Connect with us

China

တရုတ်နိုင်ငံ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ပြင်သစ်သမ္မတ၏ နိုင်ငံခြားရေးရာအကြံပေး Emmanuel Bonneတို့အတူ တရုတ်-ပြင်သစ် မဟာဗျူဟာ တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲသဘာအတိအဖြစ် ဆောင်ရွက်ခဲ့

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ပြင်သစ်သမ္မတ၏ နိုင်ငံခြားရေးရာအကြံပေး Emmanuel Bonneတို့အား ပါရီမြို့၌ ကျင်းပသော ၂၃ ကြိမ်မြောက် တရုတ်-ပြင်သစ် မဟာဗျူဟာတွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပါရီ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ပြင်သစ်သမ္မတ၏ နိုင်ငံခြားရေးရာအကြံပေး Emmanuel Bonneနှင့်အတူ ပါရီမြို့၌ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသော တရုတ်-ပြင်သစ် မဟာဗျူဟာတွေ့ဆုံဆွေးနွေးပွဲတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲတွင် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း နှစ်ဘက်စလုံးက ယူဆရာ နှစ်နိုင်ငံခေါင်းဆောင်များ၏ သံတမန်ဆက်ဆံရေးကို ဦးဆောင်မှုအခန်းကဏ္ဍတွင် ထားရှိပြီး မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်ရန်၊ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ခိုင်မာအောင်ဆောင်ရွက်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရန်၊ တရုတ်-ဥရောပဆက်ဆံရေး အားသစ်လောင်းစေရန်၊ ကမ္ဘာ့တည်ငြိမ်ရေး ပံ့ပိုးပေးရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဝမ်ရိက တရုတ်-ပြင်သစ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသည် အခြားနိုင်ငံများ၏အရှေ့တွင်ရှိပြီး ခေတ်ကာလဖွံ့ဖြိုးတိုးတက်မှု ဒီရေလှိုင်းကို ဦးဆောင်သင့်ပါကြောင်း၊ ၎င်းမှာ နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး၏ လိုအပ်ချက်ဖြစ်သလို တာဝန်ယူမှုရှိသော နိုင်ငံကြီးများအနေဖြင့် တရုတ်-ပြင်သစ်တို့က ထမ်းဆောင်သင့်သော ကမ္ဘာ့တာဝန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ကပ်ရောဂါအလွန်ကာလများတွင် တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံနှင့်အတူ မဟာဗျူဟာ၊ ဘဏ္ဍာရေးနှင့်လူမှုယဉ်ကျေးမှု ဖလှယ်ဆွေးနွေးရေး ကဏ္ဍကြီးသုံးရပ်ကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်သွားလိုကြောင်း၊ အရပ်ဘက်သုံး နျူကလီးယား စွမ်းအင်၊ လေကြောင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားသောက်ကုန်၊ ခရီးသွား၊ ယဉ်ကျေးမှုစသည့် ကဏ္ဍများနှင့် တတိယဈေးကွက်ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ပိုမိုရရှိရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ လာမည့်အဆင့်မြင့်အရာရှိ ကူးလူးဆက်ဆံရေးနှင့် လာမည့်နှစ် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အစီအစဉ်များကို အတူတကွ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Emmanuel Bonneက နောက်တစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏စဉ်းစားမှုများကို သဘောတူရာ ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မှုအသစ်များ ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တက်ကြွစွာ ပါဝင်လိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာရေးရာ ဆွေးနွေးညှိနှိုင်းမှုများကို နောက်တစ်ဆင့်အနီးကပ် ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံဖွံ့ဖြိုးရေးရည်မှန်းချက်ကို ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ကမ္ဘာလုံးဆိုင်ရာ ကြွေးမြီရေးရာ၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲ မျိုးစုံ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ယူကရိန်းအကျပ်အတည်း စသည့်အကြောင်းအရာများကို ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်ခဲ့ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်သို့ ဝမ်ရိ ရောက်ရှိသောနေ့တွင်ပင် ပြင်သစ်နိုင်ငံက တရုတ်ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ကန့်သတ်ချက်ကို ဖျက်သိမ်းပေးခဲ့သည်။ ထို့အပေါ် ဝမ်ရိက ကြိုဆိုကြောင်းနှင့် ထိုသို့ဆောင်ရွက်ချက်က နှစ်နိုင်ငံအသွားအလာနှင့်ဖလှယ်မှုများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
王毅同法国总统外事顾问博纳共同主持中法战略对话
新华社巴黎2月16日电(记者唐霁 胡雪)当地时间2023年2月16日,中共中央政治局委员、中央外事工作委员会办公室主任王毅在巴黎同法国总统外事顾问博纳共同主持第二十三次中法战略对话。双方一致认为中法全面战略伙伴关系的健康稳定发展具有特殊重要意义,一致同意发挥元首外交的引领作用,加强战略沟通、巩固政治互信、深化务实合作、共同应对全球挑战,为中欧关系注入新动力,为世界提供稳定性。
王毅表示,中法战略合作应走在其他国家前列,引领时代发展潮流,这是两国关系发展的需要,也是中法作为负责任大国应当承担的世界责任。进入后疫情时代,中方愿同法方尽快重启战略、财金和人文交流三大机制性对话,加强民用核能、航空航天、医疗卫生、农食、旅游、文化等领域及第三方市场合作,推动两国关系取得更多成果,共同策划好下一步高层往来以及明年中法建交60周年纪念活动。
博纳表示,赞同中方对下阶段两国合作的设想,期待各领域合作取得新的进展。法方愿积极参与“一带一路”国际合作高峰论坛,同中方进一步密切在国际事务中的协调,合作实现共同发展目标。
双方还就全球债务、气候变化、生物多样性、粮食安全以及乌克兰危机等议题深入交换意见,达成了广泛共识。
抵达法国当日,法方决定取消对来自中国旅客的入境限制措施。王毅对此表示欢迎,强调此举有利于促进两国人员往来与交流合作。(完)
1. 当地时间2023年2月16日,中共中央政治局委员、中央外事工作委员会办公室主任王毅(左)在巴黎同法国总统外事顾问博纳共同主持第二十三次中法战略对话。 新华社发(中国外交部供图)