Connect with us

Asia

ကာရော့ ရေအားလျှပ်စစ်စက်ရုံက ပါကစ္စတန်၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဟု ပါကစ္စတန် ၀န်ကြီးချုပ် ပြောကြား

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ကာရော့ဒေသရှိ ကာရော့ရေအားလျှပ်စစ် စက်ရုံအား ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ၏ ပထမဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သည့် ကာရော့ ရေအားလျှပ်စစ်စက်ရုံက ပါကစ္စတန်နိုင်ငံအတွက် သန့်ရှင်းပြီး စျေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးမည်ဖြစ်ရာ ပါကစ္စတန်၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
Shehbaz က မေ ၂၅ ရက် မွန်းလွဲပိုင်းတွင် ကာရော့ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများက စီမံကိန်းတည်ဆောက်မှု အခြေအနေအား အသေးစိတ်မိတ်ဆက်ပြီးနောက် Shehbaz က စီမံကိန်းအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆောက်လုပ်ရေးတိုးတက်မှုက ကျေနပ်ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Shehbaz က အမှာစကားပြောကြားရာတွင် ကာရော့ရေအားလျှပ်စစ်စက်ရုံစီမံကိန်းသည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံ အမာခံချစ်ကြည်ရင်းနှီးမှု၏ အမှတ်သင်္ကေတ ဖြစ်ပြီး စီမံကိန်းဆောက်လုပ်ပြီးစီးပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကာရော့ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်း ဆောလျဉ်းစွာပြီးစီးပြီး လျှပ်စစ်စုံဓာတ်အားပို့လွှတ်ရေးအကောင်အထည်ဖော်ခြင်းဖြင့် ပါကစ္စတန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပါကစ္စတန်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် နှစ်နိုင်ငံ ဆောက်လုပ်သူများက အတူကြိုးပမ်းလျက်ရှိကြောင်း ဆိုသည်။
China Three Gorges International Corporation အကြီးအကဲ ဝူရှိန့်လျန်က ဗွီဒီယိုလင့်ခ်မှတစ်ဆင့် အမှာစကားပြောကြားရာတွင် ကာရော့ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းသည် Three Gorges Group ၏ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများအနက် ပထမဆုံး အကြီးစား ဂရင်းလန်း ရေအားလျှပ်စစ် စီမံကိန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့် ပါကစ္စတန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းလုပ်ဆောင်မှုများကြောင့် အဆိုပါစီမံကိန်း အပြည့်အဝ လည်ပတ်ရန် ကြိုတင်အကောင်အထည်ဖော်နိုင်ခြေရှိကြောင်းနှင့် ၎င်းကပါကစ္စတန်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကာရော့ ‌ရေအားလျှပ်စစ်စက်ရုံသည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ကာရော့ဒေသတွင် တည်ရှိပြီး Jhelum မြစ် လှေကားထစ် ရေအားလျှပ်စစ် စီမံကိန်း၏ စတုတ္ထအဆင့်ဖြစ်သည်။ စီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံဖြစ်ပြီး စုစုပေါင်း စက်တပ်ဆင်အား ကီလိုဝပ် ၇၂၀,၀၀၀ ရှိသည်။ စီမံကိန်ပြီးနောက် နှစ်စဉ် ပျမ်းမျှလျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုပမာဏသည် ကီလိုဝပ်နာရီ ၃.၂ ဘီလီယံ ၊ နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၃.၅ သန်း လျှော့ချနိုင်မည်ဟု ခန့်မှန်းထားပြီး ဒေသခံ ၅ သန်းခန့်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
巴基斯坦总理表示卡洛特水电站将促进巴绿色发展

新华社伊斯兰堡5月25日电(记者蒋超)巴基斯坦总理夏巴兹•谢里夫25日表示,中巴经济走廊首个水电投资项目卡洛特水电站将为巴基斯坦提供清洁廉价的电力,促进巴绿色发展。

夏巴兹25日下午到卡洛特水电站项目现场视察。在听取中国投资方介绍项目建设情况后,夏巴兹对项目团队付出的努力表示感谢,对施工进展表示满意。

夏巴兹随后发表讲话表示,卡洛特水电站项目象征着巴中两国的铁杆友谊,建成后将进一步深化两国关系发展。当前,两国工人正在共同努力,力争卡洛特水电站项目早日完工,实现全面投产发电,为促进巴经济发展发挥积极作用,造福巴人民。

中国三峡国际能源投资集团有限公司董事长吴胜亮通过视频连线致辞表示,卡洛特水电站项目是三峡集团在海外投资的第一个大型绿地水电项目。经过中巴建设者的共同努力,项目有望提前实现全面投产发电,助力巴经济社会发展。

卡洛特水电站位于巴基斯坦旁遮普省卡洛特地区,是杰赫勒姆河梯级水电规划的第四级。项目总投资约17.4亿美元,总装机72万千瓦,投产发电后年均发电量约32亿千瓦时,预计每年可减少二氧化碳排放350万吨,满足当地约500万人口用电需求。
图说-  这是4月9日在巴基斯坦旁遮普省卡洛特地区航拍的卡洛特水电站项目。新华社发(三峡南亚公司卡洛特水电站项目部供图)