Connect with us

Africa & Middle East

တရုတ်ကယ်ဆယ်ရေးအဖွဲ့ တူရကီသို့ ရောက်ရှိ

တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ရောက်ရှိလာသော တရုတ်ကယ်ဆယ်ရေးအဖွဲ့များအား ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဒါနာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦး ပါဝင်သော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် လေယာဉ်စင်းလုံးဖြင့် ကီလိုမီတာ ၈,၀၀၀ ကျော်ကို ခရီးနှင်ကာ တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့သည်။

တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ရောက်ရှိလာသော တရုတ်ကယ်ဆယ်ရေးအဖွဲ့များအား ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ အဒါနာလေဆိပ်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များသယ်ဆောင်လာသော ပစ္စည်းများအား လေယာဉ်ပေါ်မှ အောက်သို့ချနေသည်ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ အဒါနာလေဆိပ်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များသယ်ဆောင်လာသော ပစ္စည်းများအား လေယာဉ်ပေါ်မှ အောက်သို့ချနေသည်ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကျောက်မင်၏ ပြောကြားချက်များအရ လက်ရှိ မြေပြင်အခြေအနေပေါ် မူတည်၍ တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ပစ္စည်းချခြင်းရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ချက်ချင်း လုပ်ဆောင်လျက်ရှိပြီး တူရကီနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တူရကီအစိုးရ၊ ကုလသမဂ္ဂသက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံးချိတ်ဆက်ကာ မြေပြင်ကယ်ဆယ်မှုအခြေအနေအရ ရှာဖွေကယ်ဆယ်ရေးလှုပ်ရှားမှုတာဝန်များကို လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မြေပြင်ဆန်းစစ်မှုများပြုလုပ်ရန် ကယ်ဆယ်ရေးအဖွဲ့ခွဲများကို စေလွှတ်သွားမည့်တစ်ချိန်တည်းတွင်ပင် လုံခြုံသင့်လျော်သောနေရာ၌ စခန်းချရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဝမ်မော့က “တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကုလသမဂ္ဂ အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာအကြီးစားမြို့ပြကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပါတယ်။ လူအင်အားနဲ့အရင်းအမြစ်က ကောင်းမွန်တယ်။ အခြေအနေမတူတဲ့ လုပ်ငန်းခွင်နှစ်မျိုးမှာ ရှာဖွေကယ်ဆယ်မှုတွေကို တစ်ပြိုက်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။ အဖွဲ့ဝင်တွေရောက်ရှိပြီးနောက် အသံနှုန်းဖြင့် သက်ရှိ စမ်းသပ်ရှာဖွေရေးကိရိယာ၊ ဆေးဘက်သုံးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးအနံ့ခံခွေးများကို သယ်ဆောင်ကာ ကပ်ဘေးသင့်နေရာများကို သွားရောက်ပြီး ရှာဖွေကယ်ဆယ်မှုများကို အလျင်အမြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

တူရကီနိုင်ငံ တောင်ပိုင်း ဆီးရီးယားနယ်စပ်နှင့်ကပ်လျက်ရှိသော ဒေသတွင် ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၅,၄၃၄ ဦး ၊ ဒဏ်ရာရသူ ၃၁,၇၇၇ ဦး ရှိပြီ ဖြစ်ကြောင်း တူရကီ ဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဌာန၏ ဖေဖော်ဝါရီ ၇ ရက် ညပိုင်း ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားခဲ့သည်။

တူရကီ ဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဌာန၏သတင်းများအရ ကာဟာမန်မာရတ်စ် (Kahramanmaras) ပြည်နယ်တွင် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် နံနက် ၄ နာရီ ၁၇ မိနစ်က အင်အား ၇.၇ အဆင့်၊ ငလျင်အနက် ၇ ကီလိုမီတာရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ အနီးဝန်းကျင်ရှိ Gaziantep၊ Hatay၊ Malatyaစသည့် ပြည်နယ်အများအပြားတွင် ပြင်းပြင်းထန်ထန်လှုပ်ခတ်မှုဖြစ်ကြောင်း၊ ထို့နောက် ယင်းအနီးတဝိုက်ဒေသများတွင် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
中国救援队抵达土耳其
新华社土耳其阿达纳2月8日电(记者武思宇)中国救援队一行82人乘坐国航包机飞行8000多公里,于当地时间8日凌晨4时30分(北京时间9时30分)抵达土耳其阿达纳机场。
据中国救援队队长赵明介绍,根据当地实际情况,中国救援队立即开展卸货转运工作,尽快做好与我驻土耳其使馆、当地政府、联合国有关机构对接,结合目前救援进展情况,接领具体搜救行动任务,并拟派出救援小队对执行任务场地进行实地勘查,同时选择安全合适的位置搭建营地。
中国救援队副队长王墨说:“中国救援队是通过联合国认证的国际重型城市搜救队伍,人员和资源配备精良,可在两个不同的工作场地同时开展搜救行动。抵达后队员们将携带音视频生命探测仪和医疗设备以及搜救犬,赶往灾区尽快展开搜救工作。”
土耳其灾难和应急管理署7日晚发布消息说,土耳其南部靠近叙利亚边境地区6日发生的强烈地震已导致该国5434人死亡、31777人受伤。中国驻土耳其大使馆向新华社记者确认,目前暂无中国公民在地震中伤亡的报告。
据土灾难和应急管理署消息,卡赫拉曼马拉什省当地时间6日凌晨4时17分(北京时间9时17分)发生7.7级地震,震源深度7公里,周边的加济安泰普、哈塔伊、马拉蒂亚等多个省份震感强烈。随后附近地区又发生多次余震。(完)
1.2月8日,中国救援队抵达土耳其阿达纳机场(手机拍摄)。新华社记者 武思宇 摄
2. 2月8日,中国救援队抵达土耳其阿达纳机场(手机拍摄)。新华社记者 武思宇 摄
3. 2月8日,工作人员在土耳其阿达纳机场卸运中国救援队携带的物资(手机拍摄)。新华社记者 武思宇 摄
4. 2月8日,中国救援队在土耳其阿达纳机场卸运物资(手机拍摄)。新华社记者 武思宇 摄