Connect with us

Europe

ယူကရိန်းစစ်ပွဲသည် သောင်တင်ရေမကျ ဖြစ်နေ၊ အနောက်နိုင်ငံ၏ “ရုရှားဆန့်ကျင်ရေးကဏ္ဍ” တွင် ကွဲလွဲမှုအပ်ကြောင်းများ ထွက်ပေါ်လာ

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့က မေ ၉ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အမေရိကန်သည် ဇွန် ၁ ရက်တွင် ယူကရိန်းအား ပေးအပ်မည့် စစ်ရေးအထောက်အပံ့ အသစ်တစ်သုတ်ကို ကြေညာခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းအား ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုတွင် ပိုင်နက်နယ်မြေနှင့် ပတ်သက်၍ နောက်ဆုတ်မှုများပြုလုပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြင်သစ်သမ္မတ မက်ခရွန်အား ဇွန်လကုန်တွင် ပြင်သစ်၏ ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌနိုင်ငံ သက်တမ်းမကုန်ဆုံးမီ ယူကရိန်းသို့ လာရောက်လည်ပတ်ရန် တောင်းဆိုခဲ့သည်။

အနောက်တိုင်းနိုင်ငံများ၏ “ရုရှားဆန့်ကျင်ရေးကဏ္ဍ” တွင် ကွဲလွဲမှု အက်ကြောင်းများ ဖြစ်ပေါ်နေကြောင်း အမေရိကန် Wall Street Journal က သုံးသပ်ခဲ့သည်။ ယူကရိန်းသို့ ပိုမိုအားကောင်းသော လက်နက်ကိရိယာများ ပေးပို့မှုနှင့် ပတ်သက်၍ အမေရိကန်၏ ဥရောပမဟာမိတ်များအကြား သဘောထားကွဲလွဲမှုများ ပိုမိုကြီးမားလာခဲ့သည်။ အချို့ ဥရောပနိုင်ငံများက လက်နက်ပေးပို့ခြင်းသည် ပဋိပက္ခကို အချိန်ကြာရှည်ဖြစ်ပွားစေမည့်အပြင် စီးပွားရေးနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပွားစေမည်ကို စိုးရိမ်နေကြသည်။

ရပ်တည်ချက်ကဏ္ဍ နှစ်ခုဖြစ်ပေါ်လာ

မကြာသေးမီသီတင်းပတ်များအတွင်း ရုရှားဆန့်ကျင်ရေးကဏ္ဍ အတွင်းပိုင်းက ရပ်တည်ချက်နှစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဥရောပအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ Wall Street Journal က မေ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။ ယူကရိန်းက ဒွန်ဘတ်ဒေသတွင် နယ်မြေဆက်တိုက်ဆုံးရှုံးမှုနှင့်အတူ ရုရှားဆန့်ကျင်ရေးကဏ္ဍ အတွင်းပိုင်းကွဲလွဲမှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ အဆိုပါ ကွဲလွဲချက်များက ယခုသီတင်းပတ်တွင် ကျင်းပသည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေအတွင်း ထပ်မံပေါ်လွင်ခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံအသီးသီးက ရုရှားအပေါ် ချမှတ်သည့် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှု အထူးသဖြင့် ရုရှားမှ ရေနံစိမ်းအများစု တင်သွင်းမှုအား တားမြစ်ပိတ်ပင်လိုက်ခြင်းအပေါ် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ သို့သော်လည်း ရုရှား၏ရေရှည်ခြိမ်းခြောက်မှု၊ စစ်ပွဲကြောင့် နိုင်ငံအသီးသီးပေါ် အကျိုးသက်ရောက်မှုနှင့် ယူကရိန်းတွင် “အနိုင်ရ” နိုင်မှုနှုန်း မည်မျှရှိသည့် ကိစ္စရပ်များတွင် သဘောထားကွဲလွဲမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့သည်။

