Connect with us

Eastern Europe

ယူကရိန်းနှင့် တူရကီ သမ္မတတို့ ယူကရိန်းအရေး ဖုန်း ဆက်သွယ်ဆွေးနွေး ၊ ရုရှားစစ်တပ်က Azovstal စက်ရုံကို မနားတမ်းတိုက်ခိုက်နေကြောင်း ယူကရိန်းပြော

မာရီယူပိုးလ်ရှိ Azovstal သံမဏိစက်ရုံအား ဧပြီ ၂၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၄ ရက်တွင် တူရကီသမ္မတ အာဒိုဂန်နှင့် ဖုန်းဖြင့်ဆက်သွယ်ကာ ယူကရိန်းအခြေအနေကို ဆွေးနွေးခဲ့သည်။ ရုရှားစစ်တပ်က ထိုနေ့တွင် Azovstal စက်ရုံကို မနားတမ်းတိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က ဧပြီ ၂၄ ရက်တွင်ပြောကြားခဲ့သည်။—— ဇယ်လန်းစကီးသည် ထိုနေ့တွင် အာဒိုဂန်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်း-ရုရှား ဆွေးနွေးညှိနှိုင်းမှု အခြေအနေ၊ တူရကီနှင့် အခြားနိုင်ငံများနှင့် ယူကရိန်းတို့၏ လုံခြုံရေးအာမခံချက်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးလုပ်ငန်း တိုးတက်မှုအခြေစသည်တို့ကို ဆွေးနွေခဲ့ကြောင်း ဇယ်လန်းစကီးက ဧပြီ ၂၄ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ ရေးသားဖော်ပြထားသည်။ မာရီယူပိုးလ် နှင့် Azovstal သံမဏိစက်ရုံမှ အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
—— ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၁ စီး၊ ရဟတ်ယာဉ် ၁၁၀ စင်း၊ မောင်းသူမဲ့လေယာဉ် ၅၅၂ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၆၄ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၄၉၆ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၂၈၂ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၀၉၃ လက်၊ စစ်ဘက်သုံးအထူးယာဥ် ၂,၃၄၃ စီး ရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov ကပြောကြားခဲ့သည်။

—— ရုရှားစစ်တပ်သည် Azovstal သံမဏိစက်ရုံကို မနားတမ်းတိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတရုံး အကြံပေး Mykhailo Podolyak က ဧပြီ ၂၄ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ရေးသားထားကြောင်း ယူကရိန်း Interfax သတင်းဌာနက ဖော်ပြထားသည်။ မာရီယူပိုးလ်မှ အရပ်သားများ အတားအဆီးမရှိ ရွှေ့ပြောင်းနိုင်ရန် ရုရှားအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ ဖွင့်လှစ်ပေးရန်ကိုလည်း ၎င်းကတိုက်တွန်းပြောကြားထားသည်။

——ယူကရိန်းစစ်တပ်သည် ဧပြီ ၂၃ ရက်တွင် Kursk Oblast ဒေသရှိ ရုရှား-ယူကရိန်းနယ်စပ် စစ်ဆေးရေးစခန်းတစ်ခုအား စိန်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ရုရှားနိုင်ငံ အနောက်တောင်ပိုင်းဒေသ Kursk Oblast ၏ ပြည်နယ်အုပ်ချုပ်ရေးမှူး Roman Starovoit က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

最新动态:乌土总统电话讨论乌克兰局势 乌方说俄军不间断攻击亚速钢铁厂
新华社北京4月24日电综合新华社驻外记者报道:乌克兰总统泽连斯基24日与土耳其总统埃尔多安通电话,讨论了乌克兰局势。乌克兰总统办公室顾问波多利亚克24日说,俄军当天对亚速钢铁厂发起不间断攻击。
——泽连斯基24日在社交媒体发文称,他当天与埃尔多安通电话,讨论了乌俄谈判进展以及乌克兰与土耳其和其他国家关于安全保障的协调工作进展情况。他说,有必要在马里乌波尔和亚速钢铁厂立即实施平民疏散。
——俄罗斯国防部发言人科纳申科夫24日通报,自俄罗斯开展特别军事行动以来,俄军已摧毁乌军141架飞机、110架直升机、551架无人机、264套防空导弹系统、2496辆坦克及其他装甲车辆、282台多管火箭炮、1093门野战火炮和迫击炮、2343辆特种军用车辆。
——乌克兰国际文传电讯社报道,乌克兰总统办公室顾问波多利亚克24日在社交媒体发文称,当天俄军对亚速钢铁厂发起不间断攻击。他呼吁俄方开通人道主义通道,方便平民无障碍撤离马里乌波尔。
——俄罗斯西南部库尔斯克州州长斯塔罗沃伊特在其社交账号上发文说,乌军23日使用迫击炮袭击了库尔斯克州格鲁什科夫区的一个俄乌边境检查站,没有人员伤亡。(参与记者:黄河、李东旭、李铭、李奥)(完)
图说- 是4月22日在马里乌波尔拍摄的亚速钢铁厂。新华社发(维克托摄)