Connect with us

Asia

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်၍ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို သတိပေး

KCNA ၏၂၀၂၂ ခုနှစ် မတ် ၂၅ ရက်ဓါတ်ပုံတွင် တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ - Xinhua/KCNA)

ဆိုးလ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်သည့်လေ့ကျင့်မှုများကို မတ် ၁၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း KCNA သတင်းဌာန၏ မတ် ၁၇ ရက် ဖော်ပြချက်များအရ သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ မိမိနိုင်ငံ မဟာဗျူဟာတပ်ဖွဲ့၏ “အလွန်အားကောင်းသော တန်ပြန်နိုင်စွမ်း”ကို ပြသခြင်း ဖြစ်သလို အမေရိကန်နှင့်တောင်ကိုရီးယား၏ “ရန်စ၊ ကျူးကျော်လိုမှု ပြင်းထန်သော အကြီးစားစစ်ရေးလေ့ကျင့်မှု ”ကို တုံ့ပြန်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း KCNA သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံ စစ်တပ်၏ “”Freedom Shield” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မတ် ၁၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် “ပူးတွဲကာကွယ်ရေးအခြေအနေကို စစ်ဆေးရန်”နှင့် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အဖွဲ့၏ တုံ့ပြန်နိုင်စွမ်းအားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ် ၂၃ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက အကြိမ်ပေါင်းများစွာ သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………….
(Chinese Version)
朝鲜进行洲际弹道导弹发射训练对美韩军演再发警告
新华社首尔3月17日电据朝中社17日报道,朝鲜16日进行洲际弹道导弹发射训练,旨在展示本国战略部队“超强力反制态势”,回应美韩对朝进行“挑衅、侵略性质浓重的大规模战争演习”。朝鲜最高领导人金正恩现场指导发射训练。
韩美两国军队13日正式启动“自由之盾”联合军演。韩国国防部表示,军演将持续至本月23日,旨在“检查联合防卫态势”,进一步加强韩美同盟应对能力。近期,朝方对此频频发出警告。
图说:这张朝中社2022年3月25日提供的图片显示的是洲际导弹发射升空。(新华社/朝中社)