Connect with us

China

တရုတ် ရေတပ် တည်ထောင်ခြင်း နှစ်ပေါင်း ၇၃ နှစ်ရှိပြီ

တရုတ်နိုင်ငံ တောင်ပိုင်းဒေသစစ်ဌာနချုပ်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်သော ကမ်းတက်သင်္ဘောတစ်စင်းအား ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်ပြတိုက်တွင် ထားရှိထားသည့် “ရဲရင့်သောစစ်သည်” Mai Xiande ဦးခေါင်းမှ ခွဲစိတ်ထုတ်ယူခဲ့သော အရှည် ၁၄ စင်တီမီတာ၊ အကျယ် ၀.၅ စင်တီမီတာ ရှိသည့် ကျည်တောင့်သည် ယခုအချိန်ဆိုလျှင် သံချေးပင်တက်နေပြီဖြစ်သည်။

တရုတ်နိုင်ငံ ရေတပ်၏ ဝေဟင်-မြေပြင် ပူးပေါင်းလေ့ကျင့်မှုတစ်ရပ်အား ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်၏ အထူးစစ်ဆင်ရေးလေ့ကျင့်ရေးတပ်မမှ ဦးဆောင်သည့် ဖောက်ခွဲတိုက်ခိုက်ရေးလေ့ကျင့်မှုတစ်ရပ်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းဒေသစစ်ဌာနချုပ် ရေတပ်တပ်ခွဲတစ်ခု၏ စစ်သင်္ဘော ပူးပေါင်းလေ့ကျင့်မှု တစ်ရပ်အား မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်၏ တပ်မတစ်ခုမှ “ရန်သူ” ပစ်မှတ် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခြင်း လေ့ကျင့်မှု အစီအစဉ်တစ်ရပ်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် တပ်ဖွဲ့တစ်ဖွဲ့၏ ညပိုင်း လေကြောင်းပစ်မှတ်တိုက်ခိုက်ခြင်း လေ့ကျင်မှုတစ်ရပ်အား ၂၀၂၁ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် တပ်မဟာတစ်ဖွဲ့၏ ညပိုင်းဆင်းသက်လေ့ကျင့်မှုကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဧပြီ ၂၃ ရက်က “ရေတပ်နှစ်ပတ်လည်နေ့” နှင့် နီးကပ်လာရာ ကျည်ဆံရှေ့တွင် ရပ်တန့်နေခဲ့သည့် လူများပိုမိုများလာသည်။ အချို့သူများက ၎င်းသည် တရုတ်ပြည်သူ့လွှတ်မြောက်ရေးရေတပ်၏ တိုးတက်မှုလမ်းစဉ်ကို ဖော်ပြနေသည့် ရေတပ်စစ်သည်များ ဂုဏ်ယူဖွယ် ဆုတံဆိပ်ပင်ဖြစ်ကြောင်း ပြောကြသည်။

၁၉၆၅ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ဖြစ်ပွားခဲ့သည့် ထင်ရှားသော ရေတပ်တိုက်ပွဲတွင် တရုတ်ရေတပ်သည် ရေထုအလေးချိန် တန်တစ်ရာကျော်သာရှိသော စစ်သင်္ဘောများဖြင့် အမေရိကန်ထုတ် စစ်သင်္ဘောများ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခုခံခဲ့ရသည်။ ထိုစဉ်စစ်သည် Mai Xiande သည် ဒဏ်ရာအပြင်းအထန်ရခဲ့သော်လည်း သွေးထွက်သံယိုဖြင့်ပင် တိုက်ပွဲအပြီးတိုင် သုံးနာရီကြာတိုက်ခိုက်ခဲ့သည်။ ၎င်း၏ဦးခေါင်းအတွင်းမှ ကျည်ဆံကို ထုတ်ပစ်ရန် ခွဲစိတ်မှု လေးကြိမ်ပြုလုပ်ရခဲ့ကြောင်း သိရသည်။

ယခင်က ပင်လယ်ပြင်၌ အသုံးပြုခဲ့သည့် စစ်သင်္ဘောငယ်များသည် သမိုင်းစင်မြင့်မှ ဆုတ်ခွာခဲ့ပြီး လက်ရှိတွင် မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘောအသစ်များ၊ ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘောကြီးများနှင့် ဘက်စုံထောက်ပို့ရေး စစ်သင်္ဘော စသည်တို့ တစ်စင်းပြီးတစ်စင်း စာရင်းသွင်းခဲ့သည့်အပြင် တိုက်ခိုက်ရေးဂျက်လေယာဉ်များ အသုတ်လိုက် လွှဲပြောင်းပေးအပ်ခြင်း၊ ကြိုတင်သတိပေးလေယာဉ်များနှင့် ရဟတ်ယာဉ်အသစ်များနှင့် ရေငုပ်သင်္ဘောဖျက် ကင်းလှည့်ယာဉ်များ ပါဝင်ခဲ့ရာ တရုတ်ရေတပ်၏ ယခင်အားနည်းချက်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခဲ့သည်။

