Connect with us

Europe

ဆွီဒင်နှင့်ဖင်လန် နေတိုးအဖွဲ့သို့ ဝင်ရောက်မည့် အချိန် မသေချာသေးဟု နေတိုးအထွေထွေအတွင်ရေးမှူးချုပ် ပြောကြား

ဆွီဒင်ဝန်ကြီးချုပ် Magdalena Anderssonနှင့် ဆွီဒင်သို့လာရောက်လည်ပတ်သော နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ဇွန် ၁၃ ရက်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဆင်ဟွာ)

စတော့ဟုမ်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ဆွီဒင်နှင်ဖင်လန် နိုင်ငံများ၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် လုပ်ငန်းစဉ်သည် ခန့်မှန်းထားသည်ထက် ရှုပ်ထွေးရာ အဖွဲ့ဝင်ဖြစ်ရေး အချိန်မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဇွန် ၁၃ ရက် ဆွီဒင်တွင် ပြောကြားခဲ့သည်။ဆွီဒင် ဝန်ကြီးချုပ် Magdalena Anderssonသည် ဇွန် ၁၃ ရက်က ဆွီဒင်သို့လာရောက်လည်ပတ်သော နေတိုးအတွင်းရေးမှူးချုပ်Jens Stoltenbergနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် Jens Stoltenbergက နေတိုးအဖွဲ့အနေဖြင့် တူရကီ၏ဂရုပြုမှုနှင့်အခြားသောပြဿနာများကို အလွန်အလေးထားကြောင်း၊ ဆွီဒင်၊ ဖင်လန်နှင့်တူရကီတို့အကြား နီးကပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကာ သက်ဆိုင်ရာပြဿနာများကို ကြိုးပမ်း ဖြေရှင်းနေကြောင်း ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် ဆွီဒင်၏ လက်နက် တင်ပို့မှုနှင့် အကြမ်းဖက်တိုက်ဖျက်ရေး အချက်ပေးမှုက အလွန်အရေးကြီးကြောင်း ၎င်း ဆိုသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Lindeက ဆွီဒင်နိုင်ငံအနေဖြင့် တူရကီအပါအဝင် နေတိုးအဖွဲ့တစ်ခုလုံး၏လုံခြုံရေးအတွက် အကျိုးဆောင်သွားမည်ဟု ကတိပြုကြောင်း ဇွန် ၁၀ ရက်တွင် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ ကြေညာချက်တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးမူဝါဒ ကြေညာချက်အရ ဆွီဒင်သည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားပါက “နိုင်ငံဥပဒေသတ်မှတ်ချက်အတိုင်းအတာအတွင်း လက်နက်တင်ပို့မှုသတ်မှတ်ချက်ကို ပြောင်းလဲ”နိုင်ကြောင်းနှင့် နေတိုး၏မူဘောင်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆွီဒင်နိုင်ငံနှင့် ဖင်လန်နိုင်ငံသည် မေ ၁၈ ရက်တွင် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်လျှောက်ထားခဲ့သည်။ လုပ်ထုံးလုပ်နည်းများအရ နေတိုးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ (၃၀) တစ်ပြေးညီ သဘောတူမှသာ အဖွဲ့ဝင်အသစ်လက်ခံနိုင်မည် ဖြစ်သည်။ ယခုကာလများတွင် တူရကီအစိုးရက နေတိုးအဖွဲ့သို့ ဆွီဒင်နှင့်ဖင်လန်ဝင်ရောက်ရန် ကြိုးပမ်းရာတွင် ကာဒစ္စတန် အလုပ်သမားပါတီ(PKK)၊ ဆီးရီးယား ကာဒစ္စတန်လက်နက်ကိုင် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”နှင့် ”Gülen hareketi”လှုပ်ရှားမှုအား ထောက်ခံခြင်းကို ရပ်တန့်ရမည် ဖြစ်ပြီး တူရကီ ကာကွယ်ရေးပစ္စည်းတင်ပို့မှု ကန့်သတ်ချက်ကို ပယ်ဖျက်ပေးရမည် ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ အလေးထား ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)北约秘书长:瑞典和芬兰加入北约时间“无法确定”
2022-06-14 04:50:05 分类: 政治法律
新华社斯德哥尔摩6月13日电(记者和苗)北约秘书长斯托尔滕贝格13日在瑞典表示,瑞典和芬兰申请加入北约的流程比预期复杂,两国获准入约的具体时间“无法确定”。
瑞典首相安德松13日与到访的斯托尔滕贝格举行会晤。斯托尔滕贝格在会晤后举行的联合记者会上说,北约非常重视土耳其的关切以及其他问题,正在与瑞典、芬兰和土耳其密切协商,努力解决相关问题。他说,在当前情况下,瑞典发出有关武器出口和反恐的信号很重要。
瑞典外交大臣林德10日发表政府新外交政策声明时表示,瑞典承诺为包括土耳其在内的整个北约安全作出贡献。根据外交政策声明,瑞典若成为北约成员国,可以“在国家法规范围内改变武器出口的条件”,并将遵守北约的各项纲领。
瑞典和芬兰5月18日正式递交加入北约的申请。按照规程,北约必须在30个成员国“一致同意”前提下才能吸纳新成员。土耳其政府近来多次强调,瑞典和芬兰在寻求加入北约时必须停止对库尔德工人党、叙利亚库尔德武装“人民保护部队”以及“居伦运动”的支持,并解除对土耳其出口国防设备的限制。(完)
1. 6月13日,瑞典首相安德松(右)与到访的北约秘书长斯托尔滕贝格在瑞典首都斯德哥尔摩以西约120公里的哈普松德首相夏季庄园出席新闻发布会。新华社发(瑞典政府供图/马格努斯·利耶格伦 摄)