၎င်းအနက် တစ်ဖွဲ့က ပြင်သစ်နှင့် ဂျာမနီတို့မှ ဦးဆောင်ပြီး ၎င်းတို့က ယူကရိန်းအား တာဝေးပစ်လက်နက်များ ပေးပို့ရန် တွန့်ဆုတ်နေကြသည်။ အဆိုပါလက်နက်များက ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများ ပြန်လည်သိမ်းယူနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ယူကရိန်းကဆိုသော်လည်း ပြင်သစ်၊ဂျာမနီအဖွဲ့က ရုရှားအနေဖြင့် NATO အဖွဲ့ပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ရှိမရှိကို မသေချာသေးကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်၊ဂျာမနီ နှစ်နိုင်ငံခေါင်းဆောင်နှင့် ၎င်းနိုင်ငံတို့မှ သက်ဆိုင်ရာအရာရှိများ၏ ထုတ်ပြန်ချက်အရ ၎င်းတို့က ယူကရိန်းအနေဖြင့် ရုရှားအား နိုင်ငံအတွင်းမှ တိုက်ထုတ်နိုင်သည့်အပေါ် သံသယရှိနေကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုမှ အပစ်အခတ်ရပ်စဲရန် ဆက်လက်တိုက်တွန်းခဲ့ကြောင်း Wall Street Journal က ဖော်ပြထားသည်။

ယင်းအပေါ် ယူကရိန်းက ပြစ်တင်ခဲ့ပြီး ၎င်းအားနယ်မြေပိုင်ဆိုင်မှုအပေါ် နောက်ဆုတ်မှုများ ပြုလုပ်ပေးရန် ဖိအားပေးနေသည်ဟု ယူကရိန်း ယူဆသည်။

အခြားအဖွဲ့မှာ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပ အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းနိုင်ငံများမှ ဖွဲ့စည်းထားပြီး ရုရှား-ယူကရိန်း ပဋိပက္ခက ယူကရိန်းအား ပိုမိုကျယ်ပြန့်သော “ရုရှား-အနောက်တိုင်း တိုက်ပွဲ” ၏ ရှေ့တန်းဖြစ်လာရန် တွန်းအားပေးနေသည်ဟု ၎င်းတို့ကယူဆကြသည်။ ယူကရိန်းသို့ ပိုမိုအဆင့်မြင့်သော လက်နက်များ ပေးပို့ခြင်းက အရေးကြီးကြောင်း၊ ယင်းလက်နက်များက ယူကရိန်း၏ နယ်မြေကာကွယ်ရေးကို အထောက်အကူဖြစ်စေမည့်အပြင် ရုရှားစစ်တပ်၏ ရှေ့သို့တိုးချဲ့လာသည့် အရှိန်အဟုန်ကို လွှဲပြောင်းနိုင်သလို ရုရှားအပေါ် ထိခိုက်နစ်နာမှုဖြစ်စေပြီး ရုရှားအနေဖြင့် အနာဂတ်တွင် အလားတူ စစ်ရေးလှုပ်ရှားမှုများ လှုပ်ဆောင်ရန် တွန့်ဆုတ်သွားမည်ဖြစ်ကြောင်း ဘောလ်တစ်သုံးနိုင်ငံနှင့် ပိုလန်စသည့်နိုင်ငံများမှ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ယူကရိန်းဘက်က ပြစ်တင်ရှုတ်ချ

ယူကရိန်းအပေါ် ရုရှားအထူးစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဥရောပနိုင်ငံများအတွင်း ဗြိတိန်၊ ပိုလန်၊ ဘောလ်တစ်သုံးနိုင်ငံမှ အကြီးအကဲများက ယူကရိန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က မက်ခရွန်အနေဖြင့် ဇွန်လကုန်မတိုင်မီ ယူကရိန်း လာရောက်လည်ပတ်ရန်နှင့် ယူကရိန်းအတွက် ပိုမိုများသော လက်နက်များပံ့ပိုးပေးရန် မေ ၃၁ ရက်တွင် တောင်းဆိုခဲ့သည်။ ၎င်းလက်နက်များက မိမိတို့အနေဖြင့် ပြင်သစ်မှရရှိနိုင်သည့် အဖိုးတန်ဆုံး အကူအညီဖြစ်ကြောင်း ၎င်းက LCI သတင်းချန်နယ်သို့ ပြောကြားခဲ့သည်။

