Connect with us

Europe

ရုရှားနှင့် တိုက်ရိုက် ပဋိပက္ခ မဖြစ်လို ၊ ယူကရိန်းသို့ စစ်လက်နက်ပံ့ပိုးမှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဟု ဘိုင်ဒန် အလေးထားပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်အား ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်ရှိ နေတိုးရုံးချုပ်၌ နေတိုး ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို မေ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ရုရှားနှင့်ယူကရိန်း ပဋိပက္ခသို့ အမေရိကန်နှင့် မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့(NATO)က တိုက်ရိုက်ပါဝင်မည့် ဆန္ဒမရှိသလို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ရာထူးမှ ဆင်းပေးစေလိုသည့် ဆန္ဒမရှိကြောင်း ၊ရုရှားစစ်အင်အားလျော့ကျလာအောင် တိုက်ပွဲအချိန်ဆွဲထားရန်လည်း မစီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေ ၃၁ ရက်တွင် ထပ်မံအလေးထား ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိလာသော ပိုလန်ဝန်ကြီးချုပ်Mateusz Morawieckiအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းသမ္မတရုံးမှ မေ ၂၉ ရက်တွင် ထုတ်ပြန်သည့် ဓါတ်ပုံ၌ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက Kharkivပြည်နယ်သို့ သွားရောက်စစ်ဆေးကြည့်ရှုနေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ- ယူကရိန်းသမ္မတရုံး)

မာရီယူပိုးလ်ရှိ Azovstalသံမဏိစက်ရုံ၏အဝေးမြင်ကွင်းအား ဧပြီ ၂၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မဟာမျိုးချစ်စစ်ပွဲအောင်နိုင်ခြင်း ၇၇ နှစ်ပြည့်အထိမ်းအမှတ် ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ ကျင်းပသော စစ်ရေးပြ အခမ်းအနားတွင် T-72B3M တင့်ကားတပ်ဖွဲ့အား မေ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုနေ့တွင်ပင် ယူကရိန်းသို့ နောက်ထပ်လက်နက်ပံ့ပိုးရေးအတွက် ခွင့်ပြုပေးခဲ့ရာ ၎င်းတွင် “ယူကရိန်းနိုင်ငံအတွင်း စစ်မြေပြင်ရှိ အဓိကပစ်မှတ်များကို ပို၍တိကျစွာ တိုက်ခိုက်နိုင်ရေး” ယူကရိန်းဘက်မှတောင်းဆိုသော တာဝေးပစ် ဘဇူကာဒုံးလောင်ချာများ ပါဝင်သည်။

အမေရိကန် နယူးယောက်တိုင်းမ် သတင်းဝက်ဘ်ဆိုက်၏ မေ ၃၁ ရက် ညပိုင်းတွင် ဖော်ပြသော ဘိုင်ဒန်လက်မှတ်ထိုးရေးသားသော ဆောင်းပါးတစ်ပုဒ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ၌ အမေရိကန်အစိုးရ၏ရပ်တည်ချက်ကို ထပ်မံအလေးထား ပြောကြားခဲ့သည်။

“နေတိုးနဲ့ရုရှားအကြား စစ်မက် ဖြစ်ပွားဖို့ ကျွန်တော်တို့ ကြိုးပမ်းမှာ မဟုတ်ပါဘူး။ မစ္စတာပူတင်ကို အလွန်အမင်း မနှစ်မြို့ပေမယ့်….. သူကို စင်ပေါ်က ဆွဲချဖို့ အမေရိကန်အနေနဲ့ ကြိုးစားမှာ မဟုတ်ပါဘူး။ အမေရိကန် ဒါမှမဟုတ် ကျွန်တော်တို့ဘက်က မဟာမိတ်တွေ တိုက်ခိုက်မခံရဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ယူကရိန်းမှာ စစ်ဆင်ရေးဆင်နွှဲဖို့ ၊ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ အမေရိကန်တပ်တွေကို စေလွှတ်ပြီး အဲဒီပဋိပက္ခထဲမှာ တိုက်ရိုက်ပါဝင်ပတ်သတ်မှာ မဟုတ်ပါဘူး။ ယူကရိန်းပြည်ပ ပစ်မှတ်များကို တိုက်ခိုက်ဖို့ ယူကရိန်းကို အားပေးမှာမဟုတ်သလို ဒီလိုမျိုးလုပ်စွမ်းရှိအောင်လည်း ကျွန်တော်တို့အနေနဲ့ အားပေးမှာမဟုတ်ဘူး။ ရုရှားကိုအထိနာစေဖို့ သက်သက်နဲ့ စစ်ပွဲကို အချိန်မဆွဲထားချင်ပါဘူး ”ဟု ဆိုသည်။

