Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဂျာမနီဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Plotner တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Plotnerနှင့် ပေကျင်းမြို့တွင် မေ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ၇ ကြိမ်မြောက် တရုတ်-ဂျာမနီ နှစ်နိုင်ငံ အစိုးရ တွေ့ဆုံဆွေးနွေးပွဲ အကြိုပြင်ဆင်ရေးလုပ်ငန်းများအတွက် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ဘုံဂရုပြုကြသော နိုင်ငံတကာနှင့်ဒေသတွင်းပြဿနာများအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(Chinese Version)
秦刚会见德国总理外事顾问普吕特纳
新华社北京5月31日电5月31日,国务委员兼外长秦刚在北京会见德国总理外事顾问普吕特纳。双方重点就共同做好第七轮中德政府磋商筹备工作深入沟通,并就共同关心的国际和地区问题交换看法。