Connect with us

Europe

ယူကရိန်းသို့ ထောက်ပံ့သည့် အကူအညီများအား အလွဲသုံးစားပြုမည်ကို အမေရိကန်အစိုးရ စိုးရိမ်နေ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ အိမ်ဖြူတော်၌ မိန့်ခွန်းပြောနေသည်ကို မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

လက်ရှိ အမေရိကန်သည် ယူကရိန်းသို့ နေ့စဉ်ပျမ်းမျှ ကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ စစ်ရေးအကူအညီအပြင် ဘဏ္ဍရေးနှင့် အခြားအကူအညီများကို ကြီးကြပ်ကွပ်ကဲမှု ယန္တရားမပါရှိဘဲ ပေးပို့နေခြင်းသည် ယင်းလက်နက်ကိရိယာများနှင့် ထောက်ပံ့ငွေများအပေါ် ခိုးယူ၊ ဖြုန်းတီးမှုများ ရှိနိုင်မည် ကို အမေရိကန် အရာရှိဟောင်းများနှင့် လက်ရှိအရာရှိများက စိုးရိမ်နေသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မေ ၂၉ ရက်တွင် ကာကိစ်ဗ်ပြည်နယ်သို့ သွားရောက်စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ-Ukrainian Presidential Office/Handout via Xinhua)

ယခုနှစ် ဇန်နဝါရီကတည်းက အမေရိကန်လွှတ်တော်သည် ယူကရိန်းသို့ တိုက်ရိုက်လက်နက်ပေးပို့ခြင်းနှင့် အရှေ့ဥရောပတွင် အမေရိကန်စစ်တပ်များ နေရာချခြင်း အပါအဝင် ယူကရိန်းအခြေအနေ ကိုင်တွယ်ဖြေရှင်းမှုတွင် အသုံးပြုရန် စုစုပေါင်း ဒေါ်လာ ၅၄ ဘီလီယံနီးပါးရှိ ထောက်ပံ့မှုများကို ခွင့်ပြုခဲ့ကြောင်း Wall Street Journal က ဇွန် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းထောက်ပံ့မှုများက အာဖဂန်စစ်ပွဲအတွင်း မေရိကန်၏ နှစ်နှင့်ချီထောက်ပံ့မှုထက် အဆပေါင်းများစွာ ပိုများနေသည်။

ယူကရိန်းဘက်မှ အမေရိကန်၏ အကူအညီများကို သတ်မှတ်ထားသည့် ရည်ရွယ်ချက်တွင်သာ အသုံးပြုသွားမည်ဟု ကတိပြုထားသော်လည်း ယူကရိန်းသို့ လက်နက်ကိရိယာများ လွှဲပြောင်းပြီးသည်နှင့် ယင်းလက်နက်များ၏ အသုံးပြုပုံကို အမေရိကန်မှ တိုက်ရိုက်မသိနိုင်ဘဲ ယူကရိန်းအစိုးရ ပေးပို့သည့်အချက်အလက်များကိုသာ အားကိုးနေရကြောင်း အမေရိကန်အရာရှိအချို့က ဆိုသည်။

လက်ရှိတွင် အမေရိကန်၏ အကူအညီများအပေါ် အလွဲသုံးစားပြုသော အခြေအနေမရှိသေးကြောင်း ဖော်ပြထားသော်လည်း အကူအညီပေးမှု အတိုင်းအတာ ကြီးမားပြီး အမေရိကန်နှင့် နေတိုးတပ်ဖွဲ့မှ ယူကရိန်းသို့ စောင့်ကြည့်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းမရှိသည့်အတွက်ကြောင့် နောက်ပိုင်းတွင် ပြဿနာများထွက်ပေါ်လာနိုင်သည်ဟု ယခင်က အမေရိကန်၏ နိုင်ငံခြားစစ်အကူအညီပေးရေးကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်သူ ပညာရှင်အချို့က ဆိုသည်။