တရုတ်ရေတပ်တည်ထောင်ခြင်း ၇၃ နှစ်ပြည့်မြောက်သည့် အခါသယတွင် စစ်တပ်အမျိုးအစား ၅ မျိုး အပြည့်အစုံ ရှိသည့်အပြင် နျူကလီးယားမဟာဗျူဟာမြောက် စစ်တပ် တပ်ဖွဲ့လည်းပါဝင်ရာ တရုတ်ရေတပ်သည် ကမ္ဘာ့အဆင့်မြင့်ရေတပ်တည်ထောင်ရေး ဦးတည်ချက်သို့ လျှောက်လှမ်းလျက်ရှိသည်။

စစ်လက်နက်ကိရိယာများသာ ပြောင်းလဲခဲ့ပြီး အမိန့်နာခံသစ္စာရှိမှုမှာ ပြောင်းလဲခဲ့ခြင်း မရှိပေ။ ၇၃ နှစ်ကြာကြိုးပမ်းမှု၏ နောက်ကြောင်းကိုပြန်ကြည့်ပါက ရေတပ်သည် ပါတီအမိန့်နာခံပြီး၊ ပါတီလမ်းပြမှုအတိုင်း ရှေ့သို့လျှောက်လှမ်းခဲ့သည်ဖြစ်ပြီး ရေတပ်သည် အားနည်းရာမှ အားကောင်းလာခြင်း၊ အောင်မြင်ရာမှ ပိုမိုအောင်မြင်မှု ရရှိနိုင်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက် စတင်ချိန်မှစ၍ ရေတပ်ပါတီကော်မတီသည် စည်းလုံးညီညွတ်ပြီး ဖြူစင်သည့် အားကောင်းသော ရေတပ်ဖွဲ့စည်းခြင်း၊ လုံးဝ အမိန့်နာခံမှု၊ လုံးဝဖြူစင်မှု၊ လုံးဝယုံကြည်စိတ်ချရမှုကို အစဉ်အမြဲလက်ကိုင်ထားသည်။

“ပင်လယ်ပြင်ကို ဦးတည်ပါက သာယာဝပြောမည်ဖြစ်ပြီး၊ ပင်လယ်ကို ကျောခိုင်းလျှင် ကျဆုံးမည်ဖြစ်သည်။ ပင်လယ်ကို မထိန်းချုပ်နိုင်ပါက ပင်လယ်မှ ပြန်လည်ထိန်းချုပ်ခြင်းခံရမည်” ဟူသည်မှာ တရုတ်ပြည်သူလူထုအပေါ် သမိုင်းမှပေးခဲ့သည့် မမေ့နိုင်သော သင်ခန်းစာတစ်ခုဖြစ်သည်။ ၁၈၄၀ ခုနှစ်မှ ၁၉၄၉ ခုနှစ် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ပင်လယ်မှတစ်ဆင့် တရုတ်နိုင်ငံကို အကြိမ်ပေါင်း ၄၇၀ ကျော် ကျူးကျော်မှု ပြုလုပ်ခဲ့သည်။

သို့သော် ဤသမိုင်းသည် နောက်တစ်ကြိမ် ပြန်ဖြစ်လာမည်မဟုတ်ပေ။ ရေတပ်ပါတီကော်မတီသည် စစ်ပွဲအတွက် ပြင်ဆင်မှုကို အဓိကတာဝန်အဖြစ်ထားပြီး နည်းပညာ၊ စစ်ပွဲများနှင့် ရန်သူများ၏ အပြောင်းအလဲများကို စောင့်ကြည့်ကာ စစ်ရေးလေ့ကျင့်မှု အသွင်ပြောင်းခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ရေကြောင်းဆိုင်ရာ အန္တာရာယ်နှင့် လက်တွေ့ကျသော စွမ်းအင်ကို ဘက်စုံမြှင့်တင်ရန် တိုက်ခိုက်ရေးလေ့ကျင့်မှု၊ စနစ်လေ့ကျင့်မှုနှင့် သိပ္ပံနည်းပညာဆိုင်ရာ လေ့ကျင့်မှုတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အင်အားကြီးထွားလာသည့် ပြည်သူ့ရေတပ်သည် စစ်ပွဲကိုမလိုလားပေ။ လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်း ၊ ပင်လယ်ပြင် ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ခြင်းသည် ရေတပ်အရာရှိများနှင့် စစ်သည်အားလုံး လိုလားသော ဘုံတန်ဖိုးဖြစ်သည်။
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဟိုင်ခိုစစ်သင်္ဘောနှင့် ဝူဟန့်စစ်သင်္ဘော၊ ဝေးဆန်းဟူစစ်သင်္ဘောတို့ ဖွဲ့စည်းထားသော ပထမဆုံး တရုတ်ရေတပ် အစောင့်တပ်ဖွဲ့သည် အေဒင်ပင်လယ်ကွေ့သို့ ထွက်ခွာခဲ့ပြီး တရုတ်ရေတပ်၏ ရေကြောင်းကာကွယ်ရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

