Connect with us

Politics, Law & Military

ထောက်ခံမဲ အများအပြားရရှိခဲ့သည့် ဂျွန်လီက ဟောင်ကောင်ကိုဦးဆောင်ကာ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြား

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခံရသော ဂျွန်လီအားတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ မေ ၈ ရက် (ဆင်ဟွာ)

” ရွေးကောက်ပွဲမှာ မစ္စတာဂျွန်လီ ရွေးချယ်ခံရ” ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပရေး တာဝန်ရှိသူက မေ ၈ ရက် ၁၂ နာရီ ၂၀ မိနစ်တွင် လေးနက်စွာ ကြေညာခဲ့သည်။ကြေညာစကားသံထွက်လာပြီးနောက်တွင် ခန်းမအတွင်း လူအုပ်ကြီးမှလက်ခုပ်သံများဖြင့် ထောက်ခံအားပေးခဲ့ကြသည်။ ယင်းလက်ခုပ်က ဟောင်ကောင်တွင်ရွေးကောက်ပွဲစနစ်သစ်အရ အရေးကြီးသောရွေးကောက်ပွဲ စဉ် ၃ ခု၏ ပထမအကျော့ အောင်မြင်စွာ ပြီးဆုံခဲ့သည်ကို ထောက်ခံအားပေးခြင်းဖြစ်သလို ဟောင်ကောင်၏ ပြည့်စုံကောင်းမွန်သော အုပ်ချုပ်ရေး ဦးတည်ချက်ဆီသို့ အရေးကြီးသည့် နောက်ခြေလှမ်းတစ်ခု လျှောက်လှမ်းနိုင်မှုအတွက်လည်း ထောက်ခံအားပေးခြင်း ပင်ဖြစ်သည်။

ထိုနေ့တွင်ကျင်းပသော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ဂျွန်လီက မဲအများဆုံးဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ ယခုအကြိမ် ရွေးကောက်ပွဲက ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ် ပြုပြင်ပြီးနောက် ပထမဆုံးကျင်းပသော အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဖြစ်သည့်အပြင် ၎င်းသည် ဟောင်ကောင်ဝိသေသလက္ခဏာနှင့်အတူ ဒီမိုကရေစီ၏ အရေးကြီးသော အောင်မြင်စွာ လက်တွေ့ဖော်ဆောင်ခြင်းပင် ဖြစ်သည်။

“ဟောင်ကောင်ရဲ့ အနာဂတ်အတွက် မဲပေးပါ” ဟု ထိုနေ့နံနက် ၉း၀၀ မှ ၁၁း၃၀ နာရီအထိ ဟောင်ကောင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြပွဲစင်တာသို့ရောက်ရှိကာ တစ်ယောက်တစ်မဲစနစ်ဖြင့် ဂျွန်လီအား လျှို့ဝှက်မဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ဟောင်ကောင်အခြေခံဥပဒေ ပူးတွဲ(၁) အရ အုပ်ချုပ်ရေးမှူးသည် ကျယ်ပြန့်သောကိုယ်စားပြုမှုရှိပြီး ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့် လူမှုရေးအကျိုးစီးပွားကို ပေါ်လွင်စေသောရွေးကောက်ပွဲကော်မတီမှ ရွေးချယ်ကာ တရုတ်နိုင်ငံ ဗဟိုပြည်သူ့အစိုးရမှ ခန့်အပ်တာဝန်ပေးကြောင်း သိရသည်။
ရွေးကောက်ပွဲ စနစ်သစ်အရ ရွေးကောက်ပွဲ ကော်မတီတွင် ဥပဒေအရ သတ်မှတ်ထားသည့်မဲပေး သူဦးရေ ၁,၅၀၀ ရှိပြီး အရွေးခံရသူသည် ဆန္ဒမဲ ၇၅၀ ကျော် ရရှိရမည်ဖြစ်သည်။ မဲပေးပြီးနောက် တာဝန်ရှိသူများက မဲများကိုရေတွက်ပြီး မဲရရှိမှုကို အတည်ပြုပေးခဲ့သည်။မဲရေတွက်မှုရလဒ်များအရ ဂျွန်လီ သည်ထောက်ခံမဲ ၁,၄၁၆ ရရှိခဲ့ကြောင်း သိရသည်။

အသက် ၆၄ နှစ်ရှိ ဂျွန်လီသည် ယခုနှစ် ဧပြီတွင် အစိုးရအုပ်ချုပ်ရေးဆိုင်ရာအထွေထွေ ညွှန်ကြားရေးမှူးချုပ် ရာထူးမှနုတ်ထွက်ကာ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပြီးနောက် ဂျွန်လီသည် စင်မြင့်ပေါ်တက်ရောက်ကာရွေးကောက်ပွဲ ကော်မတီဝင်များနှင့် ဟောင်ကောင်ပြည်သူလူထု ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း ဂါရဝပြုခဲ့သည်။

