Connect with us

Europe

အမေရိကန်က ယူကရိန်းအားနောက်ထပ်လုံခြုံရေး အကူအညီ နှင့် တိုက်ရိုက်စီးပွားရေးအကူအညီ ပံ့ပို့သွားမည်ဟု ဘိုင်ဒန်ပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားနေသော ဘိုင်ဒန်အား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ယူကရိန်းအတွက် နောက်ထပ်လုံခြုံရေး အကူအညီ ဒေါ်လာ သန်း ၈၀၀ နှင့် တိုက်ရိုက်စီးပွားရေး အကူအညီ ဒေါ်လာ သန်း ၅၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒန်က ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသရှိ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ပေးရန်အတွက် အမေရိကန်သည် ယူကရိန်းအား ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိသည့် နောက်ထပ်လုံခြုံရေး အထောက်အပံ့များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဘိုင်ဒန်က ထိုနေ့တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်သည် ယူကရိန်းစီးပွားရေး တည်ငြိမ်စေရန် ယူကရိန်းအစိုးရသို့ တိုက်ရိုက်စီးပွားရေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ပံ့ပိုးသွားမည်ဖြစ်သည်။ အမေရိကန်မှ ယူကရိန်းအား လက်နက်ခဲယမ်းများနှင့် စီးပွားရေးအကူအညီများ ဆက်လက်ပံ့ပိုးနိုင်မှုအတွက် နောက်ထပ်ဘတ်ဂျက်တစ်ခုကို လာမည့်သီတင်းပတ်တွင် ကွန်ဂရက်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သည် ရုရှားအလံလွှင့်ထူခြင်း၊ ရုရှားပိုင် သို့မဟုတ် ရုရှားမှ လည်ပတ်သည့် သင်္ဘောများ အမေရိကန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခြင်း၊ ဝင်ရောက်ခြင်းစသည်တို့ကို တားမြစ်ကြောင်း ဘိုင်ဒန်က ကြေညာခဲ့သည်။ ဤလုပ်ဆောင်ချက်သည် ရုရှားအနေဖြင့် နိုင်ငံတကာစီးပွားရေးစနစ်မှ အကျိုးအမြတ်များရရှိမှုကို တားမြစ်ရန်ဖြစ်ကြောင်းနှင့် ယင်းကိုအမေရိကန်နှင့် ဥရောပသမဂ္ဂမိတ်ဖက်များဖြစ်သည့် ဗြိတိန်၊ ကနေဒါတို့နှင့် အတူလုပ်ဆောင်သော လုပ်ရှားမှုဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုအကြိမ် အမေရိကန်က ယူကရိန်းသို့ ပံ့ပိုးပေးသည့် နောက်ထပ်လုံခြုံရေးအကူအညီတွင် M777 howitzer ၇၂ စင်း၊ အမြောက်ကား ၇၂ စင်း၊ အမြောက်ကျည် ၁၄၄,၀၀၀ တောင့်နှင့် နည်းဗျူဟာ မောင်းသူမဲ့ လေယာဉ် ၁၂၁ စင်းတို့ ပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ၏ ထိုနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

…………………………………
(Chinese Version)
(乌克兰局势)拜登:美国将向乌克兰提供额外安全援助和直接经济援助
新华社华盛顿4月21日电(记者邓仙来)美国总统拜登21日说,美国将向乌克兰提供价值8亿美元的额外安全援助和5亿美元直接经济援助。  拜登当天在白宫说,美国将向乌克兰提供价值8亿美元的额外安全援助,帮助其增强在乌东部顿巴斯地区的作战能力。此外,美国将向乌克兰政府提供5亿美元直接经济援助,帮助其稳定经济等。拜登说,他将于下周向美国国会申请额外预算,确保美国能够持续向乌克兰提供武器弹药和经济援助。
拜登还宣布,美国将禁止悬挂俄罗斯国旗、俄罗斯所有或由俄罗斯运营的船只停靠美国港口或进入美国海岸。他称此举是美国与欧盟伙伴、英国、加拿大共同采取的行动,以阻止俄罗斯从国际经济体系中获益。
根据美国国防部当天发表的声明,美国此次向乌克兰提供的额外安全援助包括72门155毫米口径榴弹炮、72辆榴弹炮牵引车、14.4万发炮弹以及逾121架战术无人机等。(完)
4月11日,美国总统拜登在华盛顿白宫发表讲话。新华社记者刘杰摄