Connect with us

Eastern Europe

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ရှိ Azovstal သံ၊ သံမဏိစက်ရုံမှလွဲ၍ မြို့ပြနေရာအားလုံး ထိန်းချုပ်နိုင်ပြီဟု ရုရှားဆို

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့အနီး သံချပ်ကာယာဉ်တစ်စီး ဖြတ်သန်းသွားသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် Azovstal သံ၊သံမဏိစက်ရုံမှလွဲ၍ မြို့ပြနေရာအားလုံးကို ရုရှားတပ်များ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ယူကရိန်းစစ်တပ် လက်ကျန်အင်အားနှင့် ကြေးစားတပ်များမှာ Azovstal သံ၊သံမဏိစက်ရုံအတွင်း ပိတ်မိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။လူသားချင်းစာနာထောက်ထားမှုအတွက် စဉ်းစားကာ Azovstal စက်ရုံအတွင်းရှိ ယူကရိန်းစစ်တပ်နှင့် ကြေးစားစစ်သားများ လက်နက်ချမည်ဆိုပါက လုံခြုံရေးအာမခံချက်ရရှိမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ မော်စကို စံတော်ချိန် ဧပြီ ၁၇ ရက် နံနက် ၆ နာရီ မှ နေ့လည် ၁ နာရီအတွင်း လက်နက်ချသည့် ယူကရိန်းစစ်သားများအနေဖြင့် Azovstal စက်ရုံမှ ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် ပျက်စီးနေသည့် အဆောက်အဦများအကြား ဒေသခံများအား ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဧပြီ ၁၆ ရက် ညနေပိုင်းက ရုရှားနိုင်ငံမှ ကြားဖြတ်ရရှိထားသော မာရီယူပိုးလ်ရှိ ယူကရိန်းစစ်တပ်နှင့် ယူကရိန်း တာဝန်ရှိသူကြား ဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုတွင် ယူကရိန်း တာဝန်ရှိသူက ရုရှား၏ လက်နက်ချရေးတောင်းဆိုချက်ကို သဘောတူခြင်းမရှိကြောင်း သတင်းများအရ သိရသည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် ပျက်စီးနေသည့် အဆောက်အဦများအကြား ဒေသခံများအား ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဧပြီ ၁၆ ရက်တွင် ဗွီဒီယိုဖြင့်ပြောကြားရာတွင် ယူကရိန်းအစိုးရသည် မာရီယူပိုးလ်ရှိ ယူကရိန်းစစ်တပ်နှင့် အမြဲအဆက်အသွယ်ရှိပြီး စစ်ရေး သို့မဟုတ် သံတမန်ရေးဖြင့် ဖြေရှင်းမည့်နည်းလမ်းအား ကြိုးပမ်းနေကြောင်း၊ သို့သော်လည်း လက်ရှိတွင် မျှော်လင့်ထားသည့်နည်းလမ်းမရှိသေးကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
(乌克兰局势)俄称已控制马里乌波尔除亚速钢铁厂之外的所有城区
2022-04-17 12:59:50 分类: 政治法律
新华社莫斯科4月17日电俄罗斯国防部发言人科纳申科夫16日称,俄军已经控制了乌克兰马里乌波尔市除亚速钢铁厂之外的所有城区,乌军剩余力量和雇佣军被封锁在亚速钢铁厂内。
俄国防部16日发表声明说,出于人道主义考虑,亚速钢铁厂内的乌军和雇佣兵凡是愿意弃械投降的,都能得到安全保障。从莫斯科时间17日清晨6时(北京时间当日11时)到下午1时(北京时间18时),放下武器的乌军可以离开亚速钢铁厂。
据报道,俄16日晚截获的马里乌波尔乌军同乌官方通话显示,乌官方不同意其投降请求。
乌总统泽连斯基16日发表视频讲话说,乌政府一直保持同马里乌波尔乌军的联系,并寻求军事或外交解决方案,但目前尚未找到理想方案。(完)
图说1:4月17日,装甲车辆从马里乌波尔附近驶过。 新华社发(维克托摄)
图说2,3:4月17日,在马里乌波尔,当地居民在被损坏的建筑旁休息。新华社发(维克托摄)