Connect with us

Asia

အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှု ပမာဏက ပြီးခဲ့သည့်နှစ်တွင် ဆတိုးများပြားလာခဲ့

အိန္ဒိယနိုင်ငံ အဂါတာလာမြို့ရှိ ဆီဆိုင်တစ်ခုတွင် ဒီဇယ်တစ်လီတာဈေးနှုန်းပြ ဖန်သားပြင်အား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှု ပမာဏမှာ ပြီးခဲ့သည့်နှစ်တွင် ဆတိုးများပြားလာခဲ့ကြောင်း အိန္ဒိယ Bank of Baroda ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

Bank of Baroda ၏ အချက်အလက်များတွင် ၂၀၂၁ ခုနှစ်က ရုရှားရေနံစိမ်းသည် အိန္ဒိယနိုင်ငံ တစ်နှစ်တာ ရေနံစိမ်းတင်သွင်းမှု၏ ၂ ရာခိုင်နှုန်းရှိရာ ယခုအခါ ယင်းကိန်းဂဏန်းသည် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

ယူကရိန်းအကျပ်အတည်း အရှိန်အဟုန်မြင့်တက်လာပြီးနောက် အနောက်နိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့မှုတွင် အိန္ဒိယ ပါဝင်ခြင်းမရှိဘဲ ရုရှားရေနံဆက်လက်ဝယ်ယူနေမှုများအပေါ် အနောက်နိုင်ငံများက ဝေဖန်ခဲ့သည်။ ထို့အပေါ် အိန္ဒိယက ရုရှားထံမှ ရေနံစိမ်းဝယ်ယူမှုသည်။ လိုအပ်ချက်တစ်စိတ်တစ်ပိုင်းကိုသာ ဖြည့်ဆည်းနိုင်ကြောင်းနှင့် ဝယ်ယူမှုရပ်ဆိုင်းလိုက်ပါက ပြည်သူ့စားဝတ်နေရေးစရိတ်ကို မြင့်တက်စေမည်ဖြစ်ရာ အိန္ဒိယအနေဖြင့် “ဈေးနှုန်းသက်သာ”သော ရုရှားရေနံစိမ်းများကို ဆက်လက်ဝယ်ယူသွားမည် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)

印度去年从俄罗斯进口原油量增数倍
新华社北京5月12日电 印度巴鲁达银行提供的数据显示,印度去年从俄罗斯进口的原油量增加了数倍。
巴鲁达银行提供的数据显示,2021年,俄罗斯原油占印度全年原油进口量的2%;这一数字如今上升至20%。
乌克兰危机升级以来,印度没有加入西方对俄罗斯的制裁,而是持续购买俄罗斯原油,引发西方国家批评。印方回应,进口俄原油仅能满足一小部分需求,中断购买则将推升民生成本,印度将继续购买“便宜”的俄原油。
1. 2021年10月25日,印度阿加尔塔拉一处加油站的加油机屏幕显示每升柴油的价格。新华社发