Connect with us

Politics, Law & Military

ဆီးရီးယားအပေါ် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု အားလုံး ချက်ချင်းရုပ်သိမ်းပေးရန် အမေရိကန် အစိုးရကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပထဝီနိုင်ငံရေး ကြံစည်မှုကို ဘေးဖယ်ထားပြီး ဆီးရီးယားအပေါ် ထားရှိသော တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေး အန္တရာယ်ဖန်တီးမှုကို ရပ်တန့်ရန် အမေရိကန်အစိုးရကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အစိုးရက ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ယာယီ ဖြေလျှော့သွားမှာ ဖြစ်ကြောင်း၊ သို့သော်လည်း ဆီးရီးယားငလျင်ကယ်ဆယ်ရေးလိုအပ်ချက်နှင့်သက်ဆိုင်သော ကဏ္ဍများအတွက်သာ ဖြေလျှော့မှာ ဖြစ်ပြီး အချိန်အားဖြင့် ရက်ပေါင်း ၁၈၀ ကန့်သတ်ထားကြောင်း ကြေညာခဲ့ပါတယ်။ ဒီအပေါ် တရုတ်နိုင်ငံအနေနဲ့ ဘယ်လို ပြောကြားလိုပါသလဲ” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် “ယာယီဖြေလျှော့ခြင်း” ဟူသော နိုင်ငံရေးသရုပ်ပြမှုမဟုတ်ဘဲ ဆီးရီးယားအပေါ် ထားရှိသော တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းပေးသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ဆီးရီးယားအပေါ် စစ်ရေးစွက်ဖက်မှုများနှင့် တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို နှစ်ပေါင်းများစွာ ဆက်တိုက်ချမှတ်ဆောင်ရွက်ခဲ့ရာ ဆီးရီးယားနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူ့စားဝတ်နေရေးအကျပ်အတည်းကို ပို၍ ဆိုးဝါးလာစေသလို ဆီးရီးယား၏ကပ်ဘေးရင်ဆိုင်မှုစွမ်းရည်ကို ချည့်နဲ့စေခဲ့ကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်မှုပြီးနောက် အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများက ဆီးရီးယားအရေးပေါ်ကယ်ဆယ်ရေး အဖိုးတန်အချိန် ၇၂ နာရီကို တိုက်ရိုက် အဟန့်အတား ဖြစ်စေရာ အကျပ်အတည်းကြားတွင် အခက်အခဲထပ်တိုးစေခဲ့ကြောင်း၊ ဆီးရီးယားပြည်သူများဆိုသကဲ့သို့ပင် အမေရိကန်၏မျက်လုံးထဲတွင် နိုင်ငံရေးသာရှိပြီ လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရအနေနဲ့ ပထဝီနိုင်ငံရေးကြံစည်မှုကို ဘေးဖယ်ထားပြီး ဆီးရီးယားအပေါ် ထားရှိသော တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးအန္တရာယ် ဖန်တီးမှုကို ရပ်တန့်ဖို့ မိမိတို့ တိုက်တွန်းပါတယ်”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။(Xinhua)

———————————

外交部发言人:敦促美国政府立即解除对叙利亚的所有非法单边制裁
新华社北京2月13日电(记者温馨)外交部发言人汪文斌13日说,中方敦促美国政府放下地缘政治算计,立即解除对叙利亚的所有非法单边制裁,停止人为制造人道主义灾难。
当日例行记者会上,有记者问:美国政府日前宣布,暂时放宽美国对叙利亚的制裁措施,但仅限与叙利亚地震救灾赈灾需求相关的交易,时限180天。中方对此有何评论?
汪文斌说,美国政府应当立即解除对叙利亚的非法单边制裁,而不是进行所谓“暂时放宽”的政治表演。
他说,美国持续多年对叙利亚实施军事干预和非法单边制裁,严重加剧叙利亚经济民生危机,极大削弱了叙利亚应对灾害能力。地震发生后,美国单边制裁直接阻碍了叙利亚72小时黄金救援,令当地灾情雪上加霜。正如叙利亚人士所言,美国眼中只有政治,没有人道主义。
“我们敦促美国政府放下地缘政治算计,立即解除对叙利亚的所有非法单边制裁,停止人为制造人道主义灾难。”汪文斌说。(完)