နေတိုး၏ အရှေ့တောင်ပံဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများတွင် ကာကွယ်ရေးစွမ်းရည် ဆက်လက် ဖြည့်တင်းသွားမည် ဖြစ်ရာ တပ်ဖွဲ့အင်အား ထပ်တိုးစေလွှတ်ခြင်းနှင့် စစ်လက်နက်ပစ္စည်းအဆင့်မြှင့်တင်ခြင်းများ ပါဝင်ကြောင်း ဘိုင်ဒန်က ရေးသားထားသည်။

ယင်းနိုင်ငံအများစုသည် အလယ်ပိုင်းနှင့်အရှေ့ပိုင်း ဥရောပနိုင်ငံများ ဖြစ်ရာ ဝါဆောစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည်။ ရုရှားနှင့်နီးကပ်သည့်နိုင်ငံများဖြစ်ရာ စစ်အေးတိုက်ပွဲ အဆုံးသတ်တွင် နေတိုး”အရှေ့သို့ ချဲ့ထွင်ခြင်း”ခြေလှမ်းများနှင့်အတူ ဤစစ်ရေးအုပ်စုကြီးတွင် တစ်စတစ်စ ပါဝင်လာခြင်း ဖြစ်သည်။ နေတိုး အရှေ့သို့ ချဲ့ထွင်ခြင်းကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ရုရှားက အစဉ်ရှုမြင်ထားခြင်း ဖြစ်သည်။

ယခုကာလများအတွင်း နေတိုးအဖွဲ့သို့ ပါဝင်ရန် မြောက်ဥရောပနိုင်ငံ ဖင်လန်နှင့် ဆွီဒင် လျှောက်ထားခြင်းအပေါ် ဘိုင်ဒန်က “ဒါဟာ အမေရိကန်နဲ့ အတ္တလန်တိတ်ဖြတ်ကျော် ဒေသတစ်လုံး လုံခြုံရေးကို တိုးပွားလာစေမှာ ဖြစ်တယ်”ဟု ဆိုသည်။

“စစ်ပွဲတွင် တိုက်ရိုက်ပါဝင်မည် မဟုတ်”သော ရပ်တည်ချက်ကို ထပ်မံအလေးထားပြောကြားခဲ့သည့် တစ်ချိန်တည်းတွင်ပင် ယူကရိန်းသို့ ကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် အမေရိကန်က ဆုံးဖြတ်ထားကြောင်း ဘိုင်ဒန်က အတည်ပြုခဲ့သည်။ ၎င်းတို့တွင် ယူကရိန်းစစ်တပ် တာဝေးပစ်တိုက်ခိုက်မှု စွမ်းရည်ကို မြှင့်တင်နိုင်သော ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ်(HIMARS)ပါဝင်ကြောင်း သိရသည်။ ယင်းအကူအညီသည် မကြာသေးမီက အမေရိကန် လွှတ်တော်တွင် ခွင့်ပြုခဲ့သည့် ယူကရိန်းသို့ ကန်ဒေါ်လာ ၄၀ ဘီလီယံ အကူအညီပေးခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ရုရှားအမြောက်တပ်အားသာချက်ကို ခုခံနိုင်ရန် အထူးသဖြင့် ဒွန်းဘတ်စ်ဒေသ ရှေ့တန်းတွင် အသုံးပြုရန်အတွက် M270နှင့် M142အပါအဝင် တာဝေးပစ် ဒုံးလောင်ချာများကို ပံ့ပိုးပေးရန် ယခုကာလများတွင် ယူကရိန်းစစ်တပ်က အမေရိကန်ကို တောင်းဆိုခဲ့သည်။

သို့သော် ယခုအကြိမ် တွဲဖက်ပို့ဆောင်သည့် ခဲယမ်းများမှာ ကီလိုမီတာ ၈၀ သုံး တာလတ်ပစ် ဒုံးကျည်များ ဖြစ်ကြောင်း အမေရိကန် အရာရှိများက ဆိုသည်။

ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်အမြောက်များ အမေရိကန်က ယူကရိန်းကို ပံ့ပိုးပေးမည်မဟုတ်ကြောင်း ဘိုင်ဒန်က မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

