Connect with us

Europe

အမေရိကန်စစ်တပ်က ၂၀၁၅ ခုနှစ်ကတည်းက ယူကရိန်းစစ်သား ၂၀,၀၀၀ ကျော်ကိုလေ့ကျင့်ပေးခဲ့ဟုပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌUrsula von der Leyen၊ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၊ ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz တို့ G7ထိပ်သီးဆွေးနွေးပွဲတွင် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေသည်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့နေတိုးရုံးချုပ်ရှိ တီဗွီဖန်သားပြင်ပေါ်တွင် မတ်လ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)

ပင်တဂွန်စစ်ဌာနချုပ်သည် ၂၀၁၅ ခုနှစ်ကတည်းက ယူကရိန်းစစ်သား ၂၃,၀၀၀ ကျော်ကို လေ့ကျင့်မှုပေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ယူကရိန်းအရှေ့ပိုင်း၊ Donbass ဒေသရှိ ရှေ့တန်းကာကွယ်ရေးစခန်းမှ တပ်ဖွဲ့ဝင်များအား ၂၀၂၁ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီအထိ ယူကရိန်းစစ်သား စုစုပေါင်း ၂၃,၀၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ကြောင်း၊ ၎င်းတို့က တပ်ရင်း ၁၇ ခု ၊ တပ်မဟာ ၁၁ ခုတို့မှဖြစ်ပြီး ယူကရိန်း Yavoriv လေ့ကျင့်ရေးစင်တာတွင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကြည်းတပ် အမှတ် ၇ လေ့ကျင့်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှ တပ်မှူး Joseph E. Hilbert က ထိုနေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။

၇ နှစ်အတွင်း ပင်တဂွန်က ယူကရိန်းစစ်ဘက်ဆိုင်ရာဝန်ထမ်းများ လေ့ကျင့်ပေးမှုအတွက် ဒေါ်လာ ၁၂၆ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း Hilbert က ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီတွင် ယူကရိန်းစစ်သားများအား လေ့ကျင့်မှုပေးသည့် အမေရိကန်တပ်ဖွဲ့ဝင်များသည် ယူကရိန်းမှ ထွက်ခွါသွားခဲ့ကြသည်။ ထို့နောက် အမေရိကန်က ယူကရိန်းပြင်ပဒေသ၌ ယူကရိန်းတပ်ဖွဲ့ဝင်များအား howitzer၊ ရေဒါနှင့် သံချပ်ကာယာဉ်များ ထိန်းချုပ်မောင်းနှင်ခြင်း ကို လေ့ကျင့်ပေးခဲ့သည်။

ရုရှားမှ ယူကရိန်းသို့ အထူးစစ်ဆင်ရေးမစတင်မီ နှစ်ပေါင်းများစွာကတည်းက အမေရိကန်စစ်တပ်သည် ယူကရိန်း တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးခဲ့ခြင်းမှာ အမေရိကန်အစိုးရမှ ယင်းဒေသအပေါ် သက်ရောက်မှုရှိရန်နှင့် အမေရိကန်လိုလားရေး အင်အားကို ပျိုးထောင်သည့် ရေရှည်ရည်ရွယ်ချက်ကို ထင်ဟပ်ကြောင်း လေ့လာသုံးသပ်သူက ‌ထောက်ပြခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ မပြင်းထန်မီ ရုရှားက အမေရိကန်နှင့် နေတိုးအဖွဲ့အား အကြိမ်ကြိမ် “မျဉ်းနီဆွဲ” သတိပေးခဲ့သော်လည်း ၎င်းတို့က သတိပေးချက်မှန်သမျှကို လျစ်လျူရှုခဲ့သည်။ ရုရှားအထူးစစ်ဆင်ရေးစတင်ပြီးနောက်လည်း အမေရိကန်၊ ဗြိတိန်စသည့် အနောက်နိုင်ငံများက ဆက်တိုက်“မီးလောင်ရာလေပင့်” ကာ ယူကရိန်းသို့ စစ်ရေးအကူအညီ အများအပြား ပေးပို့ခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဧပြီ ၂၂ ရက် က ထုတ်ပြန်သည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂ လအတွင်း အမေရိကန်သည် ယူကိရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၃.၄ ဘီလီယံခန့် ပေးအပ်ခဲ့ကြောင်းနှင့် ၎င်းအကူအညီတွင် အမြောက်နှင့် ခဲယမ်းမီးကျောက်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များ၊ လေကြောင်းကာကွယ်ရေးဒုံးကျည်များ၊ တင့်ကားဖျက်ဒုံးကျည်များ၊ သံချပ်ကာယာဉ်စသည့် စစ်ဘက်သုံး အထူးယာဉ်များ၊ အပေါ့စားလက်နက်နှင့် ခဲယမ်းမီးကျောက်များ၊ ရေဒါများပါဝင်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်က ယူကရိန်းအား ထောက်လှမ်းရေး သတင်းအချက်အလက်များ ထောက်ပံ့မှုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ အမေရိကန်က ယူကရိန်းသို့ ရုရှား၏ အစီအစဉ်၊ လှုပ်ရှားမှုနှင့် စပ်လျဉ်းသည့် “တိကျပြီး အချိန်မီသည့် အချက်အလက်အများအပြား” ထောက်ပံ့ပေးခဲ့ကြောင်း အိမ်ဖြူတော်က မတ်လတွင် ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်စသည့် အနောက်နိုင်ငံများက ယူကရိန်းအရေးကိုအသုံးချကာ ရုရှားအင်အား “လျှော့ချ”ရန် ရည်ရွယ်ကာ စစ်ပွဲပြင်းထန်ရန် “မီးထိုး” နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဧပြီလအတွင်း မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။(Xinhua)