ရုရှားအထူးစစ်ဆင်ရေး မစတင်မီ ရက်များတွင် မက်ခရွန်က ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံမြို့တော်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna က မေ ၃၀ ရက်တွင် ယူကရိန်းသို့ သွားရောက်လည်ပတ်ခဲ့ရာ ၎င်းမှာ ဖေဖော်ဝါရီ ၂၄ ရက်ပြီးနောက် ယူကရိန်းသို့ ပြင်သစ်အရာရှိ ရောက်ရှိလာခြင်းဖြစ်သည်။ မက်ခရွန်က သင့်လျှော်သည့်အချိန်နှင့် အခြေအနေအောက်တွင် ကိဗ်မြို့သို့ သွားရောက်လည်ပတ်ရန်ဆန္ဒရှိကြောင်း မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်သည် ယူကရိန်းအား howitzer ၁၂ လက် ပေးပို့ခဲ့သော်လည်း ယူကရိန်းမှ “အရေးပေါ်လိုအပ်” နေသည့် တင့်ကားနှင့် လေကြောင်းကာကွယ်ရေးစနစ်ကို ပေးပို့ခဲ့ခြင်းမရှိကြောင်း Wall Street Journal က ဖော်ပြထားသည်။ ဂျာမနီသည် တင့်ကားပေးပို့ရန် ပြောကြားခြင်းမရှိသော်လည်း အမြောက် ၇ လက်ကိုပေးပို့ရန် သဘောတူခဲ့သည်။ ဥရောပ၏ စီးပွားရေးနိုင်ငံကြီးဖြစ်သည့် ဂျာမနီက ယူကရိန်းသို့ စုစုပေါင်း ယူရို သန်း ၂၀၀ တန်ဖိုးရှိသည့် စစ်ရေးအကူအညီ ထောက်ပံ့ပေးခဲ့ရာ အက်စတိုးနီးယားထက်နည်းနေကြောင်း သိရသည်။

ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် Andriy Melnyk နှင့် အခြားယူကရိန်းအရာရှိက ဂျာမနီအနေဖြင့် လက်နက်ကြီးများ ထောက်ပံ့ရန် ဆန္ဒမရှိသည့်အပေါ် စိတ်ပျက်ခဲ့ကြောင်းနှင့် ဂျာမနီအစိုးရနှင့် ဝန်ကြီးချုပ် Olaf Scholz အပေါ် အကြိမ်ကြိမ် သရော်ခဲ့သည့်အပြင် ဂျာမနီဝန်ကြီးချုပ် ယူကရိန်းသို့သွားရောက်လည်ပတ်မှုကိုလည်း ယူကရိန်းမှ ငြင်းဆိုခဲ့ဖူးကြောင်း သိရသည်။

Scholz က ရုရှား-ယူကရိန်း ပဋိပက္ခသည် တတိယကမ္ဘာစစ်သာမက နျူကလီးယားစစ်ပွဲအထိ ဖြစ်စေနိုင်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သည်။ အနောက်နိုင်ငံများမှ စစ်ပွဲအပေါ် ဝင်ရောက်စွပ်ဖက်ခြင်းက ရုရှားအနိုင်ရမှုကို တားဆီးရန်သာဖြစ်သည်ဟု ၎င်းကထင်မြင်ကြောင်း ပြောကြားခဲ့သည်။

“ဒေါသ ပိုများလာ”

