China
“China Travel” က ယခုနှစ် နွေရာသီတွင် ဆက်လက်ရေပန်းစားလျက်ရှိပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နွေရာသီပိတ်ရက် ပြည်ဝင်ခရီးသွားမှုများလာ

ရှန်ဟိုင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကျင့်သုံးသည့် ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် ဆွဲဆောင်မှုများ အဆက်မပြတ် ထုတ်လွှင့်လျက်ရှိရာ တရုတ်နိုင်ငံ၏ ပြည်ဝင်ခရီးသွားလုပ်ငန်းဈေးကွက် ရေပန်းစားမှုသည် ယခုနှစ်နွေရာသီတွင် ဆက်လက်တိုးတက်လျက်ရှိသည်။
တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားသားများ ပြည်ဝင်မှုပမာဏသည် တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး ပြည်ဝင်သူအကြိမ်ရေ ၃၈.၀၅၃ သန်းရှိလာကာ ယမန်နှစ် ကာလတူထက် ၃၀.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၎င်းအနက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်သည့် နိုင်ငံခြားသား အကြိမ်ရေသည် ၁၃.၆၄ သန်းရှိပြီး ပြည်ဝင်သူ နိုင်ငံခြားသားများ၏ ၇၁.၂ ရာခိုင်နှုန်းဖြစ်ကာ ယမန်နှစ်ကာလတူထက် ၅၃.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
ပြည်ဝင်ခရီးသွားမှု၏ “ပထမနေရာ” ဖြစ်သည့် ရှန်ဟိုင်းမြို့သည် ဇူလိုင် ၁ ရက်မှစ၍ နွေရာသီပိတ်ရက် ပြည်ဝင်ခရီးသွားလာမှုများသည့် ကာလသို့ ဝင်ရောက်ခဲ့သည်။
ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ ရှန်ဟိုင်း လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုဌာနက လေကြောင်းပြည်ဝင်ပြည်ထွက်ဂိတ်တွင် ပြည်ဝင်သူ နိုင်ငံခြားသား ခရီးသွားဧည့်သည် အကြိမ်ရေ စုစုပေါင်း ၁၈၇,၀၀၀ အား စစ်ဆေးခဲ့ပြီးဖြစ်ကာ ယမန်နှစ်ကာလတူထက် ၃၅.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ၎င်းအနက် နိုင်ငံခြားသား ခရီးသွားဧည့်သည် အကြိမ်ရေ ၉၂,၀၀၀ သည် ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် နာရီ ၂၄၀ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့် မူဝါဒကို အသုံးပြု၍ ရှန်ဟိုင်းပြည်ဝင်ပြည်ထွက်ဂိတ်မှ ပြည်ဝင်လာသော နိုင်ငံခြားသား ခရီးသွားဧည့်သည် စုစုပေါင်း ပမာဏ၏ ၅၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရသည်။
ဗီဇာလွယ်ကူမှုမူဝါဒအစီအမံသည် နိုင်ငံခြားခရီးသွားဧည့်သည်များစွာ တရုတ်နိုင်ငံသို့ လာရောက် ခရီးသွားလာရန် ထိရောက်စွာ ဆွဲဆောင်ခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ယွိယွမ်ဥယျာဉ် ဈေးဝယ်စင်တာ၌ ဟန့်ဖူဝတ်စုံဖြင့် အလှဓာတ်ပုံရိုက်နေသော ဩစတြီးယား ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
—————-
(Chinese Version)
“China Travel”今夏热度持续 上海迎来暑期入境游热潮
新华社照片,上海,2025年7月22日
中国实施的免签政策持续释放吸引力,我国入境旅游市场热度今夏继续攀升。国家移民管理局7月16日发布的数据显示,今年上半年,外国人入出境数量稳步增长,达到3805.3万人次,同比上升30.2%;其中,免签入境外国人1364万人次,占入境外国人的71.2%,同比上升53.9%。
作为入境游“第一站”的上海自7月1日起迎来暑期入境游热潮。7月1日至15日,上海边检机关在空港口岸累计查验入境外籍旅客18.7万人次,较去年同比增长35.5%。其中,已有9.2万人次外籍旅客利用免签政策和240小时过境免签政策从上海口岸入境,占入境外籍旅客总量近50%。
签证便利化政策措施有效带动大批外国游客来到中国旅游。
1、7月16日,在上海浦东国际机场边检查验大厅内,入境旅客有序排队候检。 新华社发(上海边检总站供图)
2、7月21日晚,奥地利游客在上海豫园商城拍摄汉服写真。新华社记者 陈浩明 摄