M142 Himars သည် ဘီးတပ်နည်းဗျူဟာသုံး ထရပ်ကားကို အခြေခံထားခြင်းကြောင့် ၁၉၇၀ ပြည့်နှစ်များက ထုတ်လုပ်ခဲ့သောM270 MLRS ဒုံးလောင်ချာစနစ်နှင့်နှိုင်းယှဉ်လျှင် ပို၍ လွယ်ကူပေါ့ပါးအဆင်ပြေပြီး ခေတ်မီကြောင်း၊ တစ်ကြိမ်လျှင် ၂၂၇ မီလီမီတာ ပဲ့ထိန်းဒုံးကျည် ၆ လုံး သို့မဟုတ် ပစ်မှတ်အကွာအဝေး ၃၀၀ ကီလိုမီတာရှိသော ဗျုဟာမြောက် ဒုံးကျည် တစ်လုံး ပစ်ခတ်နိုင်ကြောင်း AFPက ဖော်ပြထားသည်။

ဥရောပ၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့အချို့တွင် HIMARS တပ်ဆင်ထားပြီဖြစ်ရာ နေတိုး၏ အရှေ့ဥရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်နှင့်ရိုမေးနီးယားတို့ကလည်း ထိုလက်နက်စနစ်မျိုးတပ်ဆင်ပေးရန် အမေရိကန်ကို တောင်းဆိုထားပြီဖြစ်သည်။

M142 Himars၏ ပစ်ခတ်နိုင်သည့် အကွာအဝေးသည် ယခုကာလများအတွင်း ယူကရိန်းသို့ အမေရိကန် ပံ့ပိုးသည့် M777 Ultra Lightweight Howitzerထက် တစ်ဆ ပိုကြီးရာ ယူကရိန်းတပ်များအနေဖြင့် စစ်မြေပြင်တွင် ရုရှားတပ် အနောက်ဘက် ပစ်မှတ်များကို ပစ်ခတ်နိုင်သလို ရုရှားတပ် အဝေးပစ်လက်နက်များ၏အတိုင်းအတာကို ရှောင်ရှားရာတွင် အထောက်အကူပြုပြီး စစ်မြေပြင် ရုရှားတပ် စစ်လက်နက်သိုလှောင်ရုံကို ခြိမ်းခြောက်နိုင်ကြောင်း AFPသုံးသပ်သည်။

ကြည်းတပ် ဗျူဟာမြောက်ဒုံးကျည်များကို ပံ့ပိုးမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘောတရားအရ ၎င်းလက်နက်များက ရုရှားနိုင်ငံအတွင်းရှိ မြို့ကြီးများနှင့် စစ်အခြေစိုက်စခန်းပစ်မှတ်များကို တိုက်ခိုက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန် အရာရှိများက အတည်ပြုပြောကြားခဲ့သည်။

အနောက်နိုင်ငံ စစ်ရေးသုံးသပ်သူအချို့က ယင်းဒုံးကျည်များသည် ယူကရိန်းစစ်ပွဲအခြေအနေကို အချက်ကျ ပြောင်းလဲနိုင်မည်ဟု ယူဆကြသော်လည်း အချို့က ထို့သို့ဖြစ်ရန်မှာ မလွယ်ကူလှကြောင်း ယူဆကြသည်။