ပြင်သစ်နှင့် ဂျာမနီစသည့် အနောက်ဥရောပနိုင်ငံအများစုက ၎င်းတို့အမြင်တွင် အောင်မြင်နိုင်ခြေမရှိသည့် စစ်ပွဲကို ဆက်လက်ထိန်းသိမ်းရန် စိတ်ပါဝင်စားမှု တစ်ဖြည်းဖြည်း နည်းလာကြောင်း၊ ရုရှား-ယူကရိန်း စစ်ပွဲက သောင်တင်ရေမကျ အခြေအနေရောက်ရှိနေပြီး စစ်ပွဲက ဥရောပအရင်းအမြစ်နှင့် စီးပွားရေးကျဆင်းမှု အန္တရာယ်ကို တိုးမြှင့်လာနိုင်သည်ဟု ယူဆကြကြောင်း Wall Street Journal က ဖော်ပြထားသည်။

ဂျာမနီလူမျိုး ၇၀ ရာခိုင်နှုန်းခန့်က Scholz အစိုးရ၏ ယူကရိန်းအပေါ် သတိရှိရှိ အကူအညီပေးမှု မူဝါဒကို ထောက်ခံကြပြီး ၄၆ ရာခိုင်နှုန်းက ယူကရိန်းသို့ လက်နက်ကြီးများ ပေးပို့ခြင်းက ယူကရိန်းစစ်ပွဲ ပြည်ပသို့ ပြန့်နှံ့မည်ကို စိုးရိမ်ကြကြောင်း ဂျာမနီနိုင်ငံ Forsa အင်စတီကျူ့၏ မေလအစောပိုင်းက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ သိရသည်။ အီတလီနှင့် ပြင်သစ်ပြည်သူများကလည်း အလားတူအန္တရာယ်ကို စိုးရိမ်ကြကြောင်း စစ်တမ်းကောက်ယူမှုများအရ သိရသည်။

ရုရှား-ယူကရိန်း ပဋိပက္ခက ဂျာမနီ၊ သြစတြီးယား၊ အီတလီ စသည့်နိုင်ငံများအတွက် ပြည်တွင်းစွမ်းအင်သုံးစွဲမှု ကုန်ကျစရိတ်ကို မြင့်တက်ခြင်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။

တစ်ဖက်တွင် ဘောလ်တစ်သုံးနိုင်ငံ၊ ပိုလန်၊ ချက်သမ္မတနိုင်ငံ စသည့် ဥရောပအရှေ့အလယ်ပိုင်းနိုင်ငံများက ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာအကူအညီများ ပေးပို့ခြင်း၊ အရပ်ဘက်မှ အလှူငွေ ယူရိုသန်းပေါင်းများစွာဖြင့် ယူကရိန်းအား တူရကီမောင်းသူမဲ့လေယာဉ်နှင့် ဆိုဗီယက် လက်နက်များ ဝယ်ယူပေးပို့နေပြီး ပိုလန်သမ္မတ Andrzej Duda က ယူကရိန်းသို့ ကူညီထောက်ပံ့များကို ပေးနိုင်သမျှပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။

မက်ခရွန် နှင့် Scholz တို့သည် ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များနှင့် ဖုန်းခေါ်ဆိုမှု ပုံမှန်ပြုလုပ်လေ့ရှိသည့် ဥရောပခေါင်းဆောင်များဖြစ်သည်။ Scholz နှင့် မက်ခရွန်တို့က မေ ၂၈ ရက်တွင် ရုရှားသမ္မတဗလာတီမာပူတင်နှင့် မိနစ် ၈၀ ကျော် ဆွေးနွေးခဲ့သည်။