အမေရိကန်အစိုးရ၏ အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူးစစ်ဆေးရေးမှူး SIGAR က အကူအညီပေးမှုနှင့် ပတ်သက်သည့် ခိုးယူမှု၊ ကိုယ်ကျိုးစီးပွားဖြစ် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ခြင်းက ရှောင်လွှဲ၍မရကြောင်း “အချို့လူတွေဟာ မိုက်မဲတဲ့ဆုံးဖြတ်ချက်ချလေ့ရှိတယ်၊ ဒါကတော့ လူ့သဘာဝပါ။ လာမယ့်မကြာမီနှစ်များမှာ လူတွေက (ယူကရိန်းအကူအညီပေးမှု) သက်ဆိုင်ရာ ဖြုန်းတီးမှု၊ သိမ်းယူမှု၊ အလွဲသုံးစားလုပ်မှု သတင်းတွေ ထွက်လာတာကို တွေ့နိုင်မယ်ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
အမေရိကန်သည် ၂၀၀၁ ခုနှစ် ဇန်နဝါရီတွင် အာဖဂန်စစ်ပွဲစတင်ခဲ့ပြီး ၉ နှစ်ကြာပြးနောက် အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူးစစ်ဆေးရေးမှူးရုံးကို ဖွင့်လှစ်ခဲ့သည်။ အမေရိကန်အထောက်အပံ့ဖြင့် အာဖဂန်၌ တည်ဆောက်သည့် စီမံကိန်းများမှာ အရည်အသွေးမပြည့်မီခြင်း သို့မဟုတ် ဆောက်လုပ်ပြီးစီးခြင်း မရှိခြင်း အနေအထားတွင်သာ ရှိနေကြောင်း၊ စီမံကိန်းအတွက် ခန့်အပ်ထားသည့် သက်ဆိုင်ရာ တာဝန်ခံများက အမေရိကန်နှင့် အာဖဂန်အစိုးရ၏ ထောက်ပံ့ငွေများကို လိမ်လည်ခိုးယူနေကြောင်း ယင်းဌာနက တွေ့ရှိခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံရေး အခြေအနေ တည်ငြိမ်စေရန် အကူအညီပေးသည့် ထောက်ပံ့ငွေများက နောက်ဆုံးတွင် ပဋိပက္ခကို အားပေးထောက်ပံ့သည့် နေရာများတွင်ရောက်သွားကြောင်း အမေရိကန်ကဆိုသည်။

“အာဖဂန်စစ်ပွဲကနေ ကျွန်တော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာတစ်ခုကတော့ ကြီးကြပ်ကွပ်ကဲမှုကို အစကတည်းက လုပ်ဆောင်ရမယ်ဖြစ်တယ်” ဟု Sopko က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ယူကရိန်းသို့ ထောက်ပံ့သည့် ကန်ဒေါ်လာ ၄၀ ဘီလီယံအနက် ကန်ဒေါ်လာ ၄ သန်းနှင့် ဒေါ်လာ ၁ သန်းအား အမေရိကန် နိုင်ငံခြားရေးဌာနနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လက်အောက်ရှိ စစ်ဆေးရေးမှူးရုံးသို့ အသီးသီး ခွဲဝေပေးထားကြောင်း ထို့ပြင် အကူအညီပေးရေးအစီအစဉ်တွင် အမေရိကန် ကာကွယ်ရေးဌာန စစ်ဆေးရေးမှူး အနေဖြင့် ပင်တဂွန်မှ ယူကရိန်းသို့ ထောက်ပံ့သည့် ရန်ပုံငွေ အသုံးပြုမှုများကို စစ်ဆေးကာ ရက်ပေါင်း ၁၂၀ အတွင်း လွှတ်တော်သို့ တင်ပြရန်လည်း တောင်းဆိုထားကြောင်း သိရသည်။

Iowa ရှိ ရီပတ်ဘလင်ကန်အမတ် Chuck Grassley က အထက်ဖော်ပြထားသည့် ဌာနသုံးခုမှ စစ်ဆေးရေးမှူးများအနေဖြင့် ယူကရိန်းသို့ အကူအညီပေးသည့် ငွေကြေးများအပေါ် အထူးဂရုပြုရန် စာပို့တောင်းဆိုထားသည်။ ထို့ပြင် လွှတ်တော်သည် ရေရှည်ကြီးကြပ်ကွပ်ကဲရေး ယန္တရားအပေါ် သဘောတူညီချမရရှိသေးကြောင်း ၎င်းကထောက်ပြခဲ့သည်။

