Connect with us

Europe

ယူကရိန်းက စားသောက်ကုန်ပစ္စည်းများကို ရိုမေးနီးယားမှတစ်ဆင့် တင်ပို့

ယူကရိန်းနိုင်ငံ Vinnitsa တွင် ဂျုံများရိတ်သိမ်းနေသည်ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ရုရှားအထူးစစ်ဆင်ရေး စတင်ပြီး ယူကရိန်း၏ အဓိကဆိပ်ကမ်းများ ပိတ်လိုက်ရခြင်းကြောင့် လူအများက စားသောက်ကုန်တင်ပို့သည့် နိုင်ငံကြီးက ကုန်ပစ္စည်းများအဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်မှု ရှိမရှိကို အာရုံစိုက်ဂရုပြုကြသည်။ ထိုအပေါ် ယူကရိန်းက စားသောက်ကုန်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ကာ အိမ်နီးချင်းနိုင်ငံ ရိုမေးနီးယားသို့ ပို့ဆောင်ပြီး ရိုမေးနီးယား ပင်လယ်နက်ဆိပ်ကမ်းမှတစ်ဆင့် အခြားနိုင်ငံသို့ ပို့ဆောင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ယူကရိန်းနိုင်ငံသည် အနောက်ဘက်မှ ရိုမေးနီးယားနိုင်ငံသို့ ပထမအသုတ် ပြောင်းများတင်ပို့ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် Constanta ဆိပ်ကမ်း၌ တင်ဆောင်ထားကာ နိုင်ငံအသီးသီးသို့ ပို့ဆောင်‌တော့မည်ဖြစ်ကြောင်း ရိုမေးနီးယား Constanta ဆိပ်ကမ်းအော်ပရေတာ Comvex အကြီးအကဲ Viorel Panayt က ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။

ယူကရိန်းသည် ရိုမေးနီးယားသို့ စားသောက်ကုန်များပို့ဆောင်ရာတွင် ရထားဖြင့်နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခြင်း နှင့် Danube မြစ်မှ သင်္ဘောဖြင့် ပို့ဆောင်ခြင်း နည်းလမ်း ၂ မျိုးကို အဓိက အသုံးပြုခြင်းဖြစ်သည်။

ပထမအသုတ်အဖြစ်တင်ပို့သည့် ပြောင်း၏ စုစုပေါင်းအလေးချိန်သည် တန်ချိန် ၇၁,၀၀၀ ရှိကြောင်းနှင့် ယူကရိန်းမှ စားသောက်ကုန်ပစ္စည်းများကို ထောက်ခံအားပေးခြင်းက ယူကရိန်းဆိပ်ကမ်းများ ပိတ်လိုက်ခြင်းမှ ဖြစ်ပေါ်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာပြတ်လပ်မှုကို ကာကွယ်ရာရောက်ကြောင်း Panayt က ပြောကြားခဲ့သည်။

ယူကရိန်းသည် “ဥရောပ ရိက္ခာစပါးကျီ” ဟု လူသိများသည့် ဥရောပ၏ ပြောင်းနှင့် ဂျုံ အဓိကတင်ပို့သည့် နိုင်ငံဖြစ်သည်။ ထို့ပြင် ယူကရိန်းမှ ဂျုံတင်ပို့မှုမှာ ကမ္ဘာတစ်ဝန်း ဂျုံတင်ပို့မှု၏ ၁၂ ရာခိုင်နှုန်း၊ ပြောင်းက ၁၅ ရာခိုင်နှုန်း၊ နေကြာဆီက ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ယူကရိန်းမှ တင်ပို့သည့် ကောက်နှံပင် တန်ချိန် ၈၀,၀၀၀ ခန့်သည် ဆိပ်ကမ်းသို့ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အခြား ကောက်နှံပင် ၈၀,၀၀၀ ခန့်မှာမူ ယူကရိန်းမှ ထွက်ခွာခဲ့ပြီး ဆိပ်ကမ်းသို့ရောက်ရှိတော့မည်ဖြစ်ကြောင်း Constanta ဆိပ်ကမ်း အော်ပရေတာက ဧပြီ ၂၆ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ကောက်နှံပင်များအပြင် ယူကရိန်းသတ္တုရိုင်းများမှာလည်း ရိုမေးနီးယား ပင်လယ်နက်ဆိပ်ကမ်းမှ တင်ပို့မည်ဖြစ်သည်။ Comvex သည် ယခုသတင်းပတ်အစောပိုင်းက Constanta ဆိပ်ကမ်း၌ ယူကရိန်း သတ္တုရိုင်း ၃၅,၀၀၀ ခန့်ကို တင်ဆောင်ထားပြီးဖြစ်ကြောင်းနှင့် မေ ၁၅ ရက်ဝန်းကျင်တွင် ရောက်ရှိလာမည့် ယူကရိန်းသတ္တုရိုင်းများ တင်ဆောင်ရန်လည်း အသင့်ဖြစ်နေကြောင်း Panayt က ပြောကြားခဲ့သည်။

