Connect with us

Africa & Middle East

တရုတ်မှ ကူညီတည်ဆောက်ပေးသည့် ဇမ်ဘီယာ နိုင်ငံတကာ ကွန်ဖရင့်စင်တာ စီမံကိန်းပြီးစီး၍ လွှဲပြောင်းပေးအပ်

ဇမ်ဘီယာသမ္မတ Hakainde Hichilema နှင့် ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Du Xiaohui တို့က မေ ၃၁ ရက်တွင် လူဆာကာ၌ ကျင်းပသော ဇမ်ဘီယာနိုင်ငံတကာ ကွန်ဖရင့်စင်တာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်စဉ် (ဆင်ဟွာ)

လူဆာကာ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ဇမ်ဘီယာနိုင်ငံတကာ ကွန်ဖရင့်စင်တာ စီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေ ၃၁ ရက်က ဇမ်ဘီယာနိုင်ငံ မြို့တော်လူဆာကာ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဇမ်ဘီယာသမ္မတ Hakainde Hichilema နှင့် အဆင့်မြင့်အရာရှိ အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။ထိုသို့တက်ရောက်စဉ် Hichilema က နိုင်ငံတကာကွန်ဖရင့်စင်တာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စတင်ကြောင်းအမှာစကားပြောကြားခဲ့သည်။ ၎င်းက တရုတ်အစိုးရအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်နိုင်ငံက ဇမ်ဘီယာ၏ ရာသီအချိန်အခါမရွေး မိတ်ဖက်ဆက်ဆံရေး ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံ လူဆာကာရှိ နိုင်ငံတကာ ကွန်ဖရင့်စင်တာကို မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇမ်ဘီယာ လွတ်လပ်ရေးရပြီးကတည်းက တရုတ်အစိုးရသည် ဇမ်ဘီယာ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီများစွာပေးခဲ့သည့်အပြင် ဇမ်ဘီယာအတွက် TAZARA ရထားလမ်း ဖောက်လုပ်ပေးခဲ့သည်။ နိုင်ငံတကာ ကွန်ဖရင့်စင်တာသည် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူတို့မှ ပေးအပ်သည့် နောက်ထပ်တစ်ခု အဖိုးတန်သည့် လက်ဆောင်ဖြစ်သည်။ အဆိုပါ စင်တာက ဇမ်ဘီယာအတွက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန်နှင့် အခြားနိုင်ငံတကာ ညီလာခံများစွာကို လက်ခံကျင်းပရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ယခုနှစ်များတွင် တရုတ်နိုင်ငံနှင့် ဇမ်ဘီယာက အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ လေကြောင်း၊ ကျန်းမာရေး၊ ပညာရေး စသည့်နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းခဲ့ကြောင်း Hichilema က ပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံ လူဆာကာရှိ နိုင်ငံတကာ ကွန်ဖရင့်စင်တာကို မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းရန် ဇမ်ဘီယာသို့ ပိုမိုများသော တရုတ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပြီး တရုတ်နိုင်ငံသို့ ပိုမိုများသော ဇမ်ဘီယာထုတ်ကုန်များ တင်သွင်းနိုင်ရန် မျှော်လင့်ပါကြောင်း ၎င်းကပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Du Xiaohui က ဇမ်ဘီယာနိုင်ငံတကာ ကွန်ဖရင့်စင်တာ အကူအညီပေးရေး စီမံကိန်းက နှစ်နိုင်ငံခေါင်းဆောင်၏ ထောက်ခံမှုဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စီမံကိန်း တည်ဆောက်ပြီးစီးပြီး လွှဲပြောင်းပေးအပ်ခြင်းက နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတဖြစ်သည်။ ယခုနှစ် ဇူလိုင်တွင် ဇမ်ဘီယာ၌ အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်ရာ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ထားသည့် နိုင်ငံတကာ ကွန်ဖရင့်စင်တာက အာဖရိကတိုက်တစ်ခုလုံး စည်းလုံးညီညွတ်မှု မြှင့်တင်ပေးရန်အတွက် အကျိုးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တရုတ်နိုင်ငံသည် အာဖရိကတိုက်နိုင်ငံများနှင့်အတူ မရေရာသည့် ကမ္ဘာ့အခြေအနေတွင် တည်ငြိမ်ရေးနှင့် အေးချမ်းစွာဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံ လူဆာကာရှိ နိုင်ငံတကာ ကွန်ဖရင့်စင်တာ၏ အတွင်းပိုင်း မြင်ကွင်းအား မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇမ်ဘီယာသည် အာဖရိကတောင်ပိုင်းရှိ တရုတ်နိုင်ငံနှင့် ပထမဆုံး သံတမန်ဆက်ဆံရေး ထူထောင်သည့်နိုင်ငံဖြစ်သည်။ ဇမ်ဘီယာတွင် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန်၊ ဇမ်ဘီယာ၏ နိုင်ငံတကာဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်အတွက် တရုတ်နှင့် ဇမ်ဘီယာတို့ ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် တရုတ်နိုင်ငံက ဇမ်ဘီယာနိုင်ငံတကာ ကွန်ဖရင့်စင်တာ ကူညီတည်ဆောက်ပေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ဇမ်ဘီယာနိုင်ငံ လူဆာကာရှိ နိုင်ငံတကာ ကွန်ဖရင့်စင်တာကို ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတကာကွန်ဖရင့်စီမံကိန်း၏ စုစုပေါင်းဆောက်လုပ်ရေး ဧရိယာသည် စတုရန်းမီတာ ၂,၄၀၀၀ ခန့်ရှိပြီး လူပေါင်း ၂,၅၀၀ ဝင်ဆံ့သည့် အစည်းအဝေးခန်းမ၊ လူပေါင်း ၁,၀၀၀ ဝင်ဆံ့နိုင်သည့် ဘက်စုံသုံးခန်းမနှင့် အခြားဆက်စပ် အဆောက်အအုံများ ပါဝင်ကြောင်း စီမံကိန်း၏ ကန်ထရိုက်တာဖြစ်သည့် တရုတ်နိုင်ငံ ကျန်းဆူး နိုင်ငံတကာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအုပ်စု (China Jiangsu International Economic and Technical Corporation Group) ဇမ်ဘီယာ ကုမ္ပဏီခွဲ အထွေထွေမန်နေဂျာ ဝမ်းရှုလျင်က မိတ်ဆက်ပြောကြားခဲ့သည်။ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်နှစ်ဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ဆောက်လုပ်ရေးအဖွဲ့က ကပ်ရောဂါသက်ရောက်မှုစသည့် အခက်အခဲများကို ကျော်လွှားကာ ကွန်ဖရင့်စင်တာကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးအပ်နိုင်ရန်အတွက် လုပ်ဆောင်ခဲ့သည်။ (Xinhua)