မိန့်ခွန်း ပြောကြားရာတွင် ၎င်းက မဲပေးခဲ့သူအားလုံးနှင့် ရွေးကောက်ပွဲ ကြည့်ရှုနေသည့် ဟောင်ကောင်ပြည်သူများအား ၎င်းတို့၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဂျွန်လီက ရွေးကောက်ပွဲ ပလပ်ဖောင်းတွင် အစိုးရ၏ အုပ်ချုပ်မှုစွမ်းရည်ကို အားကောင်းစေကာ စည်းလုံးညီညွတ်စွာဖြင့် ပြည်သူများ၏အခက်အခဲများကို ဖြေရှင်းပေးမည့်အကြောင်းကို အလေးထား ပြောကြားခဲ့သည်။အနာဂတ်အုပ်ချုပ်မှုတွင် ရလဒ်ကိုသာ ရည်ရွယ်ပြီး၊ ပြည်သူများအတွက် လုပ်ကိုင်တက်သည့် လုပ်နိုင်သည့် အစိုးရ၊ ဟောင်ကောင်၏ ဘက်စုံ ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်ပြီး ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှု အုတ်မြစ်ချနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပြု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မတီဝင် Deng Fei က ရွေးကောက်ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၂၀၂၂ ခုနှစ်သည် ဟောင်ကောင်၏ အမိမြေသို့ ပြန်လည်ရောက်ရှိခြင်း (၂၅)နှစ်မြောက်ဖြစ်ရာ ရှေးအစဉ်အလာ ဆက်ခံ၍အနာဂတ်လမ်း သစ်ဖွင့်လှစ်ကြမည့် လေးနက်သောအနက်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။လာမည့်ငါးနှစ်အတွင်း ဟောင်ကောင်သည် တည်ငြိမ်မှုမရှိရာမှ တည်ငြိမ်သောပတ်ဝန်းကျင်ကို ခိုင်မာအောင်ပြုပြင်ရန်၊ ရှုပ်ထွေးနက်ရှိုင်းသော ပဋိပက္ခများကို ဖြေရှင်းရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ လျှောက်လှမ်းရန် လိုအပ်နေသည်။ ရွေးကောက်ပွဲကော်မတီက အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရသစ်၏ စီမံခန့်ခွဲမှု၊ လူ့အဖွဲ့အစည်း ကဏ္ဍပေါင်းစုံအား စည်းရုံးမှု၊အခွင့်အလမ်းကို ရယူကာ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ရန် မျှော်လင့်နေကြောင်း ၎င်းကပြောကြားခဲ့သည်။

#John Lee, #Hong Kong, #Xinhua, #Myanmar, #XinhuaMyanmar, #ဂျွန်လီ, #ဟောင်ကောင်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

…………………………………………
(Chinese Version)
高票当选!李家超誓言带领香港开新篇
5月8日,李家超当选香港特别行政区第六任行政长官人选。新华社记者 吕小炜 摄
新华社香港5月8日电(记者刘明洋)“候选人李家超先生当选!”8日12时20分许,香港会展中心,香港特别行政区第六任行政长官选举的选举主任郑重宣布。
话音刚落,现场响起热烈掌声。这掌声,既为香港顺利完成新选制下首轮三场重要选举的收官之作而庆贺,更为香港向着良政善治再迈关键一步而喝彩。
在当天举行的香港特别行政区第六任行政长官选举中,李家超高票当选第六任行政长官人选。这是完善香港选举制度后的首次行政长官选举,是有香港特色民主的又一次重要成功实践。
“投下对香港未来负责的一票!”从当日上午9时至11时30分,香港特区选举委员会委员陆续来到会展中心,以一人一票方式,对候选人李家超进行无记名投票。 香港基本法附件一规定,行政长官由一个具有广泛代表性、符合香港特别行政区实际情况、体现社会整体利益的选举委员会选出,由中央人民政府任命。新选制下,选举委员会的法定人数为1500人,候选人须获得超过750张的支持票,方可当选。
设于会展中心的中央点票站气氛庄重、热烈,大厅前方正中央搭建起点票及公布台。巨幅背景板上,五星红旗和紫荆花区旗鲜艳夺目。
投票结束后,工作人员以手工逐一清点、确认选票。在香港特区选举管理委员会、选委、候选人及其代理人、媒体及公众的监督下,选举及点票工作紧张而有序进行。点票结果显示,李家超获得1416张支持票。
现年64岁的李家超今年4月辞任特区政府政务司司长职务,报名参选。选举结果揭晓后,李家超站上中央点票站的公布台,向在场的选委会委员及香港市民代表鞠躬致谢。
他现场发表当选感言,衷心感谢到场投票的每一位选委以及电视机前的香港市民,感谢大家给予的支持和鼓励。
李家超在竞选政纲中强调“强化政府治理能力,团结一致为民解困”。他提出,未来施政将以结果为目标,带给市民会做事、做成事的政府,全面提升香港的竞争力,奠定香港发展的稳固基石。
选委会委员邓飞在选举结果产生后接受记者采访时表示,2022年香港迎来回归祖国25周年,承前启后,意义重大。未来5年,香港急需巩固和把握好由乱到治的安定环境,破解深层次矛盾,迈上发展新台阶。“选委们都期待新一届特区政府管治团队,团结社会各界,抓住机遇,翻开‘爱国者治港’下由治及兴的新一页。” 香港特区第六任行政长官的任期自2022年7月1日至2027年6月30日。
图说- 5月8日,李家超当选香港特别行政区第六任行政长官人选。新华社记者 吕小炜 摄