၁၀ နှစ်ကျော်ကာလအတွင်း တရုတ်ရေတပ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ပင်လယ်ပြင်တို့တွင် ကာကွယ်ရေး၊ ကယ်ဆယ်ရေး စသည့်တို့ လုပ်ဆောင်ရန် သင်္ဘောအစီးရေ ၁၀၀ ကျော်ရှိသည့် အသုတ် ၄၀ ကို စေလွှတ်ခဲ့သည်။ ၎င်းတို့အနက် နိုင်ငံခြားသင်္ဘောများ၏ ၅၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည်။

နိုင်ငံအများအပြားရှိ ပြည်သူများ၏အမြင်တွင် ပြည်သူ့ရေတပ်သည် အလွန်ချစ်စရာကောင်းသော “ပင်လယ်ပြင်ကာကွယ်စောင့်ရှောက်သူများ” ဖြစ်ကြသည်။ နှစ်ပေါင်းများစွာတွင် တရုတ်ရေတပ်၏ ဆေးရုံသင်္ဘော “Peace Ark” သည် နိုင်ငံရပ်ခြားသို့ ၉ ကြိမ် ၊ရေမိုင် ၂၄၀,၀၀၀ ကျော်မောင်းနှင်သွားရောက်ခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၄၃ ခုနှင့် လူပေါင်း ၂၃၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားကို ဆန်းတုန်းပြည်နယ်၊ ချင်းသောင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ ဧပြီ ၂၄ ရက်တွင် နိုင်ငံပေါင်းများစွာမှ ရေတပ်ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲများသည် ပင်လယ်ပြင် ကံကြမ္မာအကျိုးတူအသိုက်အဝန်း အဆိုပြုချက်ကို ဗဟိုပြုကာ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ရေတပ်ပူးပေါင်းဆောင်ရွက်မှု၊ ပင်လယ်ပြင် ငြိမ်းချမ်းရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဧပြီတွင် အင်ဒိုနီးရှားရေတပ်၏ ရေငုပ်သင်္ဘော ပျက်ကျခဲ့ရာ တရုတ်ရေတပ်သည် သက်ဆိုင်ရာ ပင်လယ်ပြင်သို့ သင်္ဘောများ စေလွှတ်ကာ အင်ဒိုနီးရှားရေတပ်နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တွန်ဂါနိုင်ငံ၏ တောင်းဆိုချက်အရ မီးတောင်ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရေတပ်၏ Wuzhishan နှင့် Chaganhu သင်္ဘောများသည် နှစ်သစ်ကူးအကြိုနေ့တွင် စတင်ထွက်ခွာပြီး နေ့ညမပြတ် ခရီးနှင်ကာ တန်ချိန် ၁,၄၀၀ ကျော် ကပ်ဘေးကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို အချိန်မီပို့ဆောင်နိုင်ခဲ့သည်။

“ပြည်သူ့ရေတပ်ကို ကမ္ဘာ့အဆင့်မီ ရေတပ်အဖြစ် ဘက်စုံတည်ဆောက်နိုင်အောင် ကြိုးစားခြင်း” ဟုသော တရုတ်နိုင်ငံ၏ ကြီးကျယ်ခမ်းနားသော ပြန်လည်ထူထောင်ရေးခရီးစဉ်တွင်ပါဝင်ရန် ရေတပ်စစ်သည်ပေါင်း သိန်းချီ၍ကြိုးပမ်းလုပ်ဆောင်နေကြသည်။ (Xinhua)