ပြင်သစ်နှင့် ဂျာမန်အရာရှိများက ၎င်းတို့အပေါ် “ယူကရိန်းအတွက် အနည်းငယ်သာ လုပ်ဆောင်ခဲ့ခြင်း” နှင့် ယူကရိန်းအား အလျှော့ပေးရန် ဖိအားပေးခြင်း စွပ်စွဲပြောဆိုခြင်းကို ငြင်းဆိုကာ ဖြေရှင်းရန် နည်းလမ်းရှာဖွယ်ရန် ရုရှားနှင့် ဆက်သွယ်မှုဆက်လက်ထားရှိခြင်းကို အဆိုပြုခဲ့သည်။ Scholz မှ ဆက်သွယ်ဆွေးနွေးရာတွင် ပူတင်းအား လက်ရှိအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး ယင်းအခြေအနေမှ မည်သို့ရုန်းထွက်ရမည်ကို စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရုရှား၏ ဂုဏ်သိက္ခကျဆင်းမှုကို ရည်ရွယ်၍ လုပ်ဆောင်ခြင်းက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မည်မဟုတ်ကြောင်း မက်ခရွန်က ယခင်ကတည်းက သတိပေးပြောကြားခဲ့သည်။ သို့သော် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပူတင်အား “ဂုဏ်သိက္ခရှိစေမည့်” ရလဒ်မပေးသင့်ကြောင်း မေ ၃၁ ရက်က ပြောကြားခဲ့သည်။
“ဆက်သွယ်ဆွေးနွေးတဲ့ အခါတိုင်း ဥရောပ မြောက်ပိုင်းနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံဝန်ကြီးတွေကို ပိုပြီးဒေါသထွက်စေတယ်၊ အဲဒါက ပူတင်လိုချင်တဲ့ စည်းလုံးမှု ပျက်ပြားတဲ့အနေအထားဖြစ်ပြီး ပြင်သစ်နဲ့ ဂျာမနီတို့က ဖန်တီးပေးနေတာပဲဖြစ်တယ်” ဟု ချက်နိုင်ငံ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Wall Street Journal က သတင်းဖော်ပြထားသည်။ (Xinhua)
…………………………………………
(Chinese Version)
乌克兰战事继续僵持 西方“反俄阵线”出现裂痕
新华社北京6月1日电 美国定于6月1日宣布对乌克兰新一批军事援助。美国官员称,美方不会施压乌方在与俄罗斯谈判时作出涉及领土的让步。乌克兰外交部长德米特里•库列巴催促法国总统埃马纽埃尔•马克龙在6月底法国轮值欧洲联盟主席国任期结束前访问乌克兰。
美国《华尔街日报》分析,西方国家“反俄阵线”正在出现裂痕。就是否继续向乌克兰运送威力更大的武器装备,美国的欧洲盟友之间分歧越来越大。一些欧洲国家担心,这可能会延长这场冲突并加重经济后果。
两个阵营
《华尔街日报》5月31日援引一些欧洲官员的话报道,反俄阵线内部近几周分化成两个阵营。而且,随着乌克兰在顿巴斯地区连续失守,反俄阵线内部分歧在扩大。本周欧盟特别峰会期间,这些分歧进一步曝光。
报道说,欧盟各国已就第六轮对俄制裁达成一致,尤其是禁止进口大部分俄罗斯原油——这在以前不可想象。尽管如此,围绕俄罗斯构成的长期威胁、战事牵扯各国的利害关系以及乌克兰有多大“赢面”等,各国间分歧巨大。
其中一派以法国和德国为首,越来越不愿意向乌克兰提供多种远程打击武器。乌方称这类武器有助于夺回乌南部和东部被俄军控制的地区,但法德阵营不确定俄罗斯是否对北大西洋公约组织构成直接威胁。
按照《华尔街日报》的解读,法德两国领导人的公开声明及其下属官员的言论表明,他们对乌克兰军队能否将俄军驱出国境持怀疑态度,并持续呼吁通过谈判达成停火。这引发乌方抱怨,认为是在逼迫它作出领土上的让步。
另一个阵营由美国、英国以及多个中东欧、北欧国家组成,认定俄乌冲突使乌克兰成为更广泛“俄西战争”的前线。波罗的海国家和波兰等国领导人主张,向乌克兰提供更先进的重型武器至关重要,不仅有助于乌方守住防线,扭转俄军推进势头,而且能够给俄方造成沉重打击,使俄方未来不敢发起类似军事行动。
乌方抱怨
自俄罗斯2月24日对乌克兰发起特别军事行动以来,欧洲国家中,英国、波兰、波罗的海三国等国领导人陆续访问乌克兰。
乌克兰外长库列巴5月31日呼吁马克龙在6月底前访问乌克兰,最好能给乌克兰带来更多武器。库列巴告诉法国LCI新闻频道,那会是“我们能从法国获得的最宝贵援助”。
俄罗斯发起特别军事行动前几天,马克龙先后访问俄乌两国首都。法国新任外长卡特琳•科隆纳5月30日到访基辅,是2月24日以来法国官员首次访乌。马克龙5月31日说,希望“在合适时间、合适情况下”前往基辅。
据《华尔街日报》报道,法国已向乌方援助12门榴弹炮,但没有提供乌方“亟需”的坦克或防空系统。德国也尚未提供坦克,但同意运送7门重炮。作为欧洲最大经济体,德国累计向乌方提供总值2亿欧元的军事援助,不及爱沙尼亚。
乌克兰驻德大使安德里•梅尔尼克等乌方官员对德国不愿支援重型武器失望不已,不止一次对德国政府和总理奥拉夫•朔尔茨冷嘲热讽。乌方一度拒绝德国总统访问基辅。
朔尔茨多次警告,俄乌冲突可能导致第三次世界大战甚至核毁灭。在他看来,西方介入的目标是不让俄罗斯获胜。

