Connect with us

China

လူသားမျိုးနွယ်သည် လုံခြုံရေး ခွဲခြားမရသော ကံတူအကျိုးပေးအသိုက်အဝန်းဖြစ်သည်ဟု သမ္မတရှီက ဆို

အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက် နံနက်ပိုင်းက ဟိုင်နန်ပြည်နယ် ဘိုးအောက်တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ရုပ်သံလင့်ခ်မှတစ်ဆင့် အခမ်းနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ရုပ်သံလင့်ခ်မှတစ်ဆင့် အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီက “နိုင်ငံ၏ကောင်းမွန်သည့်စီမံအုပ်ချုပ်မှုက အစဉ်စည်ပင်ဝပျောရေးကို ဖော်ဆောင်နိုင်သော်လည်း၊ နိုင်ငံရေးရာရှုပ်ထွေးမှုက အစဉ်ဆင်းရဲနွမ်းပါးမှုကိုသာ ဖြစ်ပေါ်စေနိုင်သည်”ဟု ထောက်ပြပြောကြားခဲ့သည်။ လုံခြုံရေးသည် ဖွံ့ဖြိုးရေး၏ မရှိမဖြစ် ကနဦး လိုအပ်ချက်ဖြစ်သလို လူသားမျိုးနွယ်တို့သည် ခွဲခြားမရသော ကံတူအကျိုးပေး လုံခြုံရေးအသိုက်အဝန်းဖြစ်ကြောင်း ၊ စစ်အေးခေတ်အတွေးအခေါ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးမူဘောင်ကို ပျက်စီးစေမည်သာဖြစ်ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် အင်အားနိုင်ငံရေးသည် ကမ္ဘာငြိမ်းချမ်းရေးကို ဒုက္ခပေးမည်သာဖြစ်သလို အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းက ၂၁ ရာစုလုံခြုံရေးကဏ္ဍ စိန်ခေါ်မှုကို ပို၍ ပြင်းထန်စေမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)
习近平:人类是不可分割的安全共同体
2022-04-21 09:53:13
国家主席习近平21日上午以视频方式出席博鳌亚洲论坛2022年年会开幕式并发表主旨演讲。
习近平指出,“治国常富,而乱国常贫。”安全是发展的前提,人类是不可分割的安全共同体。事实再次证明,冷战思维只会破坏全球和平框架,霸权主义和强权政治只会危害世界和平,集团对抗只会加剧21世纪安全挑战。ဖ纠错】 责任编辑: 刘阳
图说1:4月21日上午,博鳌亚洲论坛2022年年会开幕式在海南博鳌举行,国家主席习近平以视频方式发表题为《携手迎接挑战,合作开创未来》的主旨演讲。 新华社记者 黄敬文 摄