ယူကရိန်းသို့ ထောက်ပံ့ပေးသည့် အတိုင်းအတာကြီးမားမှုနှင့် ပေးပို့သည့်အချိန် မြန်ဆန်မှုကြောင့် အမေရိကန်အစိုးရအနေဖြင့် အာဖဂန်ပြန်လည်တည်ဆောက်‌ရေးဆိုင်ရာ အထူးကြီးကြပ်ရေးမှူး ယန္တရားကို မှီငြမ်းကာ လုပ်ပိုင်ခွင့် ပိုမိုများပြီး ပိုမိုထိရောက်သော ကြီးကြပ်ကွပ်ကဲရေးအရာရှိ ထားရှိသင့်ကြောင်း Sopko နှင့် အခြားလက်ရှိအရာရှိများနှင့် အရာရှိဟောင်းများက ဆိုပါသည်။ ရီပတ်ဘလီကန်အမတ် John Neely Kennedy က ယူကရိန်းသို့ ထောက်ပံ့မှုဆိုင်ရာ အထူးစစ်ဆေးရေးမှူး ယန္တရား ထူထောင်ရန်အတွက် ကန်ဒေါ်လာ ၄၀ ဘီလီယံ အကူအညီမှ ကန်ဒေါ်လာ သန်း ၂၀ ခွဲဝေပေးရန် အဆိုပြုခဲ့သည်။

“အကယ်လို့ ယူကရိန်းအရာရှိများက အမေရိကန်ရန်ပုံငွေအသုံးပြုပြီး အပျော်စီးသင်္ဘောတွေနဲ့ လည်ပတ်နေပါက၊ ဒီအကူအညီမျိုး အခုချိန်အထိ ပါတီစုံရဲ့ ထောက်ခံမှုရရှိခြင်းက ပျက်သုဉ်းလောက်တဲ့ ထိခိုက်မှုဖြစ်လာနိုင်တယ်” ဟု ဝါရှင်တန်အခြေစိုက် Strategic and International Studies အဖွဲ့ဝင်၊ ပင်တဂွန်နှင့် စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး အဖွဲ့ဝင်ဟောင်း Mark Cancian က ပြောကြားခဲ့ပါသည်။

အမေရိကန်လွှတ်တော်က ယူကရိန်းသို့ အကူအညီများကို မြန်ဆန်စွာ ခွင့်ပြုပေးခြင်းက ၎င်းသည် နောက်ဆက်တွဲ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဦးနှောက်ထဲတွင် ငွေသုံးရန်သာရှိနေကြောင်း၊ ယူကရိန်းသို့ ထောက်ပံ့ပေးခြင်းတွင် အမေရိကန်က အာဖဂန်စစ်ပွဲမှ ရရှိသည့် သင်ခန်းစာကို အသုံးချခြင်းမရှိသည့်အပေါ် အံ့သြကြောင်း Sopko က ဆိုသည်။

ယူကရိန်းအား လက်နက်များ ပံ့ပိုးနေသည့် အမေရိကန်နှင့် အခြား နေတိုးအဖွဲ့ဝင်နိုင်ငံများက မီးလောင်ရာ လေပင့်နေကြောင်းနှင့် ထောက်ပံ့ကူညီပေးသည့် လက်နက်ကိရိယာများက ရုရှားစစ်တပ်၏ တရားဝင်ပစ်မှတ် ဖြစ်လာမည်ဟု ရုရှားက အကြိမ်ကြိမ် သတိပေးခဲ့သည်။

အနောက်တိုင်းနိုင်ငံများမှ ယူကရိန်းသို့ ထောက်ပံ့ပေးသည့်အလွယ်တကူ သယ်ဆောင်နိုင်သည့်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များနှင့် တင့်ကားဖျက်ဒုံးကျည်များ အပါအဝင်လက်နက်များက တရားမဝင်ဈေးကွက်မှတစ်ဆင့် အရှေ့အလယ်ပိုင်း ‌ဒေသသို့ စီးဝင်လျက်ရှိကြောင်းသြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ရုရှားစစ်ဘက်ဆိုင်ရာ လုံခြုံရေးနှင့် လက်နက်ထိန်းချုပ်ရေး ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲKonstantinGavrilov ကပြောကြားခဲ့သည်။  (Xinhua)
………………………….
(Chinese Version)
美国政府内部担忧对乌援助遭“滥用”

