Connect with us

International Organizations

WHO − ဥရောပသည် ကမ္ဘာပေါ်တွင် အတည်ပြုလူနာဦးရေနှင့်သေဆုံးသူဦးရေ နှစ်ခုလုံး တိုးလာသည့် တစ်ခုတည်းသောဒေသဖြစ်လာ

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်သည့် အချက်အလက်များအရ ဥရောပတိုက်ဒေသများတွင် ပြီးခဲ့သည့်ရက်သတ္တပတ်ကထပ်တိုးကိုဗစ်အတည်ပြု လူနာ ၇ ရာခိုင်နှုန်း နှင့် သေဆုံးလူနာ၁၀ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း၊အတည်ပြုလူနာနှင့်သေဆုံးသူဦးရေ နှစ်ခုလုံး တိုးလာသည့် ကမ္ဘာ့တစ်ခုတည်းသော ဒေသဖြစ်ကြောင်း သိရသည်။WHO က အပတ်စဉ် ထုတ်ပြန်သော ကပ်ရောဂါ အစီရင်ခံစာအရ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၃.၁ သန်းခန့် ရှိခဲ့ပြီး ထိုမတိုင်မီရက်သတ္တပတ်ထက် ၁ ရာခိုင်နှုန်းခန့်မြှင့်တက်လာကြောင်း၊၎င်းအနက်ဥရောပတွင် ရက်သတ္တပတ်အတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ၁.၉ သန်းခန့်ရှိပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူဦးရေ၏ သုံးပုံနှစ်ပုံနီးပါး ရှိရာ ယခင်အပတ်ထက် ၇ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဆိုသည်။

ဂျာမနီနိုင်ငံ၊ Frankfurt မြို့ မြေအောက်ရထားဘူတာရုံတစ်ခု၌ နိုဝင်ဘာ ၁၀ ရက်တွင် ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

တစ်ကမ္ဘာလုံးတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ အရေအတွက်သည် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၄ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။ ဥရောပမှလွဲ၍ အခြားဒေသများတွင် သေဆုံးမှု ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံများအနက် ပြီးခဲ့သည် ရက်သတ္တပတ်အတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ အများဆုံးရှိသည့် နိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ တူရကီနှင့် ဂျာမနီတို့ ဖြစ်သည်။
နိုဝင်ဘာ ၁၀ ရက်တွင် ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၃၈,၀၅၈ ဦးနှင့် သေဆုံးလူနာ ၁,၂၃၉ ဦးရှိရာ ကိုဗစ်ဖြစ်ပွားချိန်မှစ၍ ရုရှနိုင်ငံတွင် တစ်ရက်အတွင်းသေဆုံးသူဦးရေ ထပ်မံစံချိန်တင်မြင့်တက်လာခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko က ရုရှားနိုင်ငံ နေရာအများအပြားရှိ ဆေးရုံများ၏ အောက်ဆီဂျင် သိုလှောင်မှုသည် နှစ်ရက်အတွက်သာ လုံလောက်သည်ဟု နိုဝင်ဘာ ၁၀ ရက်က ပါလီမန် မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဂျာမနီရောဂါထိန်းချုပ်ရေးအေဂျင်စီ Robert Koch Institute က ဂျာမနီတွင် တစ်ရက်အတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၃၉,၆၇၆ ဦးရှိကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ဂျာမနီ၏ ၇ ရက်ကြာ ကိုဗစ်ကူးစက်မှုနှုန်းသည် လူတစ်သိန်းလျှင် ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၂၃၂ ဒသမ ၁ ဦးအထိ မြင့်မားခဲ့သည်။

ရုရှားနှင့် ဂျာမနီတို့အပြင် သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနှင့် အခြားဥရောပနိုင်ငံအများအပြား၏ နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကူးစပ်မှု နှုန်းသည် နိုင်ငံ၏အမြင့်ဆုံးစံချိန်ချိုးခြင်း(သို့) နီးစပ်ခြင်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း သြစတြီးယားတွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာဦးရေ ၁၁,၄၀၀ဦးရှိခဲ့ရာ တစ်ရက်အတွင်း ပထမအကြိမ် ၁၀,၀၀၀အထက် ကျော်လွန်သွားခဲ့သည်။
ဟန်ဂေရီသည် နိုဝင်ဘာ ၁၀ ရက် တစ်ရက်တည်းတွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၈,၄၃၄ ဦး ရှိခဲ့ပြီး၊ ပြီးခဲ့သည့်ရက်သတ္တပတ် အရေအတွက်၏ နှစ်ဆဖြစ်ပြီး ဧပြီလနောက်ပိုင်းတွင် အမြင့်ဆုံးပမာဏ ဖြစ်ခဲ့သည်။

