Connect with us

Europe

မဟာဗျူဟာ ခြိမ်းခြောက်မှုကို ရုရှားက လျှပ်တစ်ပြက် လျင်မြန်စွာ တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ပူတင် ပြောကြား

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်တွင် ဗွီဒီယိုလင့်ခ်မှတစ်ဆင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ-ကရင်မလင်နန်းတော်)

မော်စကို၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

ယူကရိန်း အထူးစစ်ရေးလှုပ်ရှားမှုကို ပြင်ပမှ စွက်ဖက်ရန် ကြိုးပမ်းပြီး ရုရှားအတွက် လက်မခံနိုင်စရာ မဟာဗျူဟာခြိမ်းခြောက်မှု ဖြစ်လာမည်ဆိုပါက ရုရှားအနေဖြင့် လျှပ်တစ်ပြက် လျင်မြန်စွာ တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။

ရုရှားတွင် အခြားသူများမရှိသည့် တုန့်ပြန်တိုက်ခိုက်မှုနည်းလမ်းများကို ပိုင်ဆိုင်ထားပြီး လိုအပ်သည့်အချိန်မှာ ၎င်းတို့ကိုအသုံးပြုသွားမည်ဟု ပူတင်က ယင်းန့တွင် ကျင်းပသည့် ဥပဒေပြုကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်သည့် အထူးစစ်ရေးလှုပ်ရှားမှု၏ တာဝန်အလုံးစုံ ပြီးပြည့်စုံအောင် မုချဆောင်ရွက်နိုင်ကြောင်း၊ ၎င်းကို သမိုင်းရှုထောင့်မှကြည့်လျှင် နိုင်ငံတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အာမခံမှု ဖြစ်စေကြောင်း ပူတင်က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက တရားမဝင်ပိတ်ဆို့မှုဖြင့် ရုရှားစီးပွားရေးပျက်သုန်းအောင် တိုက်ခိုက်ရန် ကြိုးပမ်းမှုများကို ရုရှား အသီးသီး တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားဘဏ်စနစ်၊ နိုင်ငံ၏ငွေကြေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေး အလုံးစုံသည့် စမ်းသပ်မှုဒဏ်ကို ခံနိုင်ကြောင်း ပူတင်က ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
(乌克兰局势)普京说俄将以闪电速度回击战略威胁
2022-04-28 09:58:04 分类: 政治法律
新华社莫斯科4月27日电(记者耿鹏宇)据克里姆林宫网站消息,俄罗斯总统普京27日说,如果有人打算从外部干预正在乌克兰进行的特别军事行动,并对俄构成无法接受的战略威胁,俄就将以闪电般的速度回击。
普京当天在立法委员会会议上表示,俄罗斯拥有别人所没有的反击手段,在必要时会使用它们。
普京还说,自2月24日起开展的特别军事行动的所有任务都一定能够完成,进而从历史角度来看保障整个国家的和平与安全。
普京说,俄采取的各项措施回击了西方用非法制裁对俄经济造成毁灭性打击的企图。俄银行系统、国家货币、运输、贸易和整个经济都经受住了考验。(完)
Russian President Vladimir Putin holds a meeting on economic issues via video link on April 18, 2022. (Kremlin photo)