Connect with us

Africa & Middle East

ပြည်ပမှလှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများ ခွဲဝေပေးအပ်ခြင်းအခမ်းအနား အာဖဂန်ကြားဖြတ်အစိုးရ ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ဆန်နှင့်ဂျုံမှုန့်များကို ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကြားဖြတ်အစိုးရက ပြည်ပနိုင်ငံအစိုးရများမှ အာဖဂန်သို့ ထောက်ပံ့သည့် အကူအညီပေးရေးပစ္စည်းများ ခွဲဝေပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁ ရက်တွင် မြို့တော်ကဘူးလ်၌ ကျင်းပခဲ့သည်။ ထိုနေ့တွင် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုပေါင်း ၇၀၀ က ဆန်နှင့် ဂျုံမှုန့်စသည့် အထောက်အပံ့ပစ္စည်းများရရှိခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ဆန်နှင့်ဂျုံမှုန့်များအား လက်ခံရယူနေသည့် ပြည်သူများကို ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ဆန်နှင့်ဂျုံမှုန့်များအား လက်ခံရယူနေသည့် ပြည်သူများကို ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ဆန်နှင့်ဂျုံမှုန့်များအား လက်ခံရယူနေသည့် ပြည်သူများကို ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆင်းရဲနွမ်းပါးသည့် မိသားစုများအား ခွဲဝေပေးခဲ့သည့် ဆန်နှင့် ဂျုံမှုန့်များမှာ တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့မှ အာဖဂန်သို့ လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများဖြစ်ကြောင်း အာဖဂန်ကြားဖြတ်အစိုးရ အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှုရေးရာဝန်ကြီးဌာန အရာရှိ Mawlawi Jan Mohammad Sayeq က ပြောကြားခဲ့သည်။

“အခုလို အကျပ်အတည်းဖြစ်နေတဲ့ကာလမှာ အာဖဂန်ပြည်သူတွေကို အကူအညီပေးတဲ့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံအဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်” ဟု ထိုနေ့တွင် အကူအညီရရှိခဲ့သည့် Nik Mohammad က ပြောကြားခဲ့သည်။

လက်ရှိတွင် အာဖဂန်နစ္စတန်တွင် ဆိုးဝါးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် အာဖဂန်သို့ ယွမ်သန်း ၂၀၀ တန်ဖိုးရှိသည့် စားနပ်ရိက္ခာ၊ ဆောင်းရာသီသုံးပစ္စည်း၊ ကာကွယ်ဆေးနှင့် ဆေးဝါးစသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
阿富汗临时政府举行外国援助分发仪式
新华社喀布尔6月2日电(记者邹学冕)阿富汗临时政府1日在阿首都喀布尔举行外国政府对阿富汗援助物资分发仪式。700个贫困家庭当天收到了大米、面粉等援助物资。
阿富汗临时政府国家灾难管理与人道主义事务部官员毛拉维•扬•穆罕默德•赛义克说,分发给贫困家庭的大米和面粉来自中国和哈萨克斯坦对阿富汗的人道主义援助物资。
当天领到援助的尼克•穆罕默德说:“感谢中国以及其他在这个关键时刻帮助阿富汗人的国家和机构。”
阿富汗目前面临严重的人道主义危机。中国政府去年9月宣布,向阿富汗提供价值2亿元人民币的粮食、越冬物资、疫苗和药品等紧急人道主义援助。(完)
图说- 6月1日,当地民众在阿富汗喀布尔领取援助物资。阿富汗临时政府1日在阿首都喀布尔举行外国政府对阿富汗援助物资分发仪式。700个贫困家庭当天收到了大米、面粉等援助物资。新华社发(塞夫拉赫曼•萨菲摄)