက်ရိုက်အကြောင်းရင်းမဟုတ်ကြောင်း လက်ရှိအချိန်အထိ ငြင်းဆိုနေသည်။ ထို့ပြင် နေတိုးအဖွဲ့က ကင်းလွတ်ခွင့်ဖြင့် ရာဇဝတ်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည်။ အမေရိကန်နှင့် နေတိုးအဖွဲ့၏ ယင်းလုပ်ဆောင်ချက်များက အံ့အားသင့်ဖွယ်ကောင်းကြောင်း ကျောက်လိကျန်းကဆိုသည်။

“အဲ့ဒီအပေါ် ဆားဘီးယားပြည်သူနဲ့ တရားမျှတမှုလိုလားသူတွေက သဘောတူမှာမဟုတ်ပါဘူး” ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ အမေရိကန်နှင့် နေတိုးအဖွဲ့တို့က ၎င်းတို့ဆောင်ရွက်ခဲ့သည့် စစ်ရာဇဝတ်မှုများအပေါ် လေးလေးနက်နက်ပြန်လည်ဆန်းစစ်သင့်ပြီး ယူရေနီယံဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သူများအား ဆောလျင်စွာ ကျိုးကြောင်းဆီလျော်မှုရှိသော ဖြေရှင်းချက်နှင့် လျော်ကြေးများ ပေးသင့်ကြောင်းပြောကြားခဲ့သည်။ နေတိုးအဖွဲ့အနေဖြင့် ဤကိစ္စရပ်အပေါ် လေးနက်စွာ သင်ခန်းစာယူပြီး ကမ္ဘာ့နေရာအသီးသီးတွင် လှုံ့ဆော်မှုနှင့် ကွဲပြားမှုအသစ်များ ဖန်တီးခြင်းမှ ရပ်တန့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။(Xinhua)

…………………………………………
(Chinese Version)
外交部:美北约应深刻反省自己犯下的战争罪行
新华社北京6月10日电(记者成欣)针对美北约在23年前轰炸南联盟期间投下大量贫铀弹,外交部发言人赵立坚10日表示,美北约应该深刻反省自己犯下的战争罪行,早日给遭受贫铀弹侵袭的受害者合理的交代和赔偿。
当日例行记者会上,有记者问:6月10日是北约轰炸南联盟结束23周年纪念日。针对北约当年投掷15吨贫铀弹造成的恶劣影响,3000名贫铀弹受害者委托国际律师团队对北约提起诉讼。然而,北约却声称自己具有豁免权。请问中方对此有何评论?
赵立坚表示,23年前,以美国为首的北约在没有获联合国安理会批准的情况下,悍然对南联盟发动78天的持续轰炸。其间,北约投放了近42万枚、总计2.2万吨炸弹,其中包括15吨贫铀弹,直接造成包括79名儿童在内的2500多人死亡,100多万人沦为难民。
赵立坚说,令人痛心的是,战争给当地带来的死亡和痛苦仍贻害至今,代代延续。有关专家指出,贫铀弹对人体的伤害有较长的潜伏期,对环境和人类的食物链也造成长期影响。轰炸发生后的10年,塞尔维亚约有3万人患癌症,其中1万多人死亡。根据贝尔格莱德公共卫生研究所的统计,截至2019年年底,塞尔维亚登记在册的患癌症人数高达9.7万。塞尔维亚急救中心的研究表明,1999年以后本国出生的儿童,1到5岁多发外胚层肿瘤,5至9岁多发恶性血液病,9至18岁脑瘤发病率急剧上升。此外,截至2019年5月,366个参与北约军事行动的意大利士兵患癌症死亡,7500人深受病痛折磨。
他说,当年派出军机投放贫化铀的美国,同时也是贫铀弹的发明者和唯一使用者。美国却至今否认贫铀弹是“海湾战争综合征”和“科索沃战争综合征”的直接原因。而北约也企图以所谓豁免权逃脱罪责。美北约这种做法令人震惊。
“对此,塞尔维亚人民不会答应,寻求正义的世界人民也不会答应。”赵立坚说,美北约应该深刻反省自己犯下的战争罪行,早日给遭受贫铀弹侵袭的受害者合理的交代和赔偿。北约还应该认真吸取教训,不要再在世界各地制造新的动荡分裂。(完)