North America
“ပြည်ပနိုင်ငံကို စွက်ဖက်မှု” တွင် ပါဝင်သည် ဟူသော ပြင်သစ်၏ စွဲဆိုချက်အား အမေရိကန် လူမှုမီဒီယာပလက်ဖောင်း X ငြင်းပယ်

လော့စ်အိန်ဂျလိစ်/ပဲရစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အမေရိကန် လူမှုမီဒီယာပလက်ဖောင်း X (မူလ Twitter) ကမ္ဘာလုံးဆိုင်ရာ အစိုးရရေးရာဌာန အကောင့်က ဇူလိုင် ၂၁ ရက်တွင် အဆိုပါပလက်ဖောင်း၌ ပို့စ်တင်၍ ပြင်သစ်အစိုးရသည် ၎င်းတို့အပေါ် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးချက်တစ်ခု လုပ်ဆောင်ခဲ့ပြီး ၎င်းသည် တွက်ချက်မှုနည်းလမ်းအား ထိန်းချုပ်လုပ်ဆောင်ခြင်းနှင့် “အချက်အလက်များအား လိမ်လည်ရယူမှု” လုပ်ဆောင်ကြောင်း သံသယရှိသည်ဟု စွဲဆိုခဲ့ကြောင်း၊ X အနေဖြင့် အဆိုပါစွဲဆိုချက်များအား ပြတ်သားခိုင်မာစွာ ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ ပဲရစ်ရှေ့နေချုပ်ရုံးက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်၌ X ပလက်ဖောင်းက တွက်ချက်မှုနည်းလမ်းအား ထိန်းချုပ်လုပ်ဆောင်ခြင်းဖြင့် ပြည်ပနိုင်ငံကို စွက်ဖက်မှု လုပ်ဆောင်သည်ဟု တိုင်ကြားခံရကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ပဲရစ်ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားထားသည်။ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသည့် လုပ်ရပ်နှစ်ရပ်နှင့် စပ်လျဉ်း၍ အဓိကထား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ အလိုအလျောက် အချက်အလက် စီမံရေးစနစ်၏ ပုံမှန်လည်ပတ်မှုအား စနစ်တကျဖျက်ဆီးမှုနှင့် အလိုအလျောက် အချက်အလက် စီမံရေးစနစ်ထဲမှ အချက်အလက်များအား စနစ်တကျ တရားမဝင် ရယူခြင်းတို့ပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်သစ်လွှတ်တော်၏ လွှတ်တော်အမတ် Eric Bothorel ကစတင်သော အဆိုပါ စုံစမ်းစစ်ဆေးမှုသည် X ပလက်ဖောင်း၏ တရားဝင်လုပ်ငန်းစဉ် ပိုင်ဆိုင်ခွင့်ဟူသော အခြေခံ အကျိုးစီးပွားအား ဆိုးရွားစွာထိခိုက်နေပြီး အဆိုပါပလက်ဖောင်း အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်မှုနှင့် လွတ်လပ်စွာပြောဆိုခွင့်အား ခြိမ်းခြောက်နေကြောင်း၊ X ပလက်ဖောင်းသည် “ပြည်ပနိုင်ငံကို စွက်ဖက်မှု” ရည်ရွယ်ချက်ဖြင့် တွက်ချက်မှုနည်းလမ်းအား ထိန်းချုပ်လုပ်ဆောင်သည်ဟူသော Eric Bothorel ၏ စွဲဆိုမှုသည် လုပ်ကြံပြောဆိုမှုသာဖြစ်ကြောင်း X ကမ္ဘာလုံးဆိုင်ရာ အစိုးရရေးရာဌာနက ပြောကြားခဲ့သည်။