………………………
(Chinese Version)
美军方称2015年以来训练2万多乌克兰士兵

新华社北京5月5日电 美国国防部4日证实,2015年以来五角大楼已训练超过2.3万名乌克兰士兵。

美国陆军第七训练司令部司令官约瑟夫·希尔伯特当天告诉媒体记者,2015年启动训练以来至2022年1月,“我们总计培训了超过2.3万名乌克兰士兵,他们来自17个营,11个旅,在(乌克兰)亚沃里夫战斗训练中心参加培训”。

希尔伯特说,7年来,五角大楼为培训乌克兰军方人员投入1.26亿美元。

今年1月,培训乌克兰士兵的美军人员撤出乌克兰。而后美方在乌克兰以外多地继续培训乌军方人员,教他们如何操作榴弹炮、雷达和装甲车等。

有分析师指出,俄罗斯今年2月对乌克兰发起特别军事行动前数年,美军就开始训练乌克兰士兵,反映美国政府长期以来有意对该地区施加影响、培植亲美势力。

俄乌冲突升级前,俄罗斯曾数度向美国和北大西洋公约组织“交底”“划红线”,但均被无视。俄罗斯对乌克兰发起特别军事行动后,美国、英国等西方国家持续“拱火”,向乌方提供大批军援。

根据美国国防部4月22日发布的数据,近两个月来,美方已向乌方提供大约34亿美元军事援助,包括火炮及弹药、直升机、无人机、防空导弹、反装甲导弹、装甲车等军用车辆、轻武器及弹药、雷达。

另外,美方还向乌克兰提供情报支持。白宫3月承认,美方向乌方提供“大量具体和及时”情报,涉及俄方计划和动向。《纽约时报》4日援引美国高级官员的消息报道,美军向乌方提供的俄军情报包括俄军预期行动路线、位置以及俄军移动作战指挥部相关信息。结合这些情报,乌军向俄军发动袭击,致死多名俄方高级军官。
俄罗斯外交部长谢尔盖·拉夫罗夫4月接受媒体采访时指出,美国等西方国家“拱火”,意在利用乌克兰“削弱”俄罗斯,迫使俄方妥协。他说,以美国为首的北约实际在利用“代理人”与俄罗斯开战。(刘秀玲)

图说1- 这张乌克兰总统办公室提供的照片显示,2021年4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。新华社发(乌克兰总统办公室供图)

图说2- 3月24日,在比利时布鲁塞尔的北约总部,一名男子观看屏幕上美国总统拜登(右四)、欧盟委员会主席冯德莱恩(右三)、加拿大总理特鲁多(右二)、德国总理朔尔茨(右一)出席七国集团峰会合影仪式的画面。新华社记者郑焕松摄