Connect with us

China

“Shenzhou-12” အာကာသယာဉ်မှူး (၃)ဦး “Tianhe” အာကာသစခန်းပင်မခန်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်

အာကာသယာဉ်မှူးအဖွဲ့က “Tianhe”အာကာသစခန်း ပင်မခန်း၌ တရုတ်တစ်နိုင်ငံလုံးအား အလေးပြုနေသည်ကို ဇွန် ၁၇ ရက်၌ ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးထားသည့်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

“Shenzhou-12” လူတင်အာကာသယာဉ်နှင့် “Tianhe” အာကာသစခန်း ပင်မခန်းတို့ အလိုအလျောက် လျင်မြန်စွာ ချိတ်ဆက်သွားပြီဖြစ်ပြီး အာကာသယာဉ်မှူးအဖွဲ့သည်လည်း ပင်မခန်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း China Manned Space Engineering Office (CMSEO)၏ သတင်းများအရ သိရသည်။

 

အာကာသယာဉ်မှူးအဖွဲ့ “Tianhe”အာကာသစခန်း ပင်မခန်းသို့ ဝင်ရောက်သွားသည်ကို ဇွန် ၁၇ ရက် ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ တွေ့ရစဉ်(ဆင်ဟွာ)

အာကာသယာဉ်မှူးအဖွဲ့ “Tianhe”အာကာသစခန်း ပင်မခန်းသို့ ဝင်ရောက်သွားသည်ကို ဇွန် ၁၇ ရက် ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ တွေ့ရစဉ်(ဆင်ဟွာ)

လုပ်ငန်းအစီအစဉ်အသီးသီးအား အသင့်ပြင်ထားသည့်အတိုင်း အာကာသယာဉ်၏တံခါးများကို အဆင့်အတိုင်းဖွင့်လှစ်ကာ ဇွန် ၁၇ ရက် ပေကျင်း စံတော်ချိန် ၁၈ နာရီ ၄၈ မိနစ်တွင် အာကာသယာဉ်မှူးများ ဖြစ်ကြသည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်နှင့် ထန်းဟုန်ပေါတို့သည် အစဉ်အတိုင်း “Tianhe”အာကာသစခန်း ပင်မခန်းကို ဝင်ရောက်နိုင်ခဲ့ရာ တရုတ်နိုင်ငံက မိမိကိုယ်ပိုင်အာကာသစခန်းတွင် ပထမဆုံး လူဝင်ရောက်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် အာကာသယာဉ်မှူးအဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
神舟十二号3名航天员顺利进驻天和核心舱
2021-06-17 19:06:39
新华社北京6月17日电(记者王逸涛、田定宇)据中国载人航天工程办公室消息,在神舟十二号载人飞船与天和核心舱成功实现自主快速交会对接后,航天员乘组从返回舱进入轨道舱。按程序完成各项准备后,先后开启节点舱舱门、核心舱舱门,北京时间2021年6月17日18时48分,航天员聂海胜、刘伯明、汤洪波先后进入天和核心舱,标志着中国人首次进入自己的空间站。后续,航天员乘组将按计划开展相关工作。(完)

图说1:6月17日在北京航天飞行控制中心拍摄的进驻天和核心舱的航天员向全国人民敬礼致意的画面。新华社记者 金立旺 摄

图说3:6月17日,在北京航天飞行控制中心,工作人员在拍摄神舟十二号载人飞船航天员乘组进驻天和核心舱的画面。新华社记者 金立旺 摄

图说3:6月17日在北京航天飞行控制中心拍摄的神舟十二号载人飞船航天员乘组进驻天和核心舱的画面。新华社记者 金立旺 摄