“越来越气”
按照《华尔街日报》的说法,法德等部分西欧国家正在对维持一场他们认为打不赢的战争失去胃口,认为俄乌冲突陷入僵局,大量消耗欧洲资源,加剧经济衰退风险。
德国福沙舆论调查所5月上旬一项民意调查结果显示,接受调查的德国人中大约70%支持朔尔茨政府对乌军援的谨慎政策;46%的人担心,运送重型武器会增加战争蔓延到乌克兰境外的危险。其他一些民调显示,意大利和法国民众也有类似担忧。
对德国、奥地利、意大利等国而言,俄乌冲突会持续推高本国能源消费成本。
相比之下,波罗的海三国、波兰、捷克等中东欧国家坚决向乌克兰提供军事援助,包括苏联时期设计的T-72坦克和武装直升机,民间捐赠数千万欧元,帮助乌方购买土耳其无人机和苏制武器。波兰总统安杰伊•杜达称对乌援助“能给尽给”
马克龙和朔尔茨是同时与俄乌双方领导人定期保持通话的少数欧洲国家领导人。5月28日,朔尔茨、马克龙与俄罗斯总统弗拉基米尔•普京谈了80多分钟。
法国和德国官员反驳两国“为乌克兰做得太少”或正在施压乌克兰妥协的说法,主张同俄方保持沟通,寻找解决方案。朔尔茨的幕僚长沃尔夫冈•施密特说,朔尔茨在通话中向普京说明实际情况,告诉对方“必须考虑如何摆脱眼下局面”。
马克龙先前警告,羞辱俄罗斯不会带来和平。然而,乌外长库列巴5月31日说,绝不能给普京“保存颜面”的结果。
《华尔街日报》援引一名捷克高级官员的话报道:“每一次通话,北欧和中欧国家的部长们都变得越来越愤怒。这正在破坏团结。这恰恰是普京想要的,也是法国人和德国人正在给他的。”(胡若愚)
图说1- 5月9日,在德国柏林,德国总理朔尔茨(右)同法国总统马克龙举行会谈,双方强调要在强大、自主的欧洲框架内共同应对时代挑战。新华社记者任鹏飞摄