Connect with us

China

ဂူတာရက်စ်၏ဆွေးနွေးမှုများကို အမေရိကန် ကြားဖြတ်စောင့်ကြည့်နားထောင်နေသည့်အပေါ် ကုလသမဂ္ဂက အမေရိကန်ကို ဂရုပြုနေကြောင်း ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ကုလအမျိုးသမီးရေးရာကော်မတီ ၆၇ ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် အခြား ကုလသမဂ္ဂ အဆင့်မြင့်အရာရှိများ၏ သတင်းအချက်အလက်ဆွေးနွေးဖလှယ်မှုများကို အမေရိကန် အစိုးရက ကြားဖြတ်စောင့်ကြည့်နားထောင်သည့်ကိစ္စအား မီဒီယာများက ဖော်ပြသည့်အပေါ် ကုလသမဂ္ဂက အမေရိကန်နိုင်ငံအား ဂရုပြုနေကြောင်း တရားဝင် အကြောင်းကြားခဲ့သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရသူ Dujarricက ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။

ဤလုပ်ရပ်က ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ ကုလသမဂ္ဂအခွင့်ထူးနှင့်ကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်တွင် ဖော်ပြထားသော အမေရိကန်၏ တာဝန်ဝတ္တရားနှင့်ကိုက်ညီမှုမရှိဟု ကုလသမဂ္ဂက အမေရိကန်နိုင်ငံကို ရှင်းလင်းစွာ ပြောကြားထားပြီ ဖြစ်ကြောင်း Dujarric က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် အချို့နိုင်ငံ အဆင့်မြင့်အရာရှိများသည် အမေရိကန်ထောက်လှမ်းရေး၏ ကြားဖြတ်စောင့်ကြည့်နားထောင်ခြင်းရှိနိုင်ကြောင်း ပေါက်ကြားလာသည့် အမေရိကန်စစ်တပ် လျှိုဝှက်စာရွက်စာတမ်းများကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။

ရရှိသော လျှို့ဝှက်စာရွက်စာတမ်း ၄ ခုတွင် အမေရိကန်က ဂူတာရက်စ်နှင့် ကုလသမဂ္ဂအဆင့်မြင့်အရာရှိများ ၊ အချို့နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးပြောကြားမှုများကို ကြားဖြတ်ခိုးယူနားထောင်ခြင်းရှိသည်ဟု ဖော်ပြထားကြောင်း အမေရိကန် ဝါရှင်တန်ပို့စ် သတင်းစာက ဧပြီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)

联合国就美国监听古特雷斯事件正式向美方表达关切
新华社联合国4月18日电(记者毛磊)联合国秘书长发言人迪雅里克18日说,针对媒体等报道的联合国秘书长古特雷斯和其他联合国高级官员信息交流遭美国政府监听事件,联合国已正式向美国表达关切。
迪雅里克表示,联合国向美方清楚说明,这类行为与《联合国宪章》和《联合国特权及豁免公约》中为美国列出的义务“不一致”。
据多家媒体近来援引遭泄露的美军机密文件,联合国秘书长古特雷斯和一些国家高层疑似遭美国情报部门监听。美国《华盛顿邮报》17日报道说,该报获取的4份机密文件显示,美国对古特雷斯同联合国高级官员以及一些国家领导人的交谈进行了窃听。(完)
1. 2023年3月6日,在位于纽约的联合国总部,联合国秘书长古特雷斯在联合国妇女地位委员会第67届会议开幕式上致辞。