Connect with us

Europe

ရုရှား-ယူကရိန်း ပဋိပက္ခ၏ ရက်ပေါင်း ၁၀၀

လူးဟန့်စ်ခ်ရှိ ပျက်စီးနေသည့်အဆောက်အဦအား မေ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒွန်ဘတ်စ်ဒေသသို့ အထူးစစ်ဆင်ရေးလုပ်ဆောင်မည် ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားနှင်သံတမန်ဆက်ဆံရေးဖြတ်တောက်ကြောင်းနှင့် ယူကရိန်းတစ်နိုင်ငံလုံး စစ်ရေးအခြေအနေကြေညာခဲ့သည်။ ဒွန်ဘတ်စ်ဒေသနှင့် ယူကရိန်းအရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း စသည့် ဒေသများ၌ ရုရှားတပ်များ၏ ထိုးစစ်ဆင်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ဘိုင်ဒန်က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုအသစ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥရောပ၌ စစ်ရေးဖြန့်ကျက်မှုများ အားဖြည့်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့(NATO) အထွေထွေအတွင်းရေးမှူးချုပ်Jens Stoltenberg က NATO အဖွဲ့အနေဖြင့် ယူကရိန်းသို့ စစ်တပ်သို့ စေလွှတ်မည့် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ရှိ မြေအောက်ဘူတာရုံတစ်ခုအား မေ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသော ဘတ်စ်ကား ရုရှားတပ်များ ထိန်းချုပ်ထားသော Olenivka သို့ ရောက်ရှိလာသည်ကို မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုရှား-ယူကရိန်း နှစ်နိုင်ငံစစ်တပ် နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ကို အနောက်ဖက်ခြမ်းပိတ်ဆို့ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကိဗ်မြို့လယ်ကို ရုရှားတပ်များ အရှိန်အဟုန်ဖြင့် ရွှေ့လျားလာနေကြောင်း ယူကရိန်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ပူတင်နှင့် ပြင်သစ်သမ္မတ မိုက်ခရွန်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် ရုရှား၏ ခရိုင်းမီးယားအချုပ်အခြာအာဏာကို အသိအမှတ်ပြုရေး၊ ယူကရိန်း “စစ်ရေးအသွင်ပြောင်းမှုကို ဖယ်ရှားရေး” နှင့် ဘက်မလိုက်ကြားနေရပ်တည်ရေး စသည့်တို့ကို တောင်းဆိုခဲ့သည်။ ထိုနေ့တွင်ပင် ရုရှား-ယူကရိန်း ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဘီလာရုဇ်၌ ကျင်းပခဲ့သော်လည်း လက်တွေ့ရလဒ် မရရှိခဲ့ကြောင်း သိရသည်။

မတ် ၂ ရက်တွင် ယူကရိန်းနိုင်ငံ တောင်ပိုင်း အဓိက ဆိပ်ကိမ်းမြို့ ဖြစ်သည့် ကရာဆွန်(Kherson)ကို ရုရှားတပ်များ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

မတ် ၃ ရက်တွင် ရုရှား-ယူကရိန်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဘီလာရုဇ်၌ ကျင်းပခဲ့ရာ လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းတည်ဆောက်ရန်သာ နှစ်ဖက်အကြား နားလည်မှုရရှိခဲ့သည်။

မတ် ၇ ရက်တွင် ရုရှား-ယူကရိန်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဘီလာရုဇ်၌ ကျင်းပခဲ့ရာ နှစ်ဖက်အကြား နိုင်ငံရေးနှင့်စစ်ရေးကဏ္ဍအကြောင်းအရာများကို ဆွေးနွေးခဲ့သော်လည်း ခန့်မှန်းထားသည့် ရလဒ် မရရှိခဲ့ကြောင်း သိရသည်။

မတ် ၁၀ ရက်တွင် ရုရှား-ယူကရိန်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တူရကီ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းခြင်း တိုးတက်မှုမရရှိခဲ့ကြောင်း သိရသည်။