Constanta ဆိပ်ကမ်းသည် ပင်လယ်နက်အနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိပြီး ဥရောပသမဂ္ဂအရှေ့ပိုင်းရှိ အကြီးဆုံးဆိပ်ကမ်းဖြစ်သည်။ ဆိပ်ကမ်း၏စုစုပေါင်းအရှည်သည် ကီလိုမီတာ ၃၀ ကျော်ရှိပြီး သင်္ဘောဆိုက်ကပ်ရာနေရာ ၁၀၅ ခုရှိကြောင်း သိရသည်။ ထို့ပြင် ဆိပ်ကမ်းသည် တူးမြောင်းမှတစ်ဆင့် Danube မြစ်နှင့် ချိတ်ဆက်ထားပြီး ပတ်ဝန်းကျင် သယ်ယူပို့ဆောင်ရေး ကွန်ရက်ဖွံ့ဖြိုးကြောင်း သိရသည်။

အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက် လက်ရှိတွင် ယူကရိန်းမှ ကုန်ပစ္စည်းများကို ရိုမေးနီးယား ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့မှုလမ်းကြောင်းသည် “တဖြည်းဖြည်းပုံပေါ်လာပြီဖြစ်ကြောင်း” Panayt က ဆိုသည်။

သို့သော် ဤတင်ပို့မှုလမ်းကြောင်းသည် ဆိပ်ကမ်းတစ်ဝိုက်အခြေခံအဆောက်အများ ပြုပြင်ရန်ကဲ့သို့သော ပြဿနာများ ရှိနေဆဲဖြစ်သည်။ အချို့သော အခြေခံအဆောက်အအုံများ မပြည့်စုံခြင်းကြောင့် ယူကရိန်းမှ Constanta ဆိပ်ကမ်းသို့ ပို့ဆောင်ရန်အချိန်အတော်ကြာလိုအပ်ပြီး ကုန်ကျစရိတ်များ မြင့်မားလာမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းကပြောကြားခဲ့သည်။

ရိုမေးနီးယားအစိုးရက ဆိပ်ကမ်းအများအပြားမှ ယူကရိန်းနှင့် ချိတ်ဆက်နေသည့် ရထားလမ်းများကို ပြုပြင်ရန် စဉ်းစားနေပြီး ၎င်းကလည်း ယင်းအစီအစဉ်ကို ကြိုဆိုပါကြောင်း Panayt က ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
乌克兰借道罗马尼亚出口粮食
新华社北京4月30日电 俄罗斯发起特别军事行动两个多月来,乌克兰主要港口关闭,这一粮食出口大国能否顺利交货备受关注。乌克兰想出新招:把粮食跨境运到邻国罗马尼亚,再经由罗马尼亚黑海港口出口到其他国家。
罗马尼亚康斯坦察港口运营商Comvex总裁维奥雷尔·帕纳伊特告诉路透社记者,首批乌克兰玉米向西运送到罗马尼亚后,已于28日在康斯坦察港装船完毕,即将运往各个目的地。
乌克兰把粮食运入罗马尼亚主要有两种方式,一是火车跨境运输,二是多瑙河航运。
帕纳伊特说,首批装船的玉米总重7.1万多吨,“支持乌克兰谷物出口,意味着避免因乌克兰港口关闭而酿成全球饥荒”。
乌克兰素有“欧洲粮仓”之称,是玉米和小麦出口大国。此前,乌克兰出口的小麦占全球总量的12%,玉米占15%,葵花籽油占50%。
康斯坦察港口运营商26日披露,已有约8万吨谷物从乌克兰运抵该港口;另有约8万吨谷物已从乌克兰发出,即将运抵。
除了谷物,乌克兰矿石也要靠罗马尼亚黑海港口出口。帕纳伊特说,Comvex本周早些时候在康斯坦察港将大约3.5万吨乌克兰铁矿石装船完毕,预计5月15日左右又会有一批乌克兰铁矿石运抵,以便装船。
康斯坦察港位于黑海西岸,是欧盟东部最大海港,码头总长30多公里,设有泊位150多个。同时,港口通过运河与多瑙河相接,周边交通网络发达。
按照帕纳伊特的说法,经过一段时间摸索,眼下乌克兰货物经由罗马尼亚港口出口的渠道“正在慢慢成形”。
不过,这条出口渠道仍存在不少问题,如港口周边基础设施有待修缮。由于部分基础设施不到位,将货物从乌克兰运到康斯坦察港的时间太长,“意味着成本增加”。
帕纳伊特说,罗马尼亚政府正考虑修缮从多个港口通往乌克兰的数条铁路,他对这些计划表示欢迎。(杨舒怡)
图说- 2008年7月17日,在乌克兰西南部的文尼察州,大型联合收割机在收割小麦。新华社记者宋宗利摄