——————————-

(Chinese Version)

中国援赞比亚国际会议中心项目竣工移交

新华社卢萨卡5月31日电(记者张玉亮)由中国政府援建的赞比亚国际会议中心项目竣工移交仪式5月31日在赞首都卢萨卡举行。赞比亚总统希奇莱马率多名高级别官员出席仪式。

希奇莱马当天为国际会议中心揭幕并发表讲话,由衷感谢中国政府,盛赞中国是赞比亚的全天候伙伴。他表示,赞比亚独立以来,中国政府为赞经济社会发展提供了许多帮助,还为赞比亚修建了坦赞铁路。国际会议中心是中国政府和人民馈赠的又一珍贵礼物,将帮助赞比亚顺利承办非盟峰会,并举办更多国际会议。

希奇莱马表示,近年来中国与赞比亚在基建、能源、航空、医疗卫生、教育等领域进行了广泛合作,为两国人民带来福祉。他邀请更多中资企业赴赞投资兴业,期待更多赞比亚商品进入中国市场,实现两国互利共赢。

中国驻赞比亚大使杜晓晖在致辞中表示,援赞比亚国际会议中心项目是在两国元首的共同支持下实施的。项目的竣工移交是中赞传统友谊精神的体现,是坦赞铁路精神在新时代的体现,是中非友好合作精神的体现。非盟峰会今年7月将在赞比亚召开,中国援建的国际会议中心将为促进整个非洲的团结作出贡献。中国愿与非洲国家一道,为充满不确定性的世界带来确定性,带来和平与发展。

赞比亚是南部非洲第一个与中国建交的国家。为帮助赞比亚顺利承办非盟峰会,助力赞比亚深化国际交流与合作,经中赞双方友好协商,中方同意为赞方援建国际会议中心。
据项目施工方中国江苏国际经济技术合作集团有限公司赞比亚分公司总经理汪树林介绍,国际会议中心项目总建筑面积约2.4万平方米,包含1个2500座的会议大厅、1个1000座的多功能厅及相关附属设施。项目于2020年初动工,施工方克服新冠疫情带来的不利影响,保质保量推进工程建设,确保会议中心顺利交付。(完)
图说1- 5月31日,赞比亚总统希奇莱马(前右)和中国驻赞比亚大使杜晓晖(前左)在卢萨卡出席赞比亚国际会议中心项目竣工移交仪式。新华社记者 张玉亮 摄
图说2- 这是5月30日在赞比亚卢萨卡拍摄的赞比亚国际会议中心会议大厅。新华社记者 张玉亮 摄
图说3- 这是5月26日在赞比亚卢萨卡拍摄的赞比亚国际会议中心(航拍照片)。新华社发
图说4- 这是5月30日在赞比亚卢萨卡拍摄的赞比亚国际会议中心内景。新华社记者 张玉亮 摄
图说5- 这是4月9日在赞比亚卢萨卡拍摄的