ယူကရိန်းသို့ M142 Himarsမည်မျှ ပံ့ပိုးပေးမည်ကို အမေရိကန်ဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ APသတင်းဌာန၏ ဖော်ပြချက်များအရ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ဘိုင်ဒန် သမ္မတတာဝန်ယူပြီးနောက် အမေရိကန်မှ ယူကရိန်းသို့ ပေးပို့သော လုံခြုံရေးအကူအညီ စုစုပေါင်း ကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိရာ ၎င်းတို့အနက် ကန်ဒေါ်လာ ၄.၅ ဘီလီယံသည် ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းသို့ ရုရှား အထူးစစ်ရေးလှုပ်ရှားပြီးနောက် ပံ့ပိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့်နေတိုးအဖွဲ့က ယူကရိန်းသို့ လက်နက်အဆက်မပြတ် ပံ့ပိုးနေခြင်းက “လောင်စာမီး”ထည့်နေခြင်းဖြစ်ကြောင်း ရုရှားက ပြောဆိုထားသည်။ အနောက်နိုင်ငံများ ယူကရိန်းသို့ လက်နက်ပမာဏနှင့်အင်အားမပြတ် အရှိန်မြှင့်ပေးနေခြင်းအပေါ် ပူတင်က ပြင်သစ်၊ ဂျာမနီ နှစ်နိုင်ငံခေါင်းဆောင်များနှင့် မေ ၂၈ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ် နောက်ထပ်သတိပေးခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
重申“不与俄直接冲突” 拜登升级援乌武器
2022-06-01 20:31:53
新华社北京6月1日电 美国总统约瑟夫•拜登5月31日重申,美国和北大西洋公约组织不希望直接介入俄乌冲突,无意让俄罗斯总统弗拉基米尔•普京下台,也不打算仅仅为了重创俄罗斯军力而让战事旷日持久。
同一天,拜登批准美国最新一批对乌克兰武器援助,包括应乌方要求提供射程较远的多管火箭炮系统,以助“更精确打击乌克兰境内战场的关键目标”。
3月24日,美国总统拜登在比利时布鲁塞尔的北约总部出席北约特别峰会后的新闻发布会。新华社记者郑焕松摄
在美国《纽约时报》网站5月31日晚登载的署名文章中,拜登重申美国政府对于俄乌冲突的立场。
“我们不寻求北约与俄罗斯之间发生战争。尽管我极不赞成普京先生……美国不会尝试推动他下台。只要美国或我方盟友没有受到攻击,我们不会以派美军赴乌作战或攻击俄军的方式直接介入这场冲突。我们也不会鼓励乌克兰或使其有能力打击境外目标。我们不想仅仅为了重创俄罗斯而延长这场战争。”
拜登还写道,美国会继续增强北约“东翼”成员国的防务能力,包括增派兵力和升级军备。
5月31日,在比利时布鲁塞尔,波兰总理莫拉维茨基准备出席欧盟特别峰会。新华社记者郑焕松摄
这些国家多是中东欧国家、包括原华沙条约组织成员,靠近俄罗斯,冷战结束后伴随北约“东扩”步伐陆续加入这一军事集团。俄罗斯一直视北约东扩威胁国家安全。
拜登还提到北欧国家芬兰和瑞典最近申请加入北约,称这一动向“将增进美国和跨大西洋地区整体安全”。
在重申“不直接参战”立场的同时,拜登确认,美方决定向乌克兰提供新一批军事援助,价值7亿美元,包括可提高乌军远程打击能力的M142型高机动性多管火箭炮系统(HIMARS)。这将是美国国会不久前批准对乌追加400亿美元一揽子援助中的第一笔支出。
这张乌克兰总统办公室5月29日提供的照片显示乌克兰总统泽连斯基(中)在哈尔科夫州视察。(新华社发,乌克兰总统办公室供图)
乌军近来多次请求美国提供远程多管火箭炮,包括M270型和M142型,希望借以抵消俄军炮兵优势,尤其是在顿巴斯前线。
不过,美方官员说,这次搭配的弹药是中程火箭弹,射程80公里。拜登5月30日说,美国不会向乌克兰提供“能够打到俄罗斯境内”的火箭炮。
据法新社报道,M142型以轮式战术卡车为底盘,比上世纪70年代研发的M270型履带式多管火箭炮系统更加轻便、灵活和现代化;它可一次发射6枚227毫米口径制导导弹,或1枚射程达300公里的陆军战术导弹(ATACM)。
这是4月20日在马里乌波尔拍摄的亚速钢铁厂远景。俄罗斯总统普京21日下令俄军取消攻打马里乌波尔市亚速钢铁厂的计划,并要求俄军继续封锁亚速钢铁厂。(新华社发,维克托摄)
部分驻欧洲美军部队已装备HIMARS,北约的东欧成员国波兰和罗马尼亚也已要求美国提供这种武器系统。
法新社分析,M142型火箭炮射程比美国近期援助乌克兰的M777超轻型榴弹炮大一倍,乌军可借以打击战场上俄军阵地更后方的目标,也有助于避开俄军远程武器打击范围,还可能威胁俄军战地军火库。美方官员确认,不会提供陆军战术导弹,因为后者理论上可以打击到俄境内大城市和军事基地目标。
5月9日,俄罗斯在莫斯科红场举行阅兵式,纪念卫国战争胜利77周年。图为T-72B3M坦克编队驶过红场。新华社记者白雪骐摄
一些西方军事分析师认为,这种火箭炮可能成为扭转乌克兰战场局势的关键,另一些分析师则认为没那么容易。
美方官员没有透露准备向乌克兰供应多少台M142型火箭炮。美联社报道,自拜登去年1月上任以来,美国已向乌克兰输出总额约50亿美元的安全援助,其中大约45亿美元在俄罗斯2月24日对乌克兰发起特别军事行动后提供。
俄方指认美国和北约持续不断向乌方提供武器是在“拱火”。克里姆林宫说,普京5月28日与法、德两国领导人通电话时,就西方援乌武器规模和威力不断升级再次发出警告。(沈敏)