………………………..
(Chinese Version)
“锚”定忠诚 “舰”证时代——写在人民海军成立73周年之际
新华社北京4月22日电题:“锚”定忠诚 “舰”证时代——写在人民海军成立73周年之际
新华社记者黎云、孙鲁明
长1.4厘米、宽0.5厘米——那枚从“钢铁战士”麦贤得颅内取出的弹片,如今已经锈迹斑斑,安静地“躺”在海军博物馆里。
随着4月23日“海军节”的临近,在弹片前驻足停留的人,越来越多。有人说,那其实是一枚永不生锈的勋章,见证了人民海军的发展,属于英雄水兵。
1965年8月6日凌晨,在著名的“八六”海战中,多艘排水量仅有百余吨的人民海军护卫艇迎战强悍的美制蒋舰,水兵麦贤得重伤后鲜血脑浆糊住眼睛,仍忍痛坚持战斗三小时,直至战斗结束。
那枚弹片,在历经了4次手术之后,才从麦贤得的颅内取出。
如今,当年在海上“拼刺刀”的小艇早已退出历史舞台。新型战略核潜艇、首艘国产航母、大型驱护舰、综合补给舰等相继入列,舰载战斗机批量交付,预警机、舰载直升机再添新成员,新型反潜巡逻机补齐了人民海军反潜作战的短板……
人民海军成立73年来,在挺进深蓝的进程中,已经发展成为五大兵种齐全、核常兼备的战略性军种,正向着全面建成世界一流海军阔步前行。
变的是装备,不变的是忠诚。回望73年的奋斗历程,人民海军始终听党话、跟党走,从无到有、从弱到强,从胜利走向胜利。
党的十八大以来,海军党委始终坚持从思想上政治上建强海军,确保部队高度集中统一和纯洁巩固,坚决做到绝对忠诚、绝对纯洁、绝对可靠。
“向海而兴、背海而衰,不能制海、必为海制。”这是历史给予中华民族刻骨铭心的教训。从1840年到1949年一百多年间,世界列强共计470多次从海上入侵中国。
但,这段刻骨铭心的历史绝不会重来。海军党委始终坚持把备战打仗作为第一要务,紧盯科技之变、战争之变、对手之变,大力推进战训耦合、体系练兵、科技练兵,加快推进军事训练转型升级,全面提高海上威慑和实战能力。
崛起的人民海军,并不好战。致力于构建人类命运共同体、海洋命运共同体,是全体海军官兵共同的价值追求。
2008年12月26日,海口舰与武汉舰、微山湖舰组成的中国海军首批护航编队远赴亚丁湾,拉开了中国海军护航的序幕。
10多年来,人民海军已派出40批100余艘次舰艇参加亚丁湾、索马里海域护航,解救、接护各类船舶近百艘,其中外国船舶占50%以上。
在很多国家民众的眼中,人民海军的形象,是那只可爱的“海上大白”。多年来,海军“和平方舟”号医院船先后9次走出国门,航行24万余海里,服务43个国家和地区、23万余人次。
2019年4月23日,山东青岛,庆祝人民海军成立70周年海上阅兵活动隆重举行。24日,数十个国家的海军代表团团长,围绕“构建海洋命运共同体”倡议,共商海上安全大计、共话海军合作友谊、共谋海洋和平良策。
2021年4月,印尼海军潜艇失事。中国海军派出舰船,赴相关海域协助印尼开展救援行动。
2022年初,应汤加王国关于火山灾害救援的请求,海军五指山舰、查干湖舰组成编队,除夕出发,星夜兼程,将1400余吨援助物资全部及时送达。
“努力把人民海军全面建成世界一流海军”,在实现中华民族伟大复兴的壮阔航程中,数十万海军官兵,正在争做那朵最澎湃的浪花。(完)
图说1- 南部战区海军某登陆舰支队组织登陆训练,气垫艇编队高速驶向目标岸滩(2月19日摄)新华社发(乔晨曦 摄)
图说2-海军陆战队某旅组织空地协同演练,特战队员搭乘直升机准备奔赴目标空域(2021年6月16日摄)。新华社发(林凯祥 摄)
图说3-海军陆战队某特种作战训练大队组织开展破袭演练,舟艇运送蛙人至预定地域(2021年11月12日摄)。新华社发(孙宏韬 摄)
图说4-南部战区海军某支队组织舰艇协同训练,天权星船和小艇协同出击(3月1日摄)。新华社发(乔晨曦 摄)
图说5-海军陆战队某旅组织对空火力打击训练,导弹射手行进间对“敌”目标实施拦截(2021年7月15日摄)。新华社发(韩亮 摄)
图说6-海军陆战队某旅组织跨昼夜实弹射击演练,某型高炮夜间对空中目标实施打击(2021年6月9日摄)。新华社发(尚文斌 摄)
图说7-海军陆战队某旅组织夜间着舰训练,直升机飞临祁连山舰甲板准备着舰(2020年11月12日摄)。新华社发(丛连营 摄)