新华社北京6月14日电 美国一些前任和现任官员担心,美国眼下平均每天向乌克兰提供价值1.3亿美元的军事援助,另有经济及其他援助,却缺乏监督机制,这些武器装备和资金可能会遭窃取或浪费。

《华尔街日报》13日报道,今年1月以来,美国国会累计批准拨款将近540亿美元用于应对乌克兰局势,包括直接对乌武器转让和在东欧部署美军。这远高于美国在阿富汗战争期间历年对阿援助水平。

尽管乌方承诺按既定目的使用美方援助,一些美国官员说,援助乌方的武器装备一旦交付,美方几乎无法直接了解去向,只能依赖乌克兰政府提供相关信息。

报道说,暂时没有出现美国援助遭“滥用”的情况。只是,鉴于援助规模庞大,而美国和北大西洋公约组织没有派人在乌克兰实地监督,一些熟知美国以往对外军事援助案例的专家说,出现问题恐怕是迟早的事。

美国政府阿富汗重建行动特别督察长约翰·索普科认为,与援助相关的窃取、徇私、违规行为难以避免,“会有人作出愚蠢的决定。这是人性使然”。“几年后,大家会读到有关(对乌援助)遭浪费、侵占和滥用的新闻。”

美国2001年1月发动阿富汗战争,9年后设立阿富汗重建行动特别督察长办公室。这一监督机构发现,美国耗费巨资在阿富汗建设的工程要么质量堪忧,要么从未完工;项目聘请的一些顾问其实在骗美国和阿富汗政府的钱;美方宣称用于帮助阿富汗稳定形势的资金最终被用于“助长冲突”,包括资助塔利班。

“如果说我们从阿富汗学到了一个教训,那就是得从一开始就实施监督。”索普科说。

美国上月向乌克兰提供大约400亿美元一揽子援助,美国国务院和国际开发署下属的督察长办公室各分得其中400万美元和100万美元,援助方案还要求国防部督察长审查五角大楼对乌援助资金使用,并在120天内向国会作汇报。

艾奥瓦州共和党籍联邦参议员查克·格拉斯利发函要求上述三个部门的督察长对援乌资金予以特别关注。他指出,国会尚未就长期监督机制达成一致。

索普科等现任和前任官员主张,鉴于援乌资金规模之大、拨款速度之快,美国政府应参照阿富汗重建行动特别督察长机制,设立一个权限更大、更长效的监督职位。共和党籍联邦参议员约翰·肯尼迪发起提案,要求从400亿美元援助中拨出2000万美元,用于设立对乌援助特别督察长。

华盛顿智库战略与国际问题研究中心成员、曾在五角大楼及行政管理和预算局任职的马克·坎西恩说,“如果乌克兰寡头开始用美国纳税人资助的钱开游艇兜风,对这类援助迄今获得的跨党派支持将是毁灭性打击”。

索普科说,经验告诉他,美国国会如此快速批准对乌援助,结果就是“你脑子里就只想着‘花钱’,任何关于负面后果的担忧会被抛诸脑后”。他说,在对乌克兰援助方面,美国“没有吸取从阿富汗学到的教训,着实令人震惊”。

俄罗斯方面多次警告,美国等北约国家向乌克兰提供武器是在“拱火”,所援助武器装备将成为俄军合法打击目标。

俄罗斯派驻奥地利维也纳的军事安全和军备控制谈判代表团团长康斯坦丁∙加夫里洛夫9日说,包括便携式防空导弹和反坦克导弹在内,西方向乌克兰提供的武器已在黑市流通并正流向中东。(胡若愚)

图说1- 3月8日拍摄的视频画面显示,美国总统拜登在华盛顿白宫就俄乌冲突发表讲话。新华社记者刘杰摄

图说2- 这张乌克兰总统办公室5月29日提供的照片显示乌克兰总统泽连斯基(前中)在哈尔科夫州视察。新华社发