Connect with us

Africa & Middle East

နိုင်ဂျီးရီးယား၌ တရားမဝင် ရေနံချက်စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၀၀ ကျော်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့တွင် ဖြစ်ပွားခဲ့သည့် လောင်စာဆီတင်ကား ပေါက်ကွဲမှုကို ဇန်နဝါရီ ၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဧပြီ ၂၂ ရက် ညပိုင်းက နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း Imo နှင့် Rivers ပြည်နယ် စပ်ကြားဒေသရှိ တရားမဝင် ရေနံချက်စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားအရာရှိက ဧပြီ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ပေါက်ကွဲမှုဖြစ်ပွားသည့် တရားမဝင် ရေနံချက်စက်ရုံသည် Imo ပြည်နယ် Egbema ခရိုင်နှင့် Rivers ပြည်နယ် စပ်ကြားရှိ တောအုပ်တစ်ခုအတွင်းတည်ရှိကြောင်း နှင့် ပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း Imo ပြည်နယ်၏ ရေနံအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အကြီးအကဲ Goodluck Nanah Opiah က ပြောကြားခဲ့သည်။ Imo ပြည်နယ်အစိုးရက ရေနံချက်စက်ရုံလုပ်ငန်းရှင်အား ဖမ်းဆီးရန် ခွင့်ပြုမှုမိန့် ထုတ်ပြန်ထားပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မှောင်ခိုဂိုဏ်းများက ရေနံပိုက်လိုင်းမှ ခိုးယူလာသည့် ရေနံစိမ်းများကို ယင်းရေနံချက်စက်ရုံက ဝယ်ယူ၍ တစ်ဆင့်ပြန်ချက်လုပ်နေခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားရာနေရာအနီးရှိ ခရိုင်မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိတွင် ရုပ်အလောင်း ၁၀၈ လောင်း တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

#Nigeria, #Explosion, #Xinhua, #Myanmar, #XinhuaMyanmar, #နိုင်ဂျီးရီးယား, #ပေါက်ကွဲမှု, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
—————————-
(English Version)
(国际)尼日利亚一非法炼油厂爆炸致100多人死亡
新华社阿布贾4月23日电(记者郭骏)尼日利亚官员23日证实,尼南部伊莫州和河流州交界处的一个非法炼油厂22日晚发生爆炸,造成100多人死亡。
伊莫州石油资源管理部门负责人古德勒克·奥皮亚在接受新华社记者电话采访时说,发生爆炸的非法炼油厂位于该州埃贝马区与河流州交界处的森林里,事故已造成超过100人死亡。伊莫州政府已对该炼油厂的运营者发出通缉令,并开始调查事故原因。
事故发生地附近社区一名官员在电话中告诉新华社记者,该炼油厂主要接收和加工非法团伙从输油管道盗取的原油。目前已发现108具遗体。(完)
图说- 1月7日,在尼日利亚拉各斯,一辆油罐车爆炸并起火。新华社发(埃马纽埃尔·奥索蒂摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.