“ကျွမ်းကျင်ပညာရှင်” များက အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်နိုင်ရန်အတွက် ပြင်သစ်အစိုးရသည် X ပလက်ဖောင်း၏ အကြောင်းအရာ မိတ်ဆက်ပေးမှု တွက်ချက်နည်းနှင့် ပလက်ဖောင်းပေါ်ရှိ အသုံးပြုသူပို့စ်အားလုံး၏ အချိန်နှင့်တစ်ပြေးညီ အချက်အလက်များအား ရယူရန် တောင်းဆိုထားပြီးဖြစ်ကြောင်း၊ လက်တလောသိရှိထားသော အချက်အလက်များအရ ယခုအကြိမ် စုံစမ်းစစ်ဆေးမှုသည် “နိုင်ငံရေးရည်ရွယ်ချက်အတွက် ဝန်ဆောင်မှုပေးရန် ပြင်သစ်နိုင်ငံ တရားဥပဒေအား ပုံဖျက်နေကြောင်း” X ပလက်ဖောင်းက ယူဆသည်ဟု အဆိုပါဌာနက ဆိုထားသည်။
အထက်ပါ အကြောင်းရင်းများကြောင့် “X ပလက်ဖောင်းအနေဖြင့် ပြင်သစ်အာဏာပိုင်၏ တောင်းဆိုချက်ကို လက်သင့်ခံထားခြင်းမရှိကြောင်း၊ ယင်းသည် X ပလက်ဖောင်းက တရားဥပဒေနှင့်အညီ ခံစားခွင့်ရှိသည့် လုပ်ပိုင်ခွင့်ဖြစ်သည်” ဟု အဆိုပါဌာနက ပြောကြားခဲ့သည်။
အမေရိကန် လုပ်ငန်းရှင် အီလွန်မက်စ် ပိုင်ဆိုင်သော X ပလက်ဖောင်းသည် ၎င်း၏အကြောင်းအရာ မိတ်ဆက်မှု တွက်ချက်နည်းအား ထိန်းချုပ်လုပ်ဆောင်ခြင်းဖြင့် လက်ယာစွန်း အားသာသည့် အကြောင်းအရာများအား တမင်ပေါ်လွင်စေပြီး လတ်တလော ဥရောပတိုက်၏ အချို့သောရွေးကောက်ပွဲများအတွင်း အထူးသတ်မှတ်ထားသော အမတ်လောင်းများအပေါ် လူအများသတိထားတွေ့မြင်နိုင်မှုနှုန်းအား မြှင့်တင်လိုက်သည်ဟု တိုင်ကြားသူက သံသယရှိကြောင်း ထိုမတိုင်မီ ပြင်သစ် “Le Monde” သတင်းစာက သတင်းဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှု ဦးတည်ထားသည့် ပြစ်မှုကျူးလွန်မှုနှစ်ရပ်လုံးသည် ရာဇဝတ်မှုဥပဒေအတွင်း ဆိုက်ဘာတိုက်ခိုက်မှုအား ရည်ရွယ်သည့် ပြင်းထန်သော ပြစ်မှုများဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၁၀ နှစ် နှင့် ဒဏ်ငွေ ယူရို ၃၀၀,၀၀၀ ချမှတ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
——————-
(Chinese Version)
美国社交媒体平台X否认法国对其涉“外国干涉”指控
新华社洛杉矶/巴黎7月21日电(记者谭晶晶 罗毓)美国社交媒体平台X(原推特)全球政府事务部门账号21日在该平台发文说,法国政府对其展开了一项出于政治动机的刑事调查,指控其涉嫌操纵算法和进行“欺诈性数据提取”,X坚决否认这些指控。
7月11日,法国巴黎检察院发布新闻公报称X平台被举报操纵算法,以实施外国干涉行为,巴黎检察院已就此展开调查。调查将重点围绕两项涉嫌犯罪行为展开,即有组织地破坏自动数据处理系统的正常运行和有组织地从自动数据处理系统中非法提取数据。
X平台全球政府事务部门说,这项由法国国民议会议员埃里克·博托雷尔发起的调查,严重损害了X平台享有正当程序的基本权利,并威胁到该平台用户的隐私权和言论自由权。博托雷尔对X平台出于“外国干涉”的目的操纵算法的指控完全是捏造的。
该部门说,法国政府已要求获取X平台的内容推荐算法以及平台上所有用户帖子的实时数据,以便若干“专家”分析这些数据。根据目前已掌握的信息,X平台认为此次调查“正在歪曲法国法律,以服务于政治目的”。
鉴于以上原因,“X平台没有屈从于法国当局的要求,这是X平台依法享有的权利,”该部门说。
据法国《世界报》此前报道,举报人怀疑美国企业家埃隆·马斯克旗下的X平台操纵其内容推送算法,刻意突出极右翼倾向的内容,并在最近欧洲的一些选举中提高特定候选人的曝光度。报道说,调查聚焦的两项犯罪均是刑法中针对网络攻击的重罪,最高可判处10年监禁,并处以30万欧元罚款。(完)