ချက်သမ္မတနိုင်ငံ၌ တစ်ရက်အတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၁၄,၅၃၉ ဦးအထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်ထက် ၄,၅၀၀ ခန့် တိုးလာကာ မတ်လလယ်နောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး ၊ ၇ ရက်ကြာ ကိုဗစ်ကူးစက်မှုနှုန်းသည် လူတစ်သိန်းလျှင် အတည်ပြုလူနာ ၅၅၈ ဦးအထိ မြင့်တက်ခဲ့သည်။ချက်သမ္မတနိုင်ငံ၌ တစ်ရက်အတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးစံချိန်သည် ဇန်နဝါရီ ၇ ရက်တွင် ၁၇,၇၇၆ ဦး ဖြစ်သည်။

WHO ၏စာရင်းဇယားများအရ၊ ဥရောပတွင် ထပ်တိုးကိုဗစ်ကူးစက်မှုအရေအတွက်သည် ၆ ပတ်ဆက်တိုက်တိုးလာခဲ့သည်။ဥရောပတိုက် အတွင်း နိုင်ငံပေါင်း ၅၀ ကျော်တွင် ကိုဗစ်ကပ်ရောဂါသည် စိုးရိမ်ရသောအဆင့်သို့ရောက် ရှိနေပြီး ဥရောပတိုက်သည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု ဗဟိုချက် တစ်ကျော့ပြန် ဖြစ်လာကြောင်း WHO ဒေသဆိုင်ရာရုံးမှ သတိပေးခဲ့သည်။ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများ ထပ်မံမလုပ်ဆောင်ပါက လာမည့်နှစ် ဖေဖော်ဝါရီတွင် ဥရောပတိုက်တွင် သေဆုံးမှု ၅၀၀,၀၀၀ ခန့် ထပ်မံတိုးလာနိုင်ကြောင်း ဥရောပဒေသဆိုင်ရာရုံးညွှန်ကြားရေးမှူး Hans Kluge က ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)
世卫组织:欧洲为全球唯一确诊和死亡病例双增加地区

新华社北京11月11日电 世界卫生组织10日发布的数据显示,过去一周欧洲新冠确诊病例增加7%,死亡病例增加10%,成为全球唯一确诊和死亡病例双增加的地区。

根据世卫组织发布的每周疫情报告,过去一周全球新增新冠确诊病例约310万例,比前一周增加约1%。其中,欧洲一周新增190万例,占比接近三分之二,比前一周增加7%。

就全球整体而言,过去一周新冠死亡病例比前一周减少4%。除了欧洲,其他地区死亡病例均有下降。
就国别而言,过去一周新增确诊病例最多的国家依次为美国、俄罗斯、英国、土耳其、德国。

俄罗斯10日通报24小时内新增38058例确诊病例,新增死亡病例1239例,再次刷新该国疫情暴发以来的单日新增死亡病例数纪录。
俄罗斯卫生部长米哈伊尔•穆拉什科10日在议会发言时说,俄罗斯多地医院的氧气储备最多只够用两天。
德国疾控机构罗伯特•科赫研究所10日报告,德国单日新增新冠确诊病例39676例,创疫情暴发以来最高纪录。德国7天新冠感染率也创下新高,达到每10万人新增232.1例确诊病例。

除了俄罗斯和德国,奥地利、捷克、斯洛伐克、匈牙利等不少欧洲国家10日通报的新冠病例数均突破或接近本国最高纪录。
奥地利过去24小时新增11400例确诊病例,单日数据首次过万。

匈牙利10日通报单日新增确诊病例8434例,比一周前翻倍,达到4月初以来最高。
捷克单日新增确诊病例数达到14539例,比一周前增加大约4500例,为3月中旬以来最高;7天新冠感染率达到每10万人新增558例。捷克单日新增病例最高纪录为1月7日报告的17776例。

据世卫组织统计,欧洲地区的新冠病例数已经连续6周增长。
世卫组织欧洲区域办事处4日警告说,区域内50余国的新冠疫情令人担忧,欧洲已再度成为新冠疫情“震中”。欧洲区域办事处主任汉斯•克卢格说,如果不进一步采取疫情防控措施,到明年2月前,欧洲可能再增加50万例新冠死亡病例。(郜婕)

图说1-11月10日,人们在德国法兰克福一处地铁站乘车。(新华社记者逯阳摄)
图说2-11月9日,人们在比利时布鲁塞尔一辆“疫苗巴士”前排队接种新冠疫苗。(新华社记者张铖摄)