Connect with us

China

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လန်းခရိုင်တွင် ကျေးလက်ဒေသ အိမ်ရာများ ပြုပြင်မွမ်းမံခြင်းဖြင့် အပြုံးပန်းဆင်

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လန်းခရိုင် ကျုံ့တာမြို့နယ်ရှိ လားတင်းရွှယ်ကျေးရွာတစ်နေရာတွင် အဆင့်မြှင့်တင် မွမ်းမံတည်ဆောက်လျက်ရှိသော ကျေးလက်ဒေသ အိမ်ရာရှေ့တွင် စကားစမြည်ပြော၍ အသီးစားသုံးနေသော ကျေးရွာသူ/သား များအား ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျင်ကျီး (ရှီးဇန့်)၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျင်ကျီးမြို့ လန်းခရိုင်သည် “လူထု၏ ဆန္ဒအလျောက်၊ ဒေသန္တရအခြေအနေနှင့် လိုက်လျောညီထွေမှု၊ အဆင့်ဆင့်တိုးတက်မှု” ဟူသော အခြေခံမူများကို ထိန်းသိမ်းထားကာ ကျေးလက်ဒေသ အိမ်ရာများ အဆင့်မြှင့်တင် မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

လန်းခရိုင်ရှိ ကျုံ့တာမြို့နယ် လားတင်းရွှယ်ကျေးရွာသည် ဤလုပ်ငန်း၏ စံနမူနာကိုယ်စားပြုမှုတစ်ခုဖြစ်သည်။ အဆိုပါကျေးရွာသည် “အစိုးရဦးဆောင်မှု၊ လူထုပါဝင်ဆောင်ရွက်မှု၊ သင့်တင့်သောထောက်ပံ့ငွေ၊ တစ်သားတည်းဖြစ်သော စည်းမျဉ်းစည်ကမ်းများဖြင့် ကိုယ်တိုင်တည်ဆောက်မှု” ဟူသော ပုံစံဖြင့် အိမ်ရာပြုပြင်ရန် ဆန္ဒရှိသူများအား နေအိမ် မွမ်းမံအဆင့်မြှင့်တင်မှု လုပ်ဆောင်ပေးခဲ့သည်။

ရွာသူရွာသားများ၏ နေအိမ်အများစုသည် ကျောက်တုံးနှင့် သစ်သားများဖြင့် တည်ဆောက်မှု ဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်ရည်အားနည်းခြင်း၊ အလင်းရောင်ဝင်ရောက်မှုမကောင်းခြင်း စသည့် လက်တွေ့အခြေအနေများအတွက် ကျွမ်းကျင်သော ဒီဇိုင်းအဖွဲ့များကို ခေါ်ယူကာ လူထု၏ နေအိမ်အခင်းအကျင်းလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့သည်။ လက်ရှိတွင် လားတင်းရွှယ်ကျေးရွာ၌ အိမ်ထောင်စု ၄၂ စု မှ လူဦးရေ ၁၇၈ ဦးသည် နေအိမ်အသစ်များတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီးဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လန်းခရိုင် ကျုံ့တာမြို့နယ်ရှိ လားတင်းရွှယ်ကျေးရွာတွင် ၇၄ နှစ်အရွယ် ကျာရှီးအိုကျူး (ဝဲ) နှင့် ၇၃ နှစ်အရွယ် ဇနီးဖြစ်သူ စောလန်ယွိကျန်းတို့က ၎င်းတို့ နေအိမ်အသစ် ဧည့်ခန်း၌ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………….
(Chinese Version)
辉煌60载 魅力新西藏|西藏朗县:农房更新展笑颜
新华社照片,林芝(西藏),2025年7月22日
近年来,西藏林芝市朗县坚持“群众自愿、因地制宜、循序渐进”的原则,推进农村房屋改造提升建设。朗县仲达镇拉丁雪村就是其中的典型代表。该村采取“政府主导、群众参与、适当补贴、统规自建”的模式,对有意愿的群众实施住房改造提升。针对村民住房多为石木结构,抗震等级低、采光差等实际,聘请专业设计团队,最大限度满足群众房屋功能布局需求。目前,拉丁雪村有42户178人入住了新房。
图说1:7月21日,村民在拉丁雪村一处还在改造提升中的农房前聊天、吃水果。 新华社记者 李鑫 摄
图说2:7月21日,拉丁雪村74岁的扎西欧珠(左)和73岁的老伴索朗玉珍站在自家新房的客厅里合影。新华社记者 李鑫 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.