မတ် ၂၂ ရက်တွင် ဒွန်ဘတ်စ်နှင့် ခရိုင်းမီးယားဒေသ ချိတ်ဆက်ရာ ကုန်းလမ်းကြောင်းကို ရုရှားတပ်များ ထိန်းချုပ်ထားပြီး အဇော့ပင်လယ်သို့သွားရာ ယူကရိန်းလမ်းကြောင်းကို ဖြတ်တောက်ထားကြောင်း ယူကရိန်း စစ်ဦးစီးချုပ်ရုံးက အတည်ပြုခဲ့သည်။

မတ် ၂၅ ရက်တွင် အထူးစစ်ဆင်ရေး ပထမအဆင့် အဓိကတာဝန်များ ယေဘုယျပြီးစီးသွားကြောင်းနှင့် ယူကရိန်းတပ်ဖွဲ့ တိုက်ခိုက်မှုစွမ်းရည်ကို တိုက်စားပြီး ဖြစ်ရာ ဒွန်ဘတ်စ်ဒေသကို အဓိကပစ်မှတ်အဖြစ် အင်အားစုစည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မတ် ၂၉ ရက်တွင် ရုရှား-ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ တူရကီ၌ တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရာတွင် ယူကရိန်းကို နိုင်ငံတကာလုံခြုံရေးအာမခံမှုပေးရေးနှင့် ရုရှား-ယူကရိန်း အပစ်ခတ်ရပ်စဲရေးကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုက အပြုသဘောဆောင်ကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။ ရုရှားဘက်က ကိဗ်နှင့်ချာနီဟစ်ဗ်ကို ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုများကို အများအပြားလျှော့ချရန် ဆုံးဖြတ်ခဲ့သည်။

ဧပြီ ၃ ရက်တွင် ရုရှားတပ်များ ဘူချာမြို့၌ ရာနှင့်ချီသောအရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း ယူကရိန်းက အပြစ်တင်ပြောကြားခဲ့သည်။ သက်ဆိုင်ရာ စွပ်စွဲချက်များကို ရုရှားဘက်က ငြင်းဆိုခဲ့သည်။ “ဘူချာ ဖြစ်ရပ်”ကြောင့် ရုရှားနှင့်ယူကရိန်း ဆွေးနွေးမှုအဟန့်အတား ဖြစ်ခဲ့သည်။

ဧပြီ ၇ ရက်တွင် NATO အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က ရုရှား-ယူကရိန်း ပဋိပက္ခတွင် NATO ပါဝင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၁၄ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှား ပင်လယ်နက် ရေယာဉ်အုပ်စု “Moskva” ခရူဇာ နစ်မြုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ယူကရိန်းနယ်ခြားစောင့်တပ်က ယင်းနေ့တွင် ခရုဇ်ဒုံးကျည်နှင့် ခရူဇာသင်္ဘောကို ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ဧပြီ ၁၃ ရက် လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။

ဧပြီ ၁၆ ရက်တွင် Azovstal သံမဏိစက်ရုံမှလွဲ၍ ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုးလ်မြို့ ဧရိယာတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ယူကရိန်းစစ်တပ်လက်ကျန်အင်အားနှင့် နိုင်ငံခြားကြေးစားတပ်များ Azovstal စက်ရုံတွင် ပိတ်ဆို့ခံထားရကြောင်း ရုရှားစစ်တပ်က ကြေညာသည်။

မေ ၃ ရက်တွင် နိုင်ငံတကာ လုံခြုံရေး အာမခံမှုနှင့် ရုရှားက လုံခြုံရေးအာမခံချက်ကို အသိအမှတ်ပြုသည့် အခြေအနေရရှိမှသာ ယူကရိန်းပြည်သူများ၏ ဆန္ဒကို ကောက်ခံပြီး ကြားနေရပ်တည်ရန် ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း ဇယ်လန်းစကီး၏ပြောကြားချက်ကို ကိုးကား၍ Ukrinformသတင်းဌာနက ဖော်ပြခဲ့သည်။

