Connect with us

China

တရုတ်နိုင်ငံ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် တရုတ်နိုင်ငံအလံ(ယာ)၊ အမေရိကန်နိုင်ငံ အလံ နှင့် ဝါရှင်တန်ဒီစီ အလံတို့အား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ဆက်သွယ်ရာ၌ ရံဖန်ရံခါဖြစ်ပွားသည့်ကိစ္စရပ်များကို မည်သို့ တည်ငြိမ်စွာနှင့်ကျွမ်းကျင်မှုရှိစွာ စီမံရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဘက်အကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝမ်ရိက တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသော နိုင်ငံဖြစ်ပြီး နိုင်ငံတကာဥပဒေကို အစဉ်တစိုက် လေးစားလိုက်နာကြောင်း ၊ မိမိတို့အနေဖြင့် အခြေအမြစ်မရှိသော ထင်ကြေးပေး ပုံကြီးချဲ့ပြောကြားနေမှုများကို လက်ခံမည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။ မထင်မှတ်သည့်အခြေအနေကို ရင်ဆိုင်ရာ၌ နှစ်ဘက်စလုံးက တည်ငြိမ်မှုရှိစွာ အချိန်မီဆွေးနွေးညှိနှိုင်းရမည်ဖြစ်ပြီး အထင်လွဲမှားစွာ ဆုံးဖြတ်ခြင်းကို ရှောင်ရှားကာ ကွဲလွဲမှုများကို စီမံထိန်းချုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(Chinese Version)
王毅应约同美国国务卿布林肯通电话
新华社北京2月4日电2月3日晚,中共中央政治局委员、中央外事工作委员会办公室主任王毅应约同美国国务卿布林肯通电话。双方就如何以冷静、专业态度处理偶发事件进行了沟通。
王毅强调,中国是负责任国家,一贯严格遵守国际法,我们不接受任何无端的臆测和炒作。面对意外情况,双方要做的,就是保持定力,及时沟通,避免误判,管控分歧。(完)

1. File photo taken on Sept. 24, 2015 shows the national flags of China (R) and the United States as well as the flag of Washington D.C. on the Constitution Avenue in Washington, United States.(Xinhua/Bao Dandan)