Connect with us

Eastern Europe

အထူးစစ်ဆင်ရေး အဆင့်သစ် စတင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား၊ စစ်ရေးအခြေအနေ သက်တမ်းထပ်တိုးမည်ဟု ယူကရိန်းလွှတ်တော် ကြေညာ

ရုရှားအလံချိတ်ထားသော ယာဉ်တစ်စီး မာရီယူပိုးလ်မြို့အနီး ဖြတ်သန်းသွားသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ယူကရိန်းတွင်ရုရှားအထူးစစ်ဆင်ရေး အဆင့်သစ် စတင်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဧပြီ ၁၉ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ နိုင်ငံတော်စစ်ရေးအခြေအနေ သမ္မတအမိန့် မူကြမ်းကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယူကရိန်း လွှတ်တော်က ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့သည်။
___ ယူကရိန်းရှိ ရုရှားအထူးစစ်ဆင်ရေး အဆင့်သစ် စတင်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဧပြီ ၁၉ ရက် India Today ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ယူကရိန်းအုပ်ချုပ်ရေးအာဏာကို ပြောင်းလဲရန် ရုရှားတွင် အစီအစဉ်မရှိကြောင်းနှင့် ယူကရိန်းပြည်သူများကသာ မိမိသဘောဖြင့် မည်သို့နေထိုင်ရမည်ကို ဆုံးဖြတ်သင့်ကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ ၌ပျက်စီးနေသည့်အဆောက်အဦများကြား မြို့နေပြည်သူများအား ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ နိုင်ငံတော်စစ်ရေးအခြေအနေ သမ္မတအမိန့် မူကြမ်းကို ခွင့်ပြုလိုက်ခြင်းနှင့်စပ်လျဉ်း၍ ယူကရိန်းလွှတ်တော်က ဧပြီ ၁၉ ရက် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းမူကြမ်း၏ အသေးစိတ်အကြောင်းအရာများကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ လက်ရှိ အမိန့်စာသတ်မှတ်ချက်အရ ယူကရိန်းနိုင်ငံ စစ်ရေးအခြေအနေကို ဧပြီ ၂၅ ရက် ထိ တိုးမြင့်သွားမည် ဖြစ်သည်။

___ လူးဟန့်စ်ခ်တွင် ရုရှားတပ်များ အကြီးအကျယ်ထိုးစစ်ဆင်မှု စတင်နေပြီဖြစ်ရာ ယူကရိန်းနှင့်ရုရှား စစ်တပ်များက လူးဟန့်စ်ခ်ရှိ မြို့နှစ်မြို့အတွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ယူကရိန်းသတင်းအေဂျင်စီက ဧပြီ ၁၉ ရက်တွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ ၌ပျက်စီးနေသည့်အဆောက်အဦများကြား မြို့နေပြည်သူများအား ဧပြီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ဒွန်းဘတ်စ်ရှိ ရုရှားလက်နက်အင်အားက မာရီယူပိုးလ်မြို့ Azovstal သံ၊သံမဏိစက်ရုံကို စတင်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း Tassသတင်းအေဂျင်စီက ဧပြီ ၁၉ ရက်တွင် ဖော်ပြထားသည်။ထို့နောက် ရုရှား အမျိုးသားကာကွယ်ရေး ကွပ်ကဲမှုဗဟိုဌာန အကြီးအကဲ Mizintsevက စက်ရုံအတွင်း တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် အကြံပြုကြောင်း ပြောကြားခဲ့သည်။

___ ပဋိပက္ခအတွင်း ယူကရိန်းအခြေခံအဆောက်အအုံ ၃၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပြီး ၎င်းတို့တွင် တံတား အစင်း ၃၀၀၊ ကီလိုမီတာ ၈,၀၀၀ ကျော်ရှိ ယာဉ်သွားလမ်းတို့ပါဝင်ကြောင်း ယူကရိန်းသတင်းအေဂျင်စီက ယူကရိန်း အခြေခံအဆောက်အအုံရေးရာဝန်ကြီးKubrakov၏ ပြောကြားချက်ကို ကိုးကား၍ ဧပြီ ၁၉ ရက်တွင် ဖော်ပြထားသည်။ Kubrakovက ယူကရိန်းအစိုးရ၏ ခန့်မှန်းချက်များအရ ယင်းအခြေခံအဆောက်အအုံပျက်စီးမှုများကြောင့် တိုက်ရိုက်စီးပွားရေးဆုံးရှုံးနစ်နာမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ခန့်ရှိကြောင်း ဆိုသည်။

___ ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၀ စီး၊ မောင်းသူမဲ့လေယာဉ် ၄၈၇ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၅၂ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၃၅၃ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၂၅၆ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၀၁၄ လက်း၊ စစ်ဘက်သုံးအထူးယာည် ၂,၂၀၈ စီး ရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

___ ရုရှား-ယူကရိန်းနယ်စပ်ဒေသ Golovchinoကျေးရွာကို ဧပြီ ၁၉ ရက်တွင်ယူကရိန်းဘက်မှ တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံ Belgorodပြည်နယ်အုပ်ချုပ်ရေးမှူး Gladkovက ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ခဲ့သည်။

___ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်တွင် ရုရှားနိုင်ငံဆိုင်ရာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဩစတြီးယား သံအမတ်များကို ဆင့်ခေါ်၍ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဩစတြီးယား သံရုံးဝန်ထမ်းအချို့အား “မကြိုဆိုထိုက်သူ”စာရင်းကို ကြေညာခဲ့ပြီး ၎င်းတို့အား ရုရှားမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြောင်း ယင်းနေ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ထိုမတိုင်မီ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဩစတြီးယားနိုင်ငံများက ရုရှားသံတမန်အချို့ကို “မကြိုဆိုထိုက်သူ”အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

___ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဆိပ်ကမ်းမြို့တော် မာရီယူးပိုလ်၏ ထိတ်လန့်တုန်လှုပ်ဖွယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေကို အထူး ဂရုပြုနေကြောင်း ၎င်းပြောခွင့်ရ ပုဂ္ဂိုလ် Dujarricက ဧပြီ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စစ်မှန်သည့် စေ့စပ်ဆွေးနွေးမှုမှ လက်တွေ့အောင်မြင်မှုနှင့် ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးကို ထောက်ခံအားပေးရန်အတွက် ကုလသမဂ္ဂအနေဖြင့် အချိန်မရွေးပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————
(Chinese Version)

(乌克兰局势)最新动态:俄外长说特别军事行动开启新阶段 乌议会发布关于延长战时状态的消息
2022-04-19 23:53:54
新华社北京4月19日电综合新华社驻外记者报道:俄罗斯外长拉夫罗夫19日对媒体表示,俄罗斯在乌克兰的特别军事行动已开启新阶段。乌克兰最高拉达(议会)19日在官网发布了关于批准延长国家战时状态总统令草案的消息。
——俄罗斯外长拉夫罗夫19日在接受“今日印度”电视台采访时表示,俄罗斯在乌克兰的特别军事行动已开启新阶段。他还表示,俄方不打算改变乌克兰政权,乌人民应自主决定未来如何生活。
——乌克兰最高拉达(议会)19日在官网发布了关于批准延长国家战时状态总统令草案的消息。但该草案具体文本尚未公布。据当前法令规定,乌国家战时状态将持续到4月25日。
——乌通社19日报道,俄军在卢甘斯克的大规模进攻已经开始,乌俄两军正在卢甘斯克的两个城市内进行激烈的战斗。
——俄罗斯塔斯社19日报道,顿涅茨克的武装力量已开始对马里乌波尔市的亚速钢铁厂发起进攻。俄国家防御指挥中心负责人米津采夫随后表示,俄方建议钢铁厂内武装人员放下武器投降。
——乌通社19日援引乌克兰基础设施部部长库布拉科夫的话报道,超过30%的乌基础设施在冲突中损毁,其中包括约300座桥梁、8000多公里的公路。库布拉科夫说,根据乌政府评估,这些基础设施的损毁带来直接经济损失约千亿美元。
——俄罗斯国防部发言人科纳申科夫19日通报,自俄罗斯开展特别军事行动以来,俄军已摧毁乌军140架固定翼飞机、487架无人机、252套防空导弹系统、2353辆坦克及装甲车辆、256台多管火箭炮、1014门野战火炮和迫击炮、2208辆特种军用车辆。
——俄罗斯别尔哥罗德州州长格拉德科夫19日在社交媒体上通报,位于俄乌边境地区的戈洛夫奇诺村当日遭到乌方攻击。
——根据俄外交部19日发布的通报,俄外交部当日约见荷兰、比利时、卢森堡、奥地利驻俄大使,宣布荷、比、奥部分使馆工作人员为“不受欢迎的人”,要求其离开俄罗斯。荷、比、卢、奥此前宣布俄部分外交人员为“不受欢迎的人”。
——联合国秘书长发言人迪雅里克在18日举行的例行记者会上表示,联合国秘书长古特雷斯非常关注港口城市马里乌波尔“令人震惊的”人道主义局势。他说,必须给真正的谈判一个实现成功并带来持久和平的机会,联合国将随时准备支持这种努力。(参与记者:华迪、黄河、李铭、李东旭、陈畅、王建刚)(完)

图说1:4月17日,挂着俄罗斯国旗的车辆从马里乌波尔附近驶过。 新华社发(维克托摄)
图说2:4月17日,在马里乌波尔,当地居民站在被损坏的建筑旁。新华社发(维克托摄)
图说3:4月14日,马里乌波尔当地居民从被损坏的建筑旁走过。 新华社发(维克托 摄)