မေ ၅ ရက်တွင် ယူကရိန်းဝန်ကြီးချုပ် က ယူကရိန်း-ရုရှား ပဋိပက္ခ ဖြစ်ပွားသည်အချိန်မှစ၍ ယူကရိန်းဘက်က ဘဏ္ဍာရေးနှင့်လက်နက်အကူအညီ ကန်ဒေါ်လာ ၁၂ ဘီလီယံ ရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေ ၂၀ ရက်တွင် Azovstal သံမဏိစက်ရုံ၌ ပိတ်မိနေ‌သော ယူကရိန်းလက်နက်ကိုင် နောက်ဆုံးအသုတ် ၅၃၁ ဦး လက်နက်ချခဲ့ရာ မာရီယူပိုးလ်မြို့ကို ရုရှားတပ်များ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ မေ ၁၆ ရက်မှ စ၍ Azovstal သံမဏိစက်ရုံ၌ ပိတ်မိနေပြီး လက်နက်ချခဲ့သော ယူကရိန်းစစ်တပ်နှင့် ယူကရိန်း စစ်ရေးအင်အားစု အဇော့တပ်ရင်း တပ်ဖွဲ့ဝင် အရေအတွက် ၂,၄၃၉ ဦး ရှိကြောင်း သိရသည်။

မေ ၂၁ ရက်တွင် ယူကရိန်းသို့ ထပ်ဆောင်းအကူအညီအဖြစ် ကန်ဒေါ်လာ ဘီလီယံ ၄၀ ပံ့ပိုးမည့် ဥပဒေတစ်ရပ်ကို ဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့သည်။

မေ ၂၄ ရက်တွင် ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ရုရှားတပ်များ၏ ယူကရိန်းအထူးစစ်ရေးလှုပ်ရှားမှုကို သတ်မှတ်တာဝန်များ အလုံးစုံ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေ ၂၈ ရက်တွင် ဒွန်ဘတ်စ်ဒေသ စစ်ရေးအခြေအနေ ပြင်းထန်နေကြောင်း ယူကရိန်း စစ်တပ်က ဆိုသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းများတွင် ယင်းဒေသ မဟာဗျူဟာအဓိကနေရာများနှင့် ရထားလမ်းအချက်အချာ လိုင်မန်(Lyman)ကို အဆုံးစွန် ထိုးစစ်ဆင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဇွန် ၁ ရက်တွင် ယူကရိန်းစစ်တပ်၏ လူးဟန့်စ်ခ်ဒေသ အဓိက နေရာတစ်ခုဖြစ်သည့် Severodonetskမြို့ကို သိမ်းပိုက်ရန်အတွက် ရုရှားနှင့်ယူကရိန်းနှစ်ဖက်အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ယင်းမြို့၏ ၈၀ ရာခိုင်နှုန်းကို ရုရှားတပ်များ ထိန်းချုပ်ထားပြီ ဖြစ်သော်လည် ယူကရိန်းစစ်တပ်က ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ဆိုသည်။

ဇွန် ၂ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအတွင်းရှိ ပြည်ပကြေးစားစစ်သားအရေအတွက်သည် ထိုမတိုင်မီ ၆,၆၀၀ မှ ၃,၅၀၀ အထိ လျော့နည်းလာကြောင်း၊ မေလမှစပြီး ယူကရိန်းစစ်ပွဲသို့ ပြည်ပကြေးစားစစ်သားများ ထပ်မံဝင်ရောက်မှုမရှိသလောက်နီးပါးဖြစ်သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ဇွန် ၃ ရက်တွင်မူ ယူကရိန်းသို့ ရုရှားအထူးစစ်ဆင်ရေး လှုပ်ရှားသည့် ရက်ပေါင်း ၁၀၀ ရှိပြီဖြစ်သည်။ (Xinhua)
…………………………………………………….
(Chinese Version)
(乌克兰局势)新闻背景:俄乌冲突100天
2022-06-03 11:36:52 分类: 军事
新华社莫斯科6月3日电新闻背景:俄乌冲突100天
新华社记者刘恺 耿鹏宇
2月24日,俄罗斯总统普京发表电视讲话,决定在顿巴斯地区发起特别军事行动;乌克兰总统泽连斯基宣布,乌方已与俄断交,乌全境进入战时状态;泽连斯基说,乌军在顿巴斯地区以及乌东部、北部、南部等地区击退了俄军进攻;美国总统拜登宣布新一轮对俄经济制裁措施,并向欧洲增加军事部署;北约秘书长斯托尔滕贝格表示,北约无意向乌克兰派遣部队。
2月25日,俄乌两军继续在多地交火。俄国防部说,俄军从西侧完成对乌首都基辅的封锁。乌方说,俄军正快速向基辅市中心移动。
2月28日,普京与法国总统马克龙通话时说,解决乌克兰危机的条件是承认俄罗斯对克里米亚的主权,以及乌克兰“去军事化”和保持中立地位等;当日,俄乌第一轮谈判在白俄罗斯举行,但未取得实质成果。
3月2日,俄国防部宣布,俄军完全控制乌南部的重要港口城市赫尔松。
3月3日,俄乌第二轮谈判在白俄罗斯举行,双方仅就建立人道主义通道达成谅解。
3月7日,俄乌第三轮谈判在白俄罗斯举行,双方就政治和军事方面内容进行讨论,但未达到预期效果。
3月10日,俄乌两国外长在土耳其会谈,双方在停火问题上未能取得进展。
3月22日,乌军总参谋部证实,俄军已暂时控制连接顿巴斯和克里米亚地区的陆上通道,阻断了乌方往亚速海的交通。
3月25日,俄国防部说,特别军事行动第一阶段主要任务已总体完成,乌武装部队战斗力已遭实质性削弱,俄军将集中力量实现在顿巴斯地区的主要目标。
3月29日,俄乌代表团在土耳其举行新一轮面对面谈判,谈判主要围绕向乌克兰提供国际安全保障及俄乌停火问题展开。双方均表示谈判具有建设性。俄方决定大幅减少在基辅和切尔尼戈夫方向的军事活动。
4月3日,乌克兰指责俄军在布恰市杀害数百名平民,俄方否认相关指控。“布恰事件”后,俄乌谈判受阻。
4月7日,北约秘书长斯托尔滕贝格表示,北约不会直接卷入俄乌冲突。
4月14日,俄国防部证实,俄黑海舰队旗舰“莫斯科”号巡洋舰沉没。乌克兰官员13日在社交媒体发文称,乌边防部队当天用巡航导弹重创了这艘巡洋舰。
4月16日,俄军宣布,已控制乌南部城市马里乌波尔除亚速钢铁厂外的所有城区,乌军残余力量和外国雇佣军被封锁在亚速钢铁厂内。
5月3日,乌通社援引泽连斯基的话报道,只有在获得国际安全保障以及俄罗斯对安全保障认可的前提下,乌人民通过全民公投,乌克兰才能寻求中立地位。
5月5日,乌克兰总理什梅加尔表示,乌俄冲突以来,乌方已接收到超过120亿美元的金融和武器援助。
5月20日,最后一批共531名被围困在亚速钢铁厂内的乌方武装人员投降,俄军完全控制马里乌波尔市。自5月16日以来,共有2439名被围困在亚速钢铁厂的乌军和乌方军事力量“亚速营”人员投降。
5月21日,拜登签署一项向乌克兰提供400亿美元额外援助的法案。
5月24日,俄国防部长绍伊古说,俄军在乌克兰的特别军事行动将持续到既定任务全部完成为止。
5月28日,乌军称顿涅茨克地区战况激烈。俄国防部通报说,俄军彻底攻克该地区战略要地和铁路枢纽红利曼。
6月1日,俄乌双方继续争夺乌军在卢甘斯克地区最重要据点之一北顿涅茨克市。乌军称该市约80%的城区已被俄军控制,但乌军仍在战斗。
6月2日,俄国防部说,乌境内的外国雇佣兵人数已由此前的6600人减少至3500人;5月以来,俄方观察到几乎不再有外国雇佣兵进入乌克兰参与对俄作战。
到6月3日,俄罗斯对乌克兰的